သင်ယူလေ့လာမှု အကျိုးရလဒ်များ

ဤသင်တန်းပြီးဆုံးပါက ပါဝင်သက်ရောက်သူများသည်

  1. လူမှုရေးဆိုင်ရာ ကျွမ်းကျင်မှုစွမ်းရည် နှင့် ၎င်း၏ အစိတ်အပိုင်း များကို အနက်အဓိပ္ပာယ်ဖွင့်ဆိုနိုင်မည်ဖြစ်သည်။

  2. အကျိုးထိရောက်မှုရှိသော လူမှုရေးဆိုင်ရာ အပြုအမူများ နှင့် အကျိုးထိရောက်မှုမရှိသော လူမှုရေးဆိုင်ရာအပြုအမူများအကြား ခြားနားချက်များကို ခွဲခြားသိမြင်ခြင်း
  3.  
  4. လူမှုရေးဆိုင်ရာ ကျွမ်းကျင်မှုစွမ်းရည်ကို ငယ်စဉ်ကလေးဘဝထဲမှ တိုးတက်အောင် ပြုစုပျိုးထောင်ရန် အရေးကြီးကြောင်း နှင့် နောက်ပိုင်း ကျွနု်ပ်တို့အသက်ကြီးလာသောအခါ ၎င်း၏ အကျိုးအမြတ်ကို ရရှိနိုင်ကြောင်း ရှင်းပြနိုင်မည်ဖြစ်သည်။
  5.  
  6. ကလေးများ၏ လူမှုရေးဆိုင်ရာ ကျွမ်းကျင်မှုစွမ်းရည်ကို အား ကောင်းလာအောင်ကူညီရန် နည်းဗျူဟာများကို ထုတ်ဖော်ပြသ လာနိုင်မည်ဖြစ်သည်။

မှီငြမ်းကိုးကားချက်များ

• မော်ဒျူး ၉ လက်ကမ်းစာစောင်
• မော်ဒျူး ၉ သင်တန်း အကြို စစ်ဆေးခြင်း
• မော်ဒျူး ၉ သင်တန်း အပြီး စစ်ဆေးခြင်း
• မော်ဒျူး ၉ အဖြေမှန် များ
• သင်တန်းအကဲဖြတ်ဖောင်

မော်ဒျူးနိဒါန်း

လူ့အဖွဲ့အစည်းအတွက် အကျိုးရှိသောအဖွဲ့ဝင်တစ်ဦးဖြစ်ရန် လိုအပ်သော လူမှုရေးစွမ်းရည်များ၊ ကိုးကွယ်ယုံကြည်မှုများနှင့် စံတန်ဖိုးထားမှုများကို မြှင့်တင်ခြင်းသည် တိုးတက်ကြီးထွားမှု နှင့် သင်ယူမှု၏ စဉ်ဆက်မပြတ်သော ခရီးစဉ်တစ်ခုဖြစ်သည်။ အချို့သောကလေးများသည် ၎င်းတို့၏ဘဝအတွေ့အကြုံများနှင့် ကြီးပြင်းလာသော ဘဝအခြေအနေမှ တစ်ဆင့် အထက်ပါစွမ်းရည်များကို သဘာဝအတိုင်း ရရှိနိုင်ကြသည်။ အခြားသောကလေးများ တွင် နဂိုသဘာဝအတိုင်းရှိနေပြီးဖြစ်သော ပင်ကိုစရိုက် စိတ်နေစိတ်ထား ရှိကောင်းရှိနိုင်သည် သို့မဟုတ် ၎င်းတို့တွင် ပိုမိုအားကောင်းအောင်လုပ် ဆောင်ဖို့ရန် လိုအပ်နေသော အချို့သော ကျွမ်းကျင်မှုစွမ်းရည်များရှိကောင်းရှိနိုင်သည်။ [၁] ကလေးများအား ၎င်းတို့ကိုယ်၎င်းတို့ အကောင်းဆုံးအဖြစ် အခြားသူများနှင့် အပြုသဘောဆောင်ပြီး အဓိပ္ပာယ်ပြည့်ဝသော ဆက်သွယ်မှုများ ဖန်တီး နိုင်အောင် အကူအညီပေးရန်၊ ကျောင်းများသည် ကလေးများအား ၎င်းတို့၏ လူမှုရေးဆိုင်ရာ ကျွမ်းကျင်မှုစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရန် အခွင့်အ လမ်းများ ပေးဆောင်ရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ပါသည်။


ကလေးများ၏ လူမှုရေးဆိုင်ရာ ကျွမ်းကျင်မှုစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရန် ကျောင်းပတ်ဝန်းကျင်သည် ၎င်းတို့အတွက် အခွင့်အလမ်းများစွာကို ပေး သည်။ ကျောင်းပတ်ဝန်းကျင်က အခွင့်အလမ်းများစွာကိုပေးသည်ဟုဆိုရာ၌ လူကြီးများက အကျိုးထိရောက်မှုရှိသော လူမှုရေးဆိုင်ရာ အပြုအမူများကို စံနမူနာပြလုပ်ဆောင်ရန် နှင့် ကလေးများသည် ဤအပြုအမူများကို ၎င်းတို့၏ သက်တူရွယ်တူသူငယ်ချင်းများနှင့်အတူအတကွ လုံခြုံမှုရှိပြီး အထောက် အကူပြုသော ပတ်ဝန်းကျင်တွင် လေ့ကျင့်နိုင်ရန် အခွင့်အလမ်းများပါဝင်သည်။ လူ့အဖွဲ့အစည်းအတွင်း ထိရောက်စွာလည်ပတ်လုပ်ဆောင်နိုင်ရန် လူမှု ဆက်ဆံရေး စွမ်းရည်များ၊ ကိုးကွယ်ယုံကြည်မှုများ နှင့် စံတန်ဖိုးများကို ရရှိ အောင် ကြိုးပမ်းလုပ်ဆောင်ခြင်း လုပ်ငန်းစဉ်ကို လူမှုဆက်ဆံရေးဟု လူအ များ ကသိကြသည်။[၂] ကျောင်းတွင်း လူမှုဆက်ဆံရေးကို အထောက်အပံ့ပေးနိုင်သော ဥပမာ လှုပ်ရှားမှုများမှာ စာသင်ခန်း ဆွေးနွေးမှုများ နှင့် အဖွဲ့လိုက်လုပ်ဆောင်ရသော အလုပ် စသည်သို့ပါဝင်သည်။ အဘယ့်ကြောင့်ဆိုသော် ၎င်းလှုပ်ရှားမှုများသည် ကျောင်းသားများအား လူကြီးများ၏ ပြောဆိုမှုများကို အကျိုးထိရောက် စွာ နားထောင်ရန် နှင့် ပြန်လည် တုံ့ပြန်ရန်၊ မေးခွန်းမေးရန်၊ ကျန်းမာသော ပြဿနာဖြေရှင်းခြင်း နှင့် ပဋိပက္ခဖြေရှင်းခြင်းနည်းလမ်းများဖြင့် ပါဝင်ဖြေရှင်း ရန် ခွန်အားပေးခြင်းကြောင့်ဖြစ်သည်။[၃၊၄]ထို့အပြင် အားကစား၊ အနုပညာ၊ သို့မဟုတ် ရပ်ရွာအကျိုး ဝန်ဆောင်မှု စီမံကိန်းများနှင့် ဆက်စပ်နေသော ကျောင်းပြင်ပလှုပ်ရှားမှုများသည် ကလေး များအား အခြားသူများနှင့် မည်သို့ ဆက်ဆံရမည်ကို သင်ယူနိုင်ရန် အကူအညီပေးခြင်း၊ ထိရောက်စွာ ဆက်သွယ်ပြောဆိုနိုင်ရန်၊ အခြားသူများအတွက် ကိုယ်ခြင်းစာစိတ် နှင့် လေးစားမှုကို တိုးတက်အောင်လုပ်ဆောင်ရန် အကူအညီပေးသည်။ [၅၊၆]ဤလူမှုဆက်ဆံရေး အခွင့်အလမ်းများကို ပေးခြင်းအားဖြင့် အရေးပါသော လူမှုဆက်ဆံရေး စွမ်းရည်များ၊ ကိုးကွယ်ယုံကြည်မှုများ နှင့် စံတန်ဖိုးများကို ကလေးများတိုးတက်အောင် လုပ်ဆောင်ရာတွင် အကူအညီပေးရန် ကျောင်းများသည် ပိုမိုကောင်းမွန်သော နေရာဖြစ်သည်။


တစ်ချိန်တည်းမှာပင် ကလေးများသည် ၎င်းတို့၏ လူမှုအရည်အချင်းများကို မြှင့်တင်ရန် လိုအပ်ကြောင်း ပြသလာသည့်အခါ ဆရာများသည် သဘာဝ အ တိုင်းအလိုအလျောက် ရရှိလာသည့် သင်ကြားမှုဆိုင်ရာ အခွင့်အလှမ်းများကို အရယူပြီး အကျိုးထိရောက်မှုမရှိသော လူမှုရေးဆိုင်ရာ အပြုအမူများမှ အ ကျိုးထိရောက်မှုမရှိသော လူမှုရေးဆိုင်ရာအပြုအမူများအဖြစ်သို့ပြောင်းလဲလာအောင် လုပ်ဆောင်ရမည်။ ကလေးများအား အထောက်အကူဖြစ်စေ သောချဉ်းကပ်မှု နှင့် စီရင်ဆုံးဖြတ်မှုမရှိသော ချဉ်းကပ်မှုများအားဖြင့် လမ်းညွှန်ပြသရမည်။ အဘယ့်ကြောင့်ဆိုသော် ဤသို့ချဉ်းကပ်ခြင်းသည် ကျောင်း သားများအား တန်ဖိုးထား လေးစားမှုကို ခံစားရစေပြီး ကြီးထွားတိုးတက်လာစေရန် ခွန်အားပေးနိုင်သောကြောင့်ဖြစ်ပါသည်။ လုံခြုံသော ပတ်ဝန်းကျင် တွင် ကလေးများသည် စွန့်စားမှုများ၊ အမှားများ လုပ်ဆောင်နိုင်ပြီး အပြုသဘောဆောင်သော တုံ့ပြန်အကြံပြုမှု၊ လမ်းညွှန်မှု နှင့် စနစ်တကျတည် ဆောက်ထားသော သင်ကြားမှုဆိုိင်ရာ အခွင့်အလမ်းများကိုလည်း ရရှိနိုင်ပါသည်။ [၇၊၈]



ကိုးကားချက်များ

1. Junge C, Valkenburg PM, Dekovic M, Branje S. The building blocks of social competence: Contributions of the consortium of individual development. Dev Cogn Neurosci [Internet]. 2020 Oct [cited 2023 Feb 14];45:1-11. Available from:
https://www.sciencedirect.com/science/article/pii/S1878929320301110 DOI: 10.1016/j.dcn.2020.100861

2. APA dictionary of psychology [Internet]. Washington (DC): American Psychological Association; ©2023. Socialization [updated 2023; cited 2023 Feb 27]; [about 1 screen]. Available from: https://dictionary.apa.org/socialization

3. Mendo-Lázaro S, León-del-Barco B, Felipe-Castaño E, Polo-del-Río M, Iglesias-Gallego D.Cooperative team learning and the development of social skills in higher education: The variables involved. Frontiers in Psychology [Internet]. 2018 Aug [cited 2023 Feb 27];9:1-11. Available from: https://www.frontiersin.org/articles/10.3389/fpsyg.2018.01536/full DOI: 10.3389/fpsyg.2018.01536

4. Lee D, Huh Y, Reigeluth CM. Collaboration, intragroup conflict, and social skills in project-based learning. Instr Sci [Internet]. 2015 Sep [cited 2023 Feb 27];43(5):561-90. Available from:
https://link.springer.com/article/10.1007/s11251-015-9348-7.
DOI: 10.1007/s11251-015-9348-7

5. National Association for the Education of Young Children (NAEYC). Paired learning: Strategies for enhancing social competence in dual language classrooms [Internet]. Washington DC: NAEYC; 2019 May [cited 2023 Feb 27]. Available from:
https://www.naeyc.org/resources/pubs/yc/may2019/social-competence-dual-language-classrooms

6. Barber C, Mueller CT, Ogata S. Volunteerism as purpose: examining the long-term predictors of continued community engagement. Educational Psychology [Internet]. 2013 May [cited 2023 Feb 27];33(3):314-33. Available from https://eric.ed.gov/?id=EJ1230758

7. Curby TW, Brock LL, Hamre BK. Teachers’ emotional support consistency predicts children’s achievement gains and social skills. Early education and development [Internet]. 2013 Mar [cited 2023 Feb 27];24(3):292-309. Available from:
https://www.tandfonline.com/doi/abs/10.1080/10409289.2012.665760 DOI: 10.1080/10409289.2012.665760

8. Berry D, O’Connor E. Behavioral risk, teacher–child relationships, and social skill development across middle childhood: A child-by-environment analysis of change. Journal of Applied Developmental Psychology [Internet]. 2010 Jan 1 [cited 2023 Feb 27];31(1):1-14. Available from
https://www.sciencedirect.com/science/article/abs/pii/S0193397309000367



အဓိက အယူအဆ သဘောထားအမြင်များ

school

လူမှုရေးဆိုင်ရာ ကျွမ်းကျင်မှုစွမ်းရည်

လူမှုရေးဆိုင်ရာ ကျွမ်းကျင်မှုစွမ်းရည် ဆိုသည်မှာ အပြုသဘောဆောင်ပြီး အကျိုးထိရောက်မှုရှိသော လူမှုဆက်ဆံ ရေးများတွင် ပါဝင်ချိတ် ဆက်လုပ်ဆောင် နိုင်သော စွမ်းရည်ဖြစ်ပြီး မတူညီသော လူမှုရေးဆိုင်ရာ ပါတ်ဝန်းကျင်များတွင် အလိုက်သင့် လိုက်လျောညီထွေမှုရှိအောင် နေထိုင်တတ်သော စွမ်းရည်ဖြစ်သည်။

environmental-protection (3)

မိမိကိုယ်မိမိ ထိန်းညှိ လည်ပါတ်ခြင်း

သင်၏ အပြုအမူများ နှင့် စိတ်ခံစားမှုဆိုင်ရာ တုံ့ပြန်မှုများကို လေ့လာစောင့်ကြည့်နိုင်သော စွမ်းရည် နှင့် ထိန်းချုပ်နိုင်သော စွမ်းရည်




open-book-outline-variant-inside-a-circle (1)

လူအချင်းချင်းအကြား ဆက်ဆံမှုဆိုင်ရာ

 စွမ်းရည်များ

ကျွန်ုပ်တို့အား အခြားသူများနှင့် ပေါင်းသင်းဆက်ဆံရာတွင် အကူအညီပေးသော စွမ်းရည်များ နှင့် ၎င်းစွမ်းရည်များဖြင့် အကျိုးထိရောက်စွာ ဆက်သွယ်ပြောဆိုခြင်း 

teamwork (1)

အပြုသဘောဆောင်သော မိမိကိုယ်ကိုယ်

 ရှုမြင်သုံးသပ်မှု

တစ်ဦးတစ်ယောက်၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ စွမ်းဆောင်မှု စွမ်းရည်၊ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားမှု နှင့် ရည်ရွယ်ချက်



research (4)

ယဉ်ကျေးမှုဆိုင်ရာ ကျွမ်းကျင်မှုစွမ်းရည်

အခြား တိုင်းရင်းသား လူမျိုးစုများ ၊ ဘာသာရေးများ ၊ ယဉ်ကျေးမှုများ နှင့် ဘာသာစကားများအား လေးစားသမှုပြုသော နည်းလမ်းများဖြင့် တွေးခေါ်နိုင်သော စွမ်းရည်၊ ခံစားနိုင်သော စွမ်းရည် နှင့် ပြုမူနိုင်သောစွမ်းရည်။




environmental-protection (1)

လူမှုရေးဆိုင်ရာ စံနှုန်းများ


ကျွန်ုပ်တို့အပေါ်၌ထားရှိသော အခြားသူများ၏ မျှော်မှန်းချက်များ မည်သို့ပင်ရှိစေကာမူ ကိုယ်ကျင့်တရားဆိုင်ရာ အခြေခံမူများ (သို့) စံနှုန်းများသည် ကျွန်ုပ်တို့အတွက် အရေးကြီးသည်ဟု သုံးသပ်ယူဆသည်။ လူမှုရေးဆိုင်ရာ စံနှုန်းများသည် ကျွန်ုပ်တို့၏ ပုဂ္ဂိုလ်ရေးဆိုင် ရာပန်းတိုင်များကို ပေါ်လွင်အောင် အဓိပ္ပာယ်ဖွင့်ဆိုပေးပြီး အခြားသူများနှင့် မည်သို့ အပြန်အလှန် ဆက်သွယ်ရမည်ကိုလည်း လမ်းညွှန် ပြသပေးသည်။

teamwork (1)

ကြိုတင်စီစဉ်မှု နှင့် ဆုံးဖြတ်ချက်ချမှတ်ခြင်း စွမ်းရည်များ

ရှုပ်ထွေးလှသော လူမှုဆက်ဆံရေးများနှင့် တွေ့ကြုံရစဉ် အသင့်လျော်ဆုံးသော အပြုအမူများ နှင့် တုံ့ပြန်မှုများကို ကြိုတင်စီစဉ်ရန် နှင့် ဆုံးဖြတ်ရန် စွမ်းရည် 







အကျိုးထိရောက်မှုရှိသော လူမှုရေးဆိုင်ရာ အပြုအမူများ နှင့် အကျိုးထိရောက်မှုမရှိသော လူမှုရေးဆိုင်ရာ အပြုအမူများအား ဖော်ထုတ်ခွဲခြားခြင်း

အကျိုးထိရောက်မှုရှိသော လူမှုရေးဆိုင်ရာ အပြုအမူများ နှင့် အကျိုးထိရောက်မှုမရှိသော လူမှုရေးဆိုင်ရာအပြုအမူများသည် အောင်မြင်ပြီး အဓိပ္ပါယ်ရှိ သော ဆက်ဆံရေးကို တည်ဆောက်ရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ပါသည်။ ဤမော်ဂျူးတွင် လူမှုရေးဆိုင်ရာ ကျွမ်း ကျင်မှုစွမ်းရည်၏ သဘောတရား နှင့် ၎င်း၏ အစိတ်အပိုင်း ခြောက်ရပ်ကို မိတ်ဆက်ပေးမှာပါ။ သို့သော်လည်း ကျွန်ုပ်တို့ ဤအစိတ်အပိုင်းများ အား အသေးစိတ်မလေ့လာမှီ၊ အကျိုးထိရောက်မှုရှိသော လူမှုရေးဆိုင်ရာ အပြုအမူများ နှင့် အကျိုးထိရောက်မှုမရှိသော လူမှုရေးဆိုင်ရာအပြု အမူများအကြား ခြားနားချက်များ နှင့် ၎င်းခြားနားချက်များသည် အခြားသူများနှင့် ကျွန်ုပ်တို့၏ဆက်ဆံရေးအပေါ် မည်သို့အကျိုးသက်ရောက် မှုရှိကြောင်းကို ပထမဦးစွာနားလည်ရန် အရေးကြီးပါသည်။

လူမှုဆက်ဆံရေးအရ  အကျိုးသက်ရောက်မှု ရှိသလား (သို့) မရှိဘူးလား။

အကျိုးထိရောက်မှုရှိသော လူမှုရေးဆိုင်ရာ အပြုအမူ ဟုတ်သလား၊ မဟုတ်ဘူးလားဆိုတာ စစ်ဆေးကြည့်ဖို့အတွက် အဆင်သင့်ဖြစ်ပြီလား။ ဤအပြန်အ လှန် စကားဝိုင်း ကစားနည်းကတ်တွင် ဇတ်လမ်းဇတ်အိမ် အမျိုးအမျိုးအား သင်တို့အတွက် ဖော်ပြပေးထားမှာ ဖြစ်ပါတယ်။ သင်၏ တာဝန်မှာ ကတ်အား လှန်၍ ကတ်တွင် ဖော်ပြထားသည့် အပြုအမူသည် အကျိုးထိရောက်မှုရှိသော သို့မဟုတ် အကျိုးထိရောက်မှုမရှိသော အပြုအမူ ဟုတ် မဟုတ်ကို ဖော် ထုတ်ပေးရန် ဖြစ်သည်။ အကျိုးထိရောက်မှုရှိသော သို့မဟုတ် အကျိုးထိရောက်မှုမရှိသော အပြုအမူ ဟုတ် မဟုတ်ကို သင် ခွဲခြားနိုင်မလားဆိုတာ ကြည့် ရအောင်။ ကဲ စလိုက်ကြစို့။

အရမ်းကောင်းပါတယ်။ ဂိမ်းကစားတာ ဘယ်လိုလဲ။ အကျိုးထိရောက်မှုရှိသော လူမှုရေးဆိုင်ရာ အပြုအမူ ဟုတ်၊ မဟုတ် ခွဲခြားတာ သင့်အတွက် လွယ်တယ်  လို့ ထင်ပါသလား။ အကျိုးထိရောက်မှုရှိသော အပြုအမူများသည် အပြုသဘောဆောင်သောဆက်ဆံရေး နှင့် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ပေးသည်။ သို့သော်လည်း အကျိုးထိရောက်မှုမရှိသော အပြုအမူများသည် ဆက်ဆံရေးကိုထိခိုက်စေနိုင်ပြီး တင်းမာမှုဆီသို့ ဦးတည်သွားစေနိုင်သည်ကို သတိရပါ။ ဤကွဲပြားခြားနား သော အပြုအမူများကို သတိပြုမိလာခြင်းအားဖြင့် သင်သည် သင်၏ လူမှုရေးဆိုင်ရာ ကျွမ်းကျင်မှုစွမ်းရည်များကို တည်ဆောက်နေခြင်းဖြစ်ပြီး သင်၏ ဆက်ဆံရေးများ နှင့် အခြားသူများနှင့် အပြန်အလှန်ဆက်ဆံရေးများတွင် အောင်မြင်ရန်အတွက် သင့်ကိုယ်သင် ပြင်ဆင်နေခြင်းဖြစ်သည်။ ဤကောင်း သော အလုပ်ကို ဆက်လက်ကြိုးစား လုပ်ဆောင်ပါ။


လူမှုရေးဆိုင်ရာ ကျွမ်းကျင်မှုစွမ်းရည်ကို မိတ်ဆက်ပေးခြင်း

ယခု သင်သည် အကျိုးထိရောက်မှုရှိသော လူမှုရေးဆိုင်ရာ အပြုအမူများ နှင့် အကျိုးထိရောက်မှုမရှိသော လူမှုရေးဆိုင်ရာ အပြုအမူများကို ကောင်းစွာသ ဘောပေါက်နားလည်ပြီးဖြစ်သည့်အတွက် လူမှုရေးဆိုင်ရာ ကျွမ်းကျင်မှုစွမ်းရည်၏ အဓိကအချက် ခြောက်ချက်ကို အသေးစိတ်လေ့လာရန် သင်အဆင်သင့် ဖြစ်နေပြီ ဖြစ်ပါသည်။ ဤအခြေခံအချက်များသည် အပြုသဘောဆောင်ပြီး အဓိပ္ပာယ်ရှိသော ဆက်ဆံရေးများ၏ အခြေခံအုတ်မြစ်ကို တည်ဆောက်ပေးပြီး ကျောင်းသားများအား ပုဂ္ဂိုလ်ရေးဆိုင်ရာ နှင့် အသက်မွေးဝမ်းကြောင်းမှုဆိုင်ရာ အတတ်ပညာနယ်ပယ်တွင် အောင်မြင်မှုရရှိအောင်လုပ်ဆောင်ပေးသော စွမ်းရည်များကို ဖွံ့ဖြိုးတိုးတက်စေရန် ကူညီပေးပါလိမ့်မည်။ ကျွန်ုပ်တို့၏ နောက်ဗွီဒီယိုတွင်… အဓိက အစိတ်အပိုင်းခြောက်ခုအား တစ်ခုချင်းစီ၏ ခြုံငုံသုံးသပ်ချက်များကို ဖော်ပြပေးမည်ဖြစ်ပြီး အောင်မြင်ပြီး အဓိပ္ပာယ်ရှိသော ဆက်ဆံရေးတည်ဆောက်ရာတွင် ၎င်းတို့၏အခန်းကဏ္ဍများ မည်သို့ပါဝင်ကြောင်းကို နားလည်အောင် ကူညီပေးမည်ဖြစ်သည်။ အေးအေးလူလူ ထိုင်ပါ။ သက်တောင့်သက်သာနေပါ။ လေ့လာသင်ယူဖို့ရန် အဆင်သင့် ဖြစ်နေပါစေ။

လက်တွေ့ရှိ လူမှုကျွမ်းကျင်မှု၏ အစိတ်အပိုင်း ခြောက်ခု

အခုတော့ သင့်ကို လူမှုကျွမ်းကျင်မှုဆိုင်ရာ အစိတ်အပိုင်း ခြောက်ခုနှင့်ဆိုင်ပြီး ဉာဏ်စမ်းပဟေဠိတစ်ခုနှင့် စမ်းစစ်မယ့် အချိန်ဖြစ်တယ်။ သင့်အား မတူညီတဲ့ ဇာတ်ညွှန်းတွေကို ပြပေးသွားပါ့မယ်။ သင်ဟာ လူမှုကျွမ်းကျင်မှုဆိုင်ရာ အစိတ်အပိုင်း ခြောက်ခုထဲက မှန်ကန်တဲ့ အစိတ်အပိုင်းကို ရွေးပေးရမှာဖြစ်ပါတယ်။ ဒီဉာဏ်စမ်းပဟေဠိက သင့်ရဲ့ နားလည်မှုကို ခိုင်ခံ့စေပြီး ဤကဲ့သို့ အရေးပါတဲ့ အကြောင်းအရာအချက်အလက်တွေကို ထိန်းသိမ်းမှတ်သားထားဖို့ အထောက်အကူပေးမှာဖြစ်ပါတယ်။ သင့်ရဲ့ ဗဟုသုတအသစ်လေးတွေကို ထုတ်ဖော်အစွမ်းပြဖို့ အဆင်သင့်လုပ်လိုက်ပါ။
၉.၃ အတူတကွသင်ယူခြင်း- စာသင်ခန်းအတွင်း လူမှုရေးဆိုင်ရာ ကျွမ်းကျင်မှုစွမ်းရည်ကို ဖွင့်လှစ်ခြင်း
ယခုကျောင်းသားများအား ၎င်းတို့၏ လူမှုရေးဆိုင်ရာ ကျွမ်းကျင်မှုစွမ်းရည်ကို တိုးတက်အောင် ကူညီပေးခြင်း၏ အရေးပါမှုကို သင်နားလည်သဘောပေါက် ပြီဆိုတော့ ထိုအသိပညာကို လက်တွေ့ကျင့်သုံးလုပ်ဆောင်ရန် အချိန်တန်ပါပြီ။ ဆရာများအနေဖြင့် သင့်ကျောင်းသားများကြားတွင် အကျိုးထိရောက်မှုရှိ သော လူမှုရေးဆိုင်ရာ အပြုအမူများ နှင့် အကျိုးထိရောက်မှုမရှိသော လူမှုရေးဆိုင်ရာ အပြုအမူများ ရောနှောနေသည်ကို သတိပြုမိပြီးဖြစ်ပါလိမ့်မည်။ ထိုသို့ဆိုလျှင် သင့်ကျောင်းသားများကို အကျိုးထိရောက်မှုမရှိသော လူမှုရေးဆိုင်ရာ အပြုအမူများမှ ထိရောက်မှုရှိသော အပြုအမူများ အဖြစ်သို့ ပြောင်းလဲရန် သင်မည်သို့လမ်းညွှန်နိုင်ပါသနည်း။ လှုပ်ရှားမှု၏ပထမပိုင်းတွင် သင်၏ကျောင်းသားများ တိုးတက်မှုများမှ အကျိုးခံစားရမည်ဟု သင်ခံစားရသော လူမှုရေးဆိုင်ရာ ကျွမ်းကျင်မှုနယ်ပယ်များကို ခွဲခြားသတ်မှတ်ရန် အဖွဲ့ငယ်များအတွင်းလုပ်ဆောင်မည်ဖြစ်သည်။ သင်၏ အလိုအလျောက် တွေးတောမှုများ နှင့် ပြောစကားများကို ဆင်ခြင်သုံးသပ်ရန် လမ်းညွှန်ချက်ပေးထားသော ဆွေးနွေးမှုများတွင် ပါဝင်ရန် နှင့် ယခုလက်ရှိ ကျင့်သုံးနေသော ဗျူဟာများ၏ အကျိုးထိရောက်မှုအပေါ် ပြန်လည်သုံးသပ် ရန်ဖြစ်သည်။ လှုပ်ရှားမှု၏ဒုတိယအပိုင်းတွင် သင်၏ကျောင်းသားများကို လမ်းညွှန်ရာတွင် ပိုမိုထိရောက်မှုရှိစေရန် သင်၏ ကနဦးအတွေးများ နှင့် ပြောစကားများကို  ပြောင်းလဲရန်အတွက် ပုံသေနည်းတစ်ခုကို သင်လေ့လာရမည်ဖြစ်သည်။ ဤပုံသေနည်းသည် သင့်အားလူမှုရေးဆိုင်ရာ စွမ်းရည် ဖွံ့ဖြိုးတိုးတက်မှုနယ် ပယ်များတွင် တိုးတက်မှု လိုအပ်နေသော သင်၏ ကျောင်းသားများအတွက် ပိုမိုနည်းစနစ်ကျသော ချဉ်းကပ်မှုကို ချမှတ်ကျင့်သုံးနိုင်ရန် ကူညီပေးပါလိမ့် မည်။ ဤပုံသေနည်းကို သင်ယူပြီး လေ့ကျင့်ခြင်းဖြင့် သင်သည် ၎င်းတို့၏ ကြီးထွားမှု နှင့် ဖွံ့ဖြိုးတိုးတက်မှုကို ပြုစုပျိုးထောင်ပေးမည့် အပြုသဘော ဆောင်ပြီး အထောက်အပံ့ပေးသော နည်းလမ်းဖြင့် သင်၏ ကျောင်းသားများနှင့် လုပ်ဆောင်နိုင်မည် ဖြစ်သည်။

သင်တန်းအပြီးတွင် …

သင်တန်းသားများ၏ အမြင်များကို ဂရုစိုက်မှုရှိကြောင်း ပြသပါ။

ခေါင်းစဉ်နှင့်ပါတ်သက်၍ သင့်သင်တန်းသားများ၏ အမြင်များ နှင့် သင်တန်းသည် တန်ဖိုးရှိပြီး အနာဂါတ် သင်တန်းမော်ဒျူး များကို မည်သို့ပို့ ချရ မလဲဆိုတာကို သတင်းအချက်အလက်ပေးနိုင်သည်။

နှုတ်အားဖြင့် ဝေဖန်အကြံပြုထားသော တုံ့ပြန်ဖြေကြားချက်များကို စုစည်းခြင်းအားဖြင့် သင်တန်းဆက်ရှင်ကို အဆုံးသတ်ပါ။

 ● သင်တန်းချိန်မှာ ယခင်က မသိခဲ့သော မည်သည့်အရာများကို သင်ယူခဲ့ရပါလဲ။ 
 ● ဤခေါင်းစဉ်သည် ကျောင်းသားများနှင့် အလုပ်လုပ်ရာတွင် ဆရာများအတွက် မည်သို့အသုံးဝင်မည်ဟု ထင်ပါသနည်း။
 ● သင်တန်းမှ ၎င်းတို့ ယူဆောင်သွားနိုင်သော အဖိုးတန်ဆုံး မှတ်သားဖွယ်အချက်က ဘာလဲ။

ပိုမို နည်းစနစ်တကျ စောင့်ကြည့်လေ့လာခြင်း နှင့် သုံးသပ်ခြင်းများလုပ်ဆောင်ရန် သင်တန်းအပြီး စစ်ဆေးခြင်းအဖြေလွှာ နှင့် သင်တန်း သုံးသပ် ချက်ဖောင်များအပေါ် သင်တန်းသားများ၏ တုံ့ပြန်မှုများကို ကောက်ခံရန် အသေအချာ လုပ်ဆောင်ပါ။

ယခင်မော်ဒျူး
ရှေ့မော်ဒျူး