သင်ယူလေ့လာမှု အကျိုးရလဒ်များ

သင်တန်းပြီးဆုံးပါက ပါဝင်တက်ရောက်သူများသည်-

  1. ယုံကြည်မှုနှင့် စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုကို အနက်အဓိပ္ပာယ် ဖွင့်နိုင်ပြီး ခွဲခြားသတ်မှတ်နိုင်ရမည်။

  2. ကျောင်းသားနှင့် ဆက်စပ်မှုရှိသော စိတ်ပိုင်းဆိုင်ရာ လုံခြုံမှု ကို မြှင့်တင်ပေးသည့် အချက်များကို ရှင်းပြနိုင်ရမည်။
  3.  
  4. ဆရာ/မများမှ စာသင်ခန်းအတွင်း စိတ်ပိုင်းဆိုင်ရာ လုံခြုံမှု မြှင့်တင်ရန် လုပ်ဆောင်နိုင်သည့် အဆင့်များကို ဖော်ပြနိုင်ရ မည်။
  5.  
  6. စိတ်ပိုင်းဆိုင်ရာလုံခြုံမှုကို မြှင့်တင်ပေးသည့် စာသင်ကျောင်း မူဝါဒများကို ဖော်ပြနိုင်ရမည်။

မှီငြမ်းကိုးကားချက်များ

• မော်ဒျူး ၅၊ လက်ကမ်းစာစောင်
• မော်ဒျူး ၅၊ အကြိုစစ်ဆေးခြင်း
• မော်ဒျူး ၅၊ သင်တန်းအပြီးစစ်ဆေးခြင်း
• မော်ဒျူး ၅၊ အဖြေများ
• သင်တန်းအကဲဖြတ်ဖောင်

မော်ဒျူးနိဒါန်း

အပြန်အလှန်ယုံကြည်မှုနှင့် စိတ်ပိုင်းဆိုင်ရာလုံခြုံမှုတို့ကို ဖန်တီးရန် စာသင်ကျောင်းအဖွဲ့အစည်း၏ အလွှာအဆင့်အားလုံး အတူတကွ လုပ်ဆောင်ရန် အရေးကြီးပါသည်။ ဆိုလိုသည်မှာ အဆိုပါအရည်အသွေးများသည် စာသင်ခန်းအတွင်းရှိ ဆရာ/မများနှင့် ကျောင်းသား/သူများကြားတွင်သာမက ဆရာ/မများနှင့် စာသင်ကျောင်းခေါင်းဆောင်များဖြစ်သည့် ကျောင်းအုပ်၊ လက်ထောက်ကျောင်းအုပ်နှင့် ဆရာ/မ ခေါင်းဆောင်များ အကြားတွင်လည်း ရှိသင့်သည် [၁၊၂]။ စာသင်ကျောင်းအဖွဲ့ဝင်များအားလုံးသည် ဝိုင်းဝန်းကူညီမှုရှိကြောင်းနှင့်လုံခြုံသည်ဟု ခံစားရသောအခါ၊ အဖွဲ့ဝင်များအားလုံးသည် ဘုံရည်မှန်းချက်များဆီသို့ အတူတကွ ပူးပေါင်းလုပ်ဆောင်ကြရန်နှင့် ကျန်းမာပြီး အကျိုးရှိသောသင်ယူမှုပတ်ဝန်းကျင်ကို အထောက်အကူပြုရန် အခွင့်အ လမ်းပိုများသည်။ ထို့အပြင်၊ ယုံကြည်မှုနှင့် စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုရှိကြောင်း မျှဝေခံစားရသည့်အခါတွက်၊ ပဋိပက္ခများကို ပိုမိုထိရောက်စွာ ဖြေရှင်းနိုင်ပြီး အချင်းချင်းဆက်ဆံပြောဆိုရေးတွင်လည်း ပိုမိုကောင်းမွန်လာပါသည် [၃]။ ကျောင်းသား/သူများသည်လည်း သူတို့၏ သင်ယူမှုတွင် အပြုသဘောဆောင် သော အရဲစွန့်မှုများလုပ်ဆောင်ရန်နှင့် သူတို့ကိုယ်သူတို့ထုတ်ဖော်ပြောဆိုရန် သက်တောင့်သက်သာ ခံစားရနိုင်ခြေပိုများပါသည်[၄]။​

ယုံကြည်မှုနှင့် စိတ်ပိုင်းဆိုင်ရာလုံခြုံမှုသည် ကြီးမားသောဒုက္ခပြဿနာများနှင့် ကြုံတွေ့နေရသော ကလေးများအတွက် ဦးစားပေးဖြစ်သည် [၅]။ ဥပမာအား ဖြင့် ဒုက္ခသည်ကလေးများသည် သူတို့၏နေ့စဉ်ဘဝတွင် လုံခြုံစိတ်ချရသည်ဟု ခံစားရရန် အခက်အခဲဖြစ်လေ့ရှိသည်။ စာသင်ကျောင်းပြင်ပသည် ကလေးများ၏ဘဝအတွက် မသေချာမရေရာမှုများပိုများသည်ဟု သတ်မှတ်ထားနိုင်သောကြောင့် စာသင်ကျောင်းအဖွဲ့အစည်းသည် သူတို့အတွက် ဘေးကင်းသောနေရာတစ်ခုအဖြစ် သတ်မှတ်နိုင်ရန် အလွန်အရေးကြီးပါသည်။ စာသင်ခန်းအတွင်း ယုံကြည်မှုနှင့် စိတ်ပိုင်းဆိုင်ရာလုံခြုံမှုကို တည်ဆောက်ခြင်းသည် ဤကလေးများကို ပိုမိုလုံခြုံပြီး ဝိုင်းဝန်းကူညီမှုရှိကြောင်းခံစားရစေရန် သူတို့၏ ပညာရေးနှင့် တစ်ကိုယ်ရေ အောင်မြင်မှုတို့ အပေါ် အပြုသဘောဆောင်သော အကျိုးသက်ရောက်မှုများရရှိရန် ကူညီပေးနိုင်သည် [၆]။


အထူးသဖြင့် စိတ်ဖိစီးမှုများသော ပတ်ဝန်းကျင်များတွင် ဆရာ/မများနှင့် ကျောင်းခေါင်းဆောင်များကြား ဆက်ဆံရေးကို ထိန်းသိမ်းရာတွင် ယုံကြည်မှုနှင့် စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုသည် မရှိမဖြစ် လိုအပ်ပါသည်။ ဤအခြေအနေများတွင်၊ တင်းမာမှုနှင့် ပဋိပက္ခများ ဖြစ်ပေါ်လာရန် လွယ်ကူနိုင်ပြီး ဤသို့ဖြစ်လာ ပါက စာသင်ကျောင်းအဖွဲ့အစည်းတစ်ခုလုံးအပေါ် အပျက်သဘောဆောင်သော သက်ရောက်မှုများ ရှိနိုင်သည်။ ဆရာ/မများနှင့် ကျောင်းခေါင်းဆောင် များအားလုံး ယုံကြည်မှုနှင့် စိတ်ပိုင်းဆိုင်ရာလုံခြုံမှုရှိသည်ဟု မျှဝေခံစားရသည့်အခါ၊ ပြဿနာများကို အဖြေရှာရန်နှင့် အပြုသဘောဆောင်သော စာသင်ကျောင်းယဉ်ကျေးမှုကို မြှင့်တင်ရန်အတွက် အတူတကွလုပ်ဆောင်ကြဖို့ ပိုမိုအားကောင်းစေပါသည်။ ယုံကြည်မှုနှင့် စိတ်ပိုင်းဆိုင်ရာလုံခြုံမှုရှိသော ပတ်ဝန်းကျင်ကို ဖန်တီးခြင်းဖြင့် ဆရာ/မများနှင့် ကျောင်းခေါင်းဆောင်များသည် ကောင်းမွန်သော အချင်းအချင်းဆက်ဆံပြောဆိုမှု၊ ပြဿနာအဖြေ ရှာခြင်းနှင့် ပဋိပက္ခဖြေရှင်းခြင်းတို့ကို စံနမူနာအဖြစ်ဆောင်ရွက်ပြနိုင်ပြီး ၎င်းသည်ကျောင်းအဖွဲ့အစည်းတစ်ခုလုံးအပေါ် အပြုသဘောဆောင်သော အကျိုး သက်ရောက်မှုများ ရှိနိုင်သည် [၇၊ ၈]။



ကိုးကားချက်များ

1. Shahid, S. & Din, M. Fostering psychological safety in teachers: The role of school leadership, team effectiveness & organizational culture. International Journal of Educational Leadership and Management [Internet]. 2021 Jul [cited 2023 Apr 5];9(2):122-49. Available from:
https://www.hipatiapress.com/hpjournals/index.php/ijelm/article/view/6317 DOI: 10.17583/ijelm.2021.6317

2. Wanless, SB. The role of psychological safety in human development. Res Hum Dev [Internet]. 2016 Mar [cited 2023 Apr 5];13(1):6-14. Available from: https://www.tandfonline.com/doi/abs/10.1080/15427609.2016.1141283
DOI: 10.1080/15427609.2016.1141283

3. Newman A, Donohue R, Eva N. Psychological safety: A systematic review of the literature. Hum Resour Manag Rev [Internet]. 2017 Sep [cited 2023 Apr 5];27(3):521-35. Available from:
https://www.sciencedirect.com/science/article/pii/S1053482217300013 DOI: 10.1016/j.hrmr.2017.01.001

4. Tu X. The role of classroom culture and psychological safety in EFL students’ engagement. Front Psychol [Internet]. 2021 Sep [cited 2023 Apr 5];12:1-5. Available from:
https://www.frontiersin.org/articles/10.3389/fpsyg.2021.760903
DOI: 10.3389/fpsyg.2021.760903

5. Veck W, Wharton J. Refugee children, trust and inclusive school cultures. Int J Incl Educ [Internet]. 2021 [cited 2023 Apr 5];25(2):210-23. Available from: https://www.tandfonline.com/doi/abs/10.1080/13603116.2019.1707304?journalCode=tied20 DOI: 10.1080/13603116.2019.1707304

6. Borsch AS, Vitus K, Skovdal M. School caringscapes: Understanding how time and space shape refugee and immigrant adolescents’ caring practices and wellbeing in Danish schools. Wellbeing Space Soc [Internet]. 2021 [cited 2023 Apr 5];2:1-11. Available from:
https://www.sciencedirect.com/science/article/pii/S2666558120300014 DOI: 10.1016/j.wss.2020.100001

7. Dollard MF, Tuckey MR, Dormann C. Psychosocial safety climate moderates the job demand–resource interaction in predicting workgroup distress. Accid Anal Prev [Internet]. 2012 Mar [cited 2023 Apr 5];45:694-704. Available from:
https://www.sciencedirect.com/science/article/abs/pii/S000145751100279X DOI: 10.1016/j.aap.2011.09.042

8. Kim S, Lee H, Connerton TP. How psychological safety affects team performance: Mediating role of efficacy and learning behavior. Front Psychol [Internet]. 2020 Jul [cited 2023 Apr 5];11:1-15. Available from: https://www.frontiersin.org/articles/10.3389/fpsyg.2020.01581
DOI: 10.3389/fpsyg.2020.01581



အဓိက အယူအဆ သဘောထားအမြင်များ

KEYCONCEPTICON - Trust
ယုံကြည်မှု
ယုံကြည်မှုဆိုသည်မှာ အခြားသောသူတစ်ယောက်က အနာဂတ်တွင် သင်၏အကျိုးစီးပွားအတွက် လုပ်ဆောင်ပေးမည့်အရာကို ယုံကြည်ချက် (သို့) မျှော်လင့်ချက်ဖြစ်သည်။


KEYCONCEPTICON - Psychological safety
စိတ်ပိုင်းဆိုင်ရာလုံခြုံမှု
စိတ်ပိုင်းဆိုင်ရာလုံခြုံမှုဆိုသည်မှာ လူတစ်ဦးချင်းစီသည် သူတို့ကိုယ်သူတို့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခြင်းကြောင့် သူတို့၏ကိုယ်ပိုင်ပုံရိပ်၊ လူမှုအဆင့်အတန်း (သို့)အသက်မွေးဝမ်းကြောင်းများအပေါ် အပျက်သဘောဆောင်သော အကျိုးဆက်များရှိလာမည်ကို ကြောက်ရွံ့မှုမရှိဘဲ ထုတ်ဖော်နိုင်သည့် ခံယူချက်ဖြစ်သည်။


၅.၁၊ ယုံကြည်မှုနှင့် စိတ်ပိုင်းဆိုင်ရာလုံခြုံမှု ဆိုသည်မှာအဘယ်နည်း။

ယုံကြည်မှုနှင့် စိတ်ပိုင်းဆိုင်ရာလုံခြုံမှုဟာ ကောင်းမွန်ပြီး ထိရောက်မှုရှိသော သင်ယူမှုပတ်ဝန်းကျင်ကို တည်ဆောက်ရန်အတွက် အခြေခံကျတဲ့ အယူအဆများဖြစ်ပါတယ်။ အစပြိုးရန်အတွက်၊ ဤသဘောတရားများကို စေ့စေ့စပ်စပ်ဖော်ပြထားသော ဗီဒီယိုနှစ်ခုကို ကြည့်ရအောင်။ ပထမဗီဒီယိုက ယုံကြည်မှုနှင့် စိတ်ပိုင်းဆိုင်ရာလုံခြုံမှုကြား ကွဲပြားသည့်အချက်များနဲ့ ၎င်းတို့အကြား မည်သို့ဆက်စပ်မှုရှိကြောင်း ရှင်းပြထားပါတယ်။ ဒုတိယဗီဒီယိုက စိတ်ပိုင်းဆိုင်ရာလုံခြုံမှုရဲ့ သဘောတရားများကို ပိုမိုဖော်ပြသွားမည်ဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာလုံခြုံမှုမြင့်မားနေသည့် (သို့) နိမ့်ကျနေသည့်အခါ ဖြစ်ပျက်တတ်သည့်အရာများကို သရုပ်ဖော်ခြင်းဖြင့် စာသင်ခန်းများတွင် ထပ်ဖြည့်နိုင်သည့်တန်ဖိုးကို မီးမောင်းထိုးဖော်ပြထားပါသည်။

ပြန်လည်လေ့လာခြင်းနှင့် ပြန်လည်သုံးသပ်ခြင်း - ဉာဏ်စမ်းချိန်!

ယုံကြည်မှုနှင့် စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုတို့နဲ့ဆိုင်တဲ့ ဗီဒီယိုများကို ကြည့်ရှုပြီးသွားတဲ့နောက်၊ သင့်ရဲ့ ဗဟုသုတအသစ်ကို ပိုမိုနားလည်နိုင်ဖို့ ဉာဏ်စမ်းတစ်ခု ဖြေရန်အတွက် အချိန်ကျရောက်လာပါပြီ။ ဒီဉာဏ်စမ်းမေးခွန်းရဲ့ ရည်ရွယ်ချက်ကတော့ ဗီဒီယိုများမှာပါရှိတဲ့ အဓိက သဘောတရားများကို ပြန်လည်မှတ်မိ စေရန်နဲ့ ပြန်လည်သုံးသပ်စေရန် ကူညီပေးဖို့ဖြစ်တာကြောင့်၊ အကယ်၍ ဒီသဘောတရားတွေကို နားလည်ဖို့ အချိန်ယူဖို့လိုအပ်ပါက စိတ်မပူပါနဲ့။


အရမ်းကောင်းပါတယ်! ယုံကြည်မှုနှင့် စိတ်ပိုင်းဆိုင်ရာမှုနဲ့ပတ်သက်တဲ့ ဉာဏ်စမ်းကို သင်ပြီးအောင်ဖြေဆိုပြီးပါပြီ။ သင်နားလည်ထားတဲ့ ဒီသဘောတရား တွေကို ပိုမိုရှင်းလင်းစေလိမ့်မယ်လို့ ကျွန်ုပ်တို့ မျှော်လင့်ပါတယ်။ ယုံကြည်မှုနှင့် စိတ်ပိုင်းဆိုင်ရာလုံခြုံမှုဟာ ပုဂ္ဂိုလ်ရေးဆိုင်ရာ ပညာရေးဆိုင်ရာနဲ့ ကျွမ်းကျင်အသက်မွေးလမ်းကြောင်းဆိုင်ရာနယ်ပယ်များမှာ ကောင်းမွန်ပြီး အကျိုးဖြစ်ထွန်းသော ဆက်ဆံရေးတည် ဆောက်ဖို့အတွက် အရေးပါတဲ့အချက် ဖြစ်ကြောင်း သတိရပါ။ ဤအရည်အသွေးများကို ပြုစုပျိုးထောင်ခြင်းဖြင့်၊ လူအများ မိမိတို့ကိုယ်ကို ထုတ်ဖော်ပြောဆိုရန်နှင့် စွန့်စားမှုတို့ကိုလုပ်ဆောင်ရန် သက်သောင့်သက်သာခံစားရသည့် ပတ်ဝန်းကျင်ကိုသင်ဖန်တီးနိုင်ပါတယ်၊ ၎င်းသည် ပိုမိုကောင်းမွန်သောဆက်ဆံပြောဆိုမှုနှင့် ပိုကောင်းသောရလဒ်များကို ရရှိစေနိုင်ပါတယ်။


၅.၂၊​ စိတ်ပိုင်းဆိုင်ရာလုံခြုံမှုကို ဘယ်လိုမြှင့်တင်နိုင်မလဲ။

ကျွန်ုပ်တို့ ယုံကြည်မှုနှင့်စိတ်ပိုင်းဆိုင်ရာလုံခြုံမှုဆိုင်ရာ သဘောတရားများကိုလေ့လာခဲ့ပြီးပြီဆိုတော့၊ အခုဒီ အရည်အသွေးတွေကို စာသင်ခန်းမှာ ဘယ်လိုပြိုးထောင်နိုင်မလဲဆိုတာကိုလေ့လာကြရအောင်။ အောက်ပါ ဗီဒီယိုတိုလေးခုမှာ၊ ကျောင်းသား/သူများရဲ့ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုကိုမြှင့်တင်ပေးတဲ့ အချက်များနှင့်အတူ ဆရာ/မများအနေနဲ့ ရုပ်ပိုင်းဆိုင်ရာ အခင်းအကျင်းများ၊ စိတ်ခံစားမှုပိုင်းဆိုင်ရာပတ်ဝန်းကျင် အခြေအနေ၊ အချိန်အခါနဲ့ စိတ်ပိုင်းဆိုင်ရာ အလေ့အထများမှ တစ်ဆင့် စိတ်ပိုင်းဆိုင်ရာလုံခြုံမှုကို ဘယ်လိုမြှင့်တင်ပေးနိုင်မလဲဆိုတာ စူးစမ်းလေ့လာကြရအောင်။

ယုံကြည်မှုနှင့် စိတ်ပိုင်းဆိုင်ရာလုံခြုံမှု မြှင့်တင်ရေးလုပ်ဆောင်မှု

ဤကဏ္ဍမှာတော့၊ ယုံကြည်မှုနှင့် စိတ်ပိုင်းဆိုင်ရာလုံခြုံမှုကို စာသင်ခန်းအတွင်းလေ့ကျင် လုပ်ဆောင်ချက်လျှင် ဘယ်လိုပုံစံရှိနိုင်ကြောင်း သရုပ်ပြထားတဲ့ ဒိုင်ယာလော့ခ်ကတ်များကို ကျွန်ုပ်တို့ လေ့လာကြရအောင်။ ကတ်တစ်ခုစီမှာ ယုံကြည်မှုနှင့် စိတ်ပိုင်းဆိုင်ရာလုံခြုံမှုကို စာသင်ခန်းပတ်ဝန်းကျင်တွင် ဘယ်လိုမြှင့်တင်နိုင်မလဲဆိုတာကို မီးမောင်းထိုးပြတဲ့  ဇာတ်လမ်းဥပမာတစ်ခုစီပါရှိပါသည်။ ဒီဥပမာတွေကို ဆန်းစစ်လေ့လာခြင်းဖြင့်၊ သင့်ရဲ့ကျောင်းသား များအတွက် ဘေးကင်းလုံခြုံပြီး အထောက်အကူဖြစ်စေတဲ့ သင်ကြားရေးပတ်ဝန်းကျင်ကို ဖန်တီးနိုင်တဲ့ မတူညီသောနည်းလမ်းများကို ပိုမိုကောင်းမွန်စွာ နားလည်သဘောပေါက်လာမည်ဖြစ်ပါတယ်။


ဤဒိုင်ယာလော့ခ်ကတ်တွေက သင့်ရဲ့စာသင်ခန်းအတွင်း ယုံကြည်မှုနှင့်စိတ်ပိုင်းဆိုင်ရာလုံခြုံမှုကို မြှင့်တင်နိုင်တဲ့နည်းလမ်းများကို လက်တွေ့ကျတဲ့နမူနာများနဲ့ ဖော်ပြပေးမယ်လို့ ကျွန်ုပ်တို့ မျှော်လင့်ပါတယ်။ လုံခြုံသော ရုပ်ပိုင်းဆိုင်ရာပတ်ဝန်းကျင်ကို ပံ့ပိုးပေးခြင်း၊ ပံ့ပိုးကူညီပေးသည့် စိတ်ခံစားမှုဆိုင်ရာ ပတ်ဝန်း ကျင်အခြေအနေအချိန်အခါများကို ဖန်တီးခြင်းနှင့် အပြုသဘောဆောင်သော စိတ်ပိုင်းဆိုင်ရာ အလေ့အကျင့်ကို ပျိုးထောင်ခြင်းကဲ့သို့သော နည်းဗျူ ဟာများကို အကောင်အထည်ဖော်ခြင်းဖြင့်၊ ကျောင်းသား/သူများ သူတို့ကိုယ်သူတို့ ထုတ်ဖော်ပြောဆိုရန်နဲ့ အရဲစွန့်ရန်အတွက် အဆင်ပြေစေမည့် သင်ယူမှု ပတ်ဝန်းကျင်ကို ဖန်တီးပေးနိုင်ပါတယ်။ ယုံကြည်မှုနှင့် စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုကို တည်ဆောက်ရာတွင် အချိန်ယူပြီးနှင့် ကြိုးစားအားထုတ်မှုရှိရန် လိုအပ်သော်လည်း ထိုသို့ပြုလုပ်ခြင်း၏ အကျိုးကျေးဇူးများသည် အလွန်ထိုက်တန်ကြောင်း သတိရပါ။ သင့်ရဲ့စာသင်ခန်းအတွင်း ယုံကြည်မှုနှင့် စိတ်ပိုင်းဆိုင် ရာလုံခြုံမှုကို မွေးမြူပေးခြင်းဖြင့်၊ သင်၏ကျောင်းသားများသည် သင်ယူမှုကို ချစ်မြတ်နိုးပြီး သူတို့၏ စွမ်းရည်ပြည့်ဝလာစေရန် ကူညီပေးနိုင် ပါတယ်။


၅.၃၊ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုကို မြှင့်တင်ရန် စာသင်ကျောင်းများက ဘာလုပ်နိုင်ပါသလဲ။

ကျောင်းသား/သူများအတွက် စိတ်ပိုင်းဆိုင်ရာလုံခြုံမှုကို မြှင့်တင်ပေးသည့်အပြင် ဆရာ/မများအတွက် စိတ်ပိုင်းဆိုင်ရာ လုံခြုံသော အလုပ်ပတ်ဝန်းကျင်ကို လည်း ဖန်တီးပေးရန် အရေးကြီးပါတယ်။ ဤဗီဒီယိုတွင်၊ စာသင်ကျောင်းများမှ ဆရာ/မများအတွက် စိတ်ပိုင်းဆိုင်ရာလုံခြုံမှုကိုမြှင့်တင်ဖို့ရန်အတွက် ဘယ်လိုလုပ်ဆောင်နိုင်ဆိုတာကို ကျွန်ုပ်တို့လေ့လာကြရပါမယ်။ ဆရာ/မများ၏ သုခပျော်ရွှင်မှု ၊ အလုပ်အကိုင်အပေါ် စိတ်ကျေနပ်မှုနှင့် လုပ်ငန်းစွမ်းဆောင် ရည်တို့အပေါ်  စိတ်ပိုင်းဆိုင်ရာ ဘေးကင်းလုံခြုံသော အလုပ်ပတ်ဝန်းကျင်၏ အကျိုးသက်ရောက်မှုကို ကျွန်ုပ်တို့ဆန်းစစ်မည်ဖြစ်ပြီး၊ ထိုကဲ့သို့သော ပတ်ဝန်းကျင် ကို ဖန်တီးရန်အတွက် စာသင်ကျောင်းများ လက်တွေ့အကောင်အထည်ဖော်နိုင်သည့် သီးခြားနည်းဗျူဟာများကို လေ့လာကြပါမယ်။


၅.၄ အတူတကွ သင်ယူလေ့လာြခင်း - ဆရာ/မများနှင့် ကျောင်းသား/သူများအတွက် စိတ်ပိုင်းဆိုင်ရာ လုံခြုံမှု

ဒီဆက်ရှင်ကို အဆုံးသတ်ဖို့အတွက် ကျွန်ုပ်တို့အသင်းက ပါဝင်သူတွေကို ကျွန်ုပ်တို့ပို့ချပြီးတဲ့ အကြောင်းအရာကို ဆွေးနွေးခွင့်ပေးပြီး ဒီသဘောတရားတွေကို သူတို့ရဲ့ ကိုယ်ပိုင်သင်ကြားရေး အလေ့အကျင့်မှာ ဘယ်လို့ထည့်သွင်းအသုံးပြုနိုင်မလဲဆိုတာကို သုံးသပ်ခွင့်ပေးမယ့် အုပ်စုလိုက် သင်ကြားရေးလှုပ်ရှားမှုနှစ်ခုကို ရေးဆွဲထားပါတယ်။ ဒီလှုပ်ရှားမှုတွေကို သူတို့ကို စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုအကြောင်း နားလည်ဖို့နဲ့ ကျောင်းအသိုင်းအဝိုင်းတစ်ခုလုံးအတွက် စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုကို မြှင့်တင်ပေးနိုင်ဖို့ ဆရာ/မတွေနဲ့ ကျောင်းခေါင်းဆောင်တွေအနေနဲ့ သူတို့ လုပ်နိုင်တဲ့ အဆင့်တွေအကြောင်း ဆွေးနွေးရာမှာ ကူညီပေးဖို့ ရေးဆွဲထားတာဖြစ်ပါတယ်။ ဒီလှုပ်ရှားမှုတွေက သင့်ပါဝင်သူတွေကို ကျောင်းသား/သူနဲ့ ဆရာ/မတွေအားလုံးအတွက် လုံခြုံပြီး ကူညီပံ့ပိုးမှုရှိတဲ့အပြင် အားပေးအားမြောက်ဖြစ်စေတဲ့ လေ့လာသင်ကြားရေး ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးနိုင်ဖို့အတွက် နှိုးဆောင်နိုင်မယ်လို့ ကျွန်ုပ်တို့ မျှော်လင့်ပါတယ်။


လှုပ်ရှားမှု ၁ - ငါဒါကို လုပ်နိုင်လား။

ငါဒါကို လုပ်နိုင်လား’ မှာ ပါဝင်သူတွေက စာသင်ခန်းထဲမှာ ကျောင်းသားတွေ တွေ့ကြုံကောင်းတွေ့ကြုံနိုင်တဲ့ လက်တွေ့ဘ၀ အခြေအနေတွေကို ထင်ဟပ်စေတဲ့ အခန်းကဏ္ဍတွေအပေါ် တုံ့ပြန်မှုကို လေ့ကျင့်ဖို့ အခွင့်အရေးရရှိမှာဖြစ်ပါတယ်။ ပြုမူသရုပ်ဆောင်မှုကနေတစ်ဆင့် ဆရာ/မ တစ်ယောက်ရဲ့ တုံ့ပြန်မှုတစ်ခုက ကျောင်းသား/သူရဲ့ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုအပေါ် သက်ရောက်နိုင်တဲ့ နည်းလမ်းအမျိုးမျိုးကို သူတို့ စူးစမ်းရှာဖွေသွားမှာဖြစ်ပါတယ်။ ပြီးရင်တော့ သူတို့ရဲ့ ကျောင်းသား/သူနှင့် ဆရာ/မ အနေနဲ့ ပြုမူသရုပ်ဆောင်တဲ့ အတွေ့အကြုံအပေါ် သုံးသပ်ဖို့ အုပ်စုဆွေးနွေးမှုတစ်ခုကို ပြုလုပ်သွားမှာဖြစ်ပြီး စာသင်ခန်းထဲမှာ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုကို မြှင့်တင်ပေးဖို့အတွက် အဆင့်တွေကို ရှာဖွေသွားမှာဖြစ်ပါတယ်။ ဒီလှုပ်ရှားမှုကို ပါဝင်သူတွေအတွက် စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုအပေါ် သူတို့ရဲ့နားလည်မှုကို နက်နဲစေဖို့နဲ့ ကျောင်းသား/သူအားလုံးအတွက် လုံခြုံပြီး ကူညီပံ့ပိုးမှုရှိတဲ့ သင်ကြားရေး ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးရာမှာ ကူညီပေးဖို့ ရေးဆွဲထားခြင်းဖြစ်ပါတယ်။ 


ငါဒါကို လုပ်နိုင်လား။

ပို့ချသူတစ်ဦးအနေနဲ့ ဒီလှုပ်ရှားမှုမှာ သင့်တာဝန်က ပါဝင်သူတွေကို ကျောင်းသား/သူတွေအပေါ် တုံ့ပြန်မှုဆိုင်ရာ နည်းလမ်းအမျိုးမျိုးကို စမ်းသုံးကြည့်တဲ့ ပြုမူသရုပ်ဆောင်မှု လေ့ကျင့်တစ်ခုတစ်လျှောက် လမ်းညွှန်ပေးဖို့ဖြစ်ပါတယ်။ ပါဝင်သူတွေအနေနဲ့ ဆရာ/မရဲ့ တုံ့ပြန်မှုက ကျောင်းသား/သူရဲ့ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုအပေါ် ဘယ်လိုသက်ရောက်နိုင်လဲဆိုတဲ့အပေါ် စူးစမ်းရှာဖွေရာမှာ သင်က ကူညီပေးရပါမယ်။ ပြုမူသရုပ်ဆောင်မှုပြီးတဲ့အခါ သင်က ပါဝင်သူတွေကို ကျောင်းသား/သူတွေနဲ့ ဆရာ/မ နှစ်မျိုးလုံးအနေနဲ့ သူတို့ရဲ့ အတွေ့အကြုံတွေအပေါ် သုံးသပ်ရာမှာ ကူညီပေးဖို့ အုပ်စုဆွေးနွေးမှုတစ်ခုကို ဦးဆောင်ပြီး စာသင်ခန်းထဲမှာ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုကို မြှင့်တင်ဖို့အတွက် နည်းဗျူဟာတွေကို ရှာဖွေဖော်ထုတ်ဖို့ အတူတကွ အလုပ်လုပ်ရပါမယ်။

အကြံပြုထားသော နည်းလမ်း

၁။ သင့်ပါဝင်သူတွေကို အတွဲလိုက် ခွဲပေးပြီး သူတို့အနေနဲ့ စိတ်ဒုက္ခရောက်နေတဲ့ ကျောင်းသား/သူတစ်ဦးအပေါ် မတူညီတဲ့ တုံ့ပြန်မှုနည်းလမ်းနှစ်မျိုးကို ပြုမူသရုပ်ဖော်ရမှာဖြစ်ကြောင်း ရှင်းပြပါ။ ပါဝင်သူတစ်ဦးက ဆရာအနေနဲ့ သရုပ်ဆောင်ပြီး နောက်တစ်ဦးက စိတ်ဒုက္ခရောက်နေတဲ့ ကျောင်းသားအဖြစ် သရုပ်ဆောင်ရပါမည်။

၂။ သင့်ပါဝင်သူတွေကို အတွဲလိုက် ခွဲပေးပြီး သူတို့အနေနဲ့ စိတ်ဒုက္ခရောက်နေတဲ့ ကျောင်းသား/သူတစ်ဦးအပေါ် မတူညီတဲ့ တုံ့ပြန်မှုနည်းလမ်းနှစ်မျိုးကို ပြုမူသရုပ်ဖော်ရမှာဖြစ်ကြောင်း ရှင်းပြပါ။ ပါဝင်သူတစ်ဦးက ဆရာအနေနဲ့ သရုပ်ဆောင်ပြီး နောက်တစ်ဦးက စိတ်ဒုက္ခရောက်နေတဲ့ ကျောင်းသားအဖြစ် သရုပ်ဆောင်ရပါမည်။

၃။ အောက်မှာပြထားတဲ့ ပုံဆလိုက်ဒါထဲမှာ အခန်းကဏ္ဍနဲ့ ကျောင်းသား/သူအပေါ် တုံ့ပြန်မယ့် နည်းလမ်းနှစ်နည်းကို တင်ဆက်ပေးပါ။ အခန်းကဏ္ဍ A ကတော့ ယုံကြည်မှုနှင့် စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုကို ဖန်တီးဖို့ မဖြစ်နိုင်ခြေများတဲ့ တုံ့ပြန်ချက်တစ်ခုဖြစ်ပြီး အခန်းကဏ္ဍ B ကတော့ ဖန်တီးပေးမယ့် တုံ့ပြန်ချက်ဖြစ်ပါတယ်။ အတွဲတစ်တွဲစီက အခန်းကဏ္ဍအပေါ် တုံ့ပြန်နည်းနှစ်မျိုးလုံးကို ပြုမူသရုပ်ဖော်ရမှာဖြစ်ပြီး နောက်အခန်းကဏ္ဍတစ်ခုကို ပြောင်းတဲ့အခါ သူတို့ရဲ့ သရုပ်ဆောင်ရမယ့် ဇာတ်ကောင်ကို ပြောင်းရပါမယ်။


၄။ ပါဝင်သရုပ်ဆောင်မှုအပြီး ဆွေးနွေးမှုတစ်ခုကို ပြုလုပ်ပါ။ ပါဝင်သူတွေကို ပါဝင်သရုပ်ဆောင်မှုအတွင်းမှာ သူတို့ရဲ့ အတွေ့အကြုံတွေအပေါ် သုံးသပ်ဖို့နှင့် သူတို့ရဲ့ကျောင်းသားတွေအတွက် စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုကို မြှင့်တင်နိုင်ဖို့အတွက် ထိရောက်တဲ့ နည်းဗျူဟာတွေကို ရှာဖွေဖော်ထုတ်ရာမှာ ကူညီပေးပါ။

● အခန်းကဏ္ဍ A နှင့် အခန်းကဏ္ဍ B ကို သရုပ်ဆောင်တဲ့အခါမှာ ဘယ်လိုခံစားခဲ့ရပါသလဲ။

● သင်ကျောင်းသား/သူတစ်ယောက် ဖြစ်ခဲ့တုန်းက ဆင်တူတဲ့ အတွေ့အကြုံတွေ ခံစားခဲ့ရလား။ သင့်ဆရာ/မထံကနေ ဘယ်တုံ့ပြန်မှုတွေက အကူအညီဖြစ်စေခဲ့ပြီး ဘယ်တုံ့ပြန်မှုတွေက အကူအညီမဖြစ်စေခဲ့ပါသလဲ။

● သင့်စာသင်ခန်းထဲမှာ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုကို မြှင့်တင်ဖို့အတွက် နည်းလမ်းတစ်ခုခုကို ကျင့်သုံးခဲ့ဖူးလား။ ဘယ်လိုရလဒ်မျိုး ရရှိခဲ့လဲ။

● 
အစောပိုင်းက ဗီဒီယိုတွေအပေါ် အခြေခံပြီး သင့်စာသင်ခန်းထဲမှာ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုကို မြှင့်တင်ပေးဖို့ သင်လုပ်နိုင်တဲ့ အခြားနည်းလမ်းတွေက ဘာဖြစ်မလဲ။



လှုပ်ရှားမှု ၂ - စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုကို အိပ်မက်အဖြစ်ကနေ လက်တွေ့ဖြစ်လာအောင် ဖန်တီးခြင်း

စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုကို အိပ်မက်အဖြစ်ကနေ လက်တွေ့ဖြစ်လာအောင် ဖန်တီးခြင်း’ မှာ ပါဝင်သူတွေက ကျောင်းအသိုင်းအဝိုင်းမှာ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုကို မြှင့်တင်ဖို့အတွက် နည်းဗျူဟာစာရင်းတစ်ခုကို ဖန်တီးဖို့ ပူးပေါင်းလုပ်ဆောင်ရပါမယ်။ သေးငယ်တဲ့ အုပ်စုဆွေးနွေးမှုတွေကနေတစ်ဆင့် ပါဝင်သူတွေက အလားအလာရှိတဲ့ နည်းဗျူဟာတွေနဲ့ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုကို မြှင့်တင်ဖို့ လိုအပ်တဲ့ အရင်းအမြစ်တွေကို ဖော်ထုတ်ရပါမယ်။ နောက်ဆက်တွဲ လူတိုင်းပါဝင်တဲ့ ဆွေးနွေးပွဲတစ်ခုမှာ ပါဝင်သူတွေက နည်းဗျူဟာတစ်ခုစီရဲ့ ဖြစ်နိုင်ခြေကို စိစစ်အကဲဖြတ်ပြီး ၎င်းတို့ကို အကောင်အထည်ဖော်ဖို့အတွက် ပူးပေါင်းကြိုးစားမှုဖြင့် လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ လှုပ်ရှားမှုအပြီးမှာ ပါဝင်သူတွေက သူတို့ရဲ့ ကျောင်းအသိုင်းအဝိုင်းမှာ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုကို မြှင့်တင်ရေးအတွက် လက်တွေ့လုပ်နိုင်တဲ့ အစီအစဉ်တစ်ခုကို ရရှိသွားမှာဖြစ်ပါတယ်။

စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုကို အိပ်မက်အဖြစ်ကနေ လက်တွေ့ဖြစ်လာအောင် ဖန်တီးခြင်း

ပို့ချသူတစ်ဦးအနေနဲ့ သင်က ပါဝင်သူတွေကို အုပ်စုသေးတွေထဲမှာ ဗျူဟာဖော်ထုတ်ရေး လေ့ကျင့်ခန်းတစ်ခုကနေတစ်ဆင့် အရင်ဆုံး လမ်းညွှန်ပေးသွားရပါမယ်။ သင်က ပါဝင်သူတွေကို ကျောင်းသား/သူနဲ့ ဆရာ/မတွေအတွက် စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုရှိတဲ့ ကျောင်းပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးဖို့ အလားအလာရှိတဲ့ နည်းဗျူဟာတွေကို ရှာဖွေဖော်ထုတ်ဖို့ ကူညီပေးပြီး အကောင်အထည်ဖော်ဖို့အတွက် လိုအပ်တဲ့ အရင်းအမြစ်တွေအကြောင်းကို ဆွေးနွေးပေးရပါမယ်။ သင်က ပါဝင်သူတွေကို သူတို့ရဲ့ ထင်မြင်ချက်တွေ ဝေမျှပေးဖို့ တိုက်တွန်းအားပေးပြီး ဆွေးနွေးခဲ့တဲ့ နည်းဗျူဟာတွေကို စာရွက်စာတမ်းနဲ့ မှတ်တမ်းတင်ထားရပါမယ်။ ပြီးရင်တော့ သူတို့ရဲ့ အကြုံပြုထားတဲ့ နည်းဗျူဟာတွေကို ဦးစားပေးရွေးချယ်ပြီး အသေးစိတ်ပြင်ဆင်ဖို့နဲ့ ဘယ်နည်းဗျူဟာက အကောင်အထည်ဖော်ဖို့အတွက် ဖြစ်နိုင်ခြေရှိကြောင်း ဆုံးဖြတ်ဖို့အတွက် သင့်အနေနဲ့ လူတိုင်းပါဝင်တဲ့ ဆွေးနွေးမှုတစ်ခုကို ပြုလုပ်ပေးရပါမယ်။ သင့်တာဝန်ကတော့ ပါဝင်သူတွေကို သူတို့ရဲ့ အတွေးအမြင်တွေနဲ့ ထင်မြင်ယူဆချက်တွေ ဝေမျှပေးဖို့အတွက် လုံခြုံပြီး လူမျိုးစုံပါဝင်မှုရှိစေတဲ့ နေရာတစ်ခုကို ဖန်တီးပေးဖို့နဲ့ အုပ်စုကို သူတို့ရဲ့ ကျောင်းမှာ စိတ်ပိုင်းဆိုင်ရာ လုံခြုံရေးကို မြှင်တင်ပေးမယ့် လက်တွေ့လုပ်နိုင်တဲ့ ဖြေရှင်းနည်းတွေရအောင် ကူညီလမ်းညွှန်ပေးဖို့ဖြစ်ပါတယ်။

ပါဝင်သည့်ပစ္စည်းများ

၀ှိုက်ဘုတ် ကော် သို့မဟုတ် တိပ် အရောင်ဆိုးထားသော စာရွက်များ  မာကာများ










နည်းဗျူဟာ ရှာဖွေခြင်း

၁။ ပါဝင်သူတွေကို သုံးယောက်ကနေ လေးယောက်အထိပါတဲ့ အုပ်စုလိုက် ခွဲပေးပါ။ သင့်ပါဝင်သူတွေကို ဒီလှုပ်ရှားမှုရဲ့ ရည်ရွယ်ချက်က သူတို့ရဲ့ကျောင်းမှာ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုကို မြှင့်တင်ပေးဖို့အတွက် သူတို့တစ်ဦးတည်းအနေနဲ့ဖြစ်စေ၊ ကျောင်းအသိုင်းအဝိုင်းတစ်ခုလုံးအနေနဲ့ဖြစ်စေ လုပ်နိုင်တဲ့ အလားအလာရှိ နည်းဗျူဟာစာရင်းကို ဖန်တီးဖို့ဖြစ်ကြောင်း ရှင်းပြပါ။ 


၂။ အောက်ပါ မေးမြန်းခိုင်းစေမှုတွေနဲ့အတူ သင့်ပါဝင်သူတွေကို သူတို့ရဲ့ကျောင်းမှာ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုကို မြှင့်တင်ပေးဖို့ အသုံးပြုနိုင်တဲ့ အလားအလာရှိ နည်းဗျူဟာတွေအတွက် သူတို့ရဲ့ အတွေးအခေါ်တွေကို ဝေမျှပေးဖို့ တိုက်တွန်းအားပေးပါ။ အတွေးအခေါ်တစ်ခုစီကို ၎င်းရဲ့ အရောင်ဆိုးထားတဲ့ သီးခြားစာရွက်ပေါ်မှာ ရေးမှတ်ပါ။


 ● 
ဆရာ/မတွေရဲ့ စိတ်ပိုင်းဆိုင်ရာ သုခပျော်ရွှင်မှုကို အကျိုးရှိရှိနဲ့ အချိန်မီ မြှင့်တင်နိုင်ဖို့ ကျောင်းအနေနဲ့ ဘာတွေလုပ်နိုင်ပါသလဲ။ ဒီလိုလုပ်ဖို့ ဆရာ/မတွေ၊ ကျောင်းနှင့် အခြားသူတွေထံကနေ ဘယ်လိုအရင်းအမြစ်တွေလိုပါသလဲ။


 ● 
ကျွန်ုပ်ရဲ့ စာသင်ခန်းထဲမှာ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုကို မြှင့်တင်ပေးဖို့ ဘာလုပ်နိုင်ပါသလဲ။ ဒီလိုလုပ်ဖို့ ဆရာ/မတွေ၊ ကျောင်းနှင့် အခြားသူတွေထံကနေ ဘယ်လိုအရင်းအမြစ်တွေလိုပါသလဲ။


၃။ လူတိုင်းက ဝေမျှပြီးတဲ့အခါ ဒီဆွေးနွေးမှုအပြီးမှာ ပါဝင်သူအားလုံးနဲ့ ပြန်လည်အဖွဲ့ဖွဲ့ပါ။

အုပ်စုဆွေးနွေးမှု

၁။ နောက်ဆက်တွဲ နည်းဗျူဟာ ရှာဖွေဖော်ထုတ်မှု လေ့ကျင့်ခန်းတစ်ခုအနေနဲ့ သင်က သူတို့ကို စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုကို မြှင့်တင်ဖို့အတွက် သူတို့ရဲ့ အိပ်မက်စာရင်းကို တကယ်လက်တွေ့ဆန်တဲ့ နည်းဗျူဟာစာရင်းအဖြစ် ပြောင်းနိုင်ဖို့ သူတို့ရဲ့ အတွေးအခေါ်တွေရဲ့ ဖြစ်နိုင်ခြေကို စိစစ်အကဲဖြတ်ရာမှာ လမ်းညွှန်းပေးသွားမှာဖြစ်ကြောင်း ရှင်းပြပါ။


၂။ သင့်အနေနဲ့ အရောင်ဆိုးထားတဲ့ စာရွက်တွေပေါ်မှ ရေးထားတဲ့ သူတို့ရဲ့ အတွေးအခေါ်တစ်ခုချင်းစီကို ဖတ်ရှုသွားမှာဖြစ်ကြောင်း ပါဝင်သူတွေကို အသိပေးပါ။ သင့်ပါဝင်သူတွေကို နည်းဗျူဟာတစ်ခုချင်းစီရဲ့ ဖြစ်နိုင်ခြေတွေကို စိစစ်အကဲဖြတ်တဲ့အခါ ကျောင်းအုပ်ချုပ်သူတွေ၊ ကျောင်းခေါင်းဆောင်တွေနဲ့ ဆရာ/မတွေရဲ့ ရှုထောင့်ကနေ စဉ်းစားကြဖို့ တိုက်တွန်းအားပေးပါ။ အတွေးအခေါ်တစ်ခုချင်းစီကို သင်ဖတ်ရှုရင်း ဒါက ဖြစ်နိုင်ခြေဘယ်လောက်ရှိကြောင်းကို သင့်ပါဝင်သူတွေအား ဆုံးဖြတ်ခိုင်းပါ။ သူတို့ရဲ့ ထင်မြင်ချက်ကို ဖော်ပြဖို့အတွက် ‘ဖြစ်နိုင်’ ဒါမှမဟုတ် ‘မဖြစ်နိုင်’ ဟု သူတို့ပြောသင့်ပါတယ်။ သူတို့ရဲ့ ထင်မြင်ချက်အပေါ် ယုံကြည်မှုအလွန်ရှိရင် ပိုကျယ်ကျယ်ပြောနိုင်ပါတယ်။

၃။ တုံ့ပြန်ချက်တွေအပေါ် အခြေခံပြီး အရောင်ဆိုးထားတဲ့ စာရွက်တွေကို ပြင်ဆင်ထားတဲ့ ၀ှိုက်ဘုတ်ပေါ်မှာ ကပ်ပါ၊ ၀ှိုက်ဘုတ်ရဲ့ အပေါ်ဘက် ပိုရောက်လေ ၎င်းနည်းဗျူဟာက ဖြစ်နိုင်ခြေ ပိုရှိလေဖြစ်ပြီး အောက်ဘက် ပိုရောက်လေ ဖြစ်နိုင်ခြေပိုနည်းလေဖြစ်ပါတယ်။ ဝှိုက်ရဲ့ အစိတ်အပိုင်းအမျိုးမျိုးကို သေသေချာချာ တံဆိပ်ကပ်ထားကြောင်း သေချာပါစေ၊ ဥပမာ “ဖြစ်နိုင်ခြေအရှိဆုံး/လက်တွေ့အဆန်ဆုံး” နှင့် “ဖြစ်နိုင်ခြေအနည်းဆုံး/လက်တွေ့မဆန်ဆုံး”။

၄။ အတွေးအခေါ်တစ်ခုစီကို အသေးစိတ် ပိုဆွေးနွေးပြီး ပါဝင်သူတွေကို သူတို့ရဲ့ အကြောင်းပြချက်တွေကို ရှင်းပြခိုင်းပါ။

၅။ နည်းဗျူဟာတွေကို အသေးစိတ်မွမ်းမံဖို့ ပါဝင်သူတွေကို အတူတကွ လုပ်ဆောင်ကြဖို့အတွက် တိုက်တွန်းအားပေးပါ။ ဥပမာအနေနဲ့ နည်းဗျူဟာတစ်ခုကို အစပိုင်းမှာ မဖြစ်နိုင်ဘူးလို့ ထင်မြင်ရင် ဒါကို ပိုပြီး ဖြစ်နိုင်ခြေရှိအောင် လုပ်နိုင်မယ့် နည်းလမ်းတွေရှိလား မေးပါ။ အတွေးအခေါ်အားလုံးကို ဆွေးနွေးပြီးတဲ့နောက် ပါဝင်သူတွေကို သူတို့အနေနဲ့ ဖြစ်နိုင်ခြေအရှိဆုံးနဲ့ ကျောင်းအတွက် စိတ်ပိုင်းဆိုင်ရာ လုံခြုံတဲ့ ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးရာမှာ အကြီးမားဆုံး သက်ရောက်မှုကို ဖြစ်စေမယ်လို့ ခံစားရတဲ့ ထိပ်တန်း နည်းဗျူဟာတွေကို ရှာဖွေဖော်ထုတ်ဖို့ တိုက်တွန်းအားပေးပါ။ 

၆။ ပါဝင်သူတွေထံ နောက်ဆုံး နည်းဗျူဟာစာရင်းကို ဝေမျှပေးပြီး သူတို့ကို ဒါတွေ အကောင်အထည်ဖော်ဖို့ တိုက်တွန်းအားပေးရင်း လှုပ်ရှားမှုကို အဆုံးသတ်ပါ။ အကောင်အထည်ဖော်မှုမှာ အတားအဆီးတွေရှိမရှိကို သိရှိဖို့အတွက် တစ်လအကြာမှာ အသင်းကနေ စစ်ဆေးမှုပြုလုပ်မှာဖြစ်ကြောင်း သူတို့ကို သတိပေးပါ။


သင်တန်းအပြီးတွင် …

သင်တန်းသားများ၏ အမြင်များကို ဂရုစိုက်မှုရှိကြောင်း ပြသပါ။

ခေါင်းစဉ်နှင့်ပါတ်သက်၍ သင့်သင်တန်းသားများ၏ အမြင်များ နှင့် သင်တန်းသည် တန်ဖိုးရှိပြီး အနာဂါတ် သင်တန်းမော်ဒျူး များကို မည်သို့ပို့ ချရ မလဲဆိုတာကို သတင်းအချက်အလက်ပေးနိုင်သည်။

နှုတ်အားဖြင့် ဝေဖန်အကြံပြုထားသော တုံ့ပြန်ဖြေကြားချက်များကို စုစည်းခြင်းအားဖြင့် သင်တန်းဆက်ရှင်ကို အဆုံးသတ်ပါ။

 ● သင်တန်းချိန်မှာ ယခင်က မသိခဲ့သော မည်သည့်အရာများကို သင်ယူခဲ့ရပါလဲ။ 
 ● ဤခေါင်းစဉ်သည် ကျောင်းသားများနှင့် အလုပ်လုပ်ရာတွင် ဆရာများအတွက် မည်သို့အသုံးဝင်မည်ဟု ထင်ပါသနည်း။
 ● သင်တန်းမှ ၎င်းတို့ ယူဆောင်သွားနိုင်သော အဖိုးတန်ဆုံး မှတ်သားဖွယ်အချက်က ဘာလဲ။

ပိုမို နည်းစနစ်တကျ စောင့်ကြည့်လေ့လာခြင်း နှင့် သုံးသပ်ခြင်းများလုပ်ဆောင်ရန် သင်တန်းအပြီး စစ်ဆေးခြင်းအဖြေလွှာ နှင့် သင်တန်း သုံးသပ် ချက်ဖောင်များအပေါ် သင်တန်းသားများ၏ တုံ့ပြန်မှုများကို ကောက်ခံရန် အသေအချာ လုပ်ဆောင်ပါ။

ယခင်မော်ဒျူး
ရှေ့မော်ဒျူး