သင်ယူလေ့လာမှု အကျိုးရလဒ်များ

သင်တန်းပြီးဆုံးပါက တက်ရောက်သင်ယူသူများသည်
  1. စွမ်းဆောင်မှုဆိုင်ရာ စိတ်ခံစားမှုများကို အဓိပ္ပါယ်ဖွင့်နိုင်ပြီး ၎င်းကို သင်ယူလေ့လာမှုတွင် ကျောင်းသူ/ သားများ၏ အောင်မြင်မှုနှင့် ချိတ်ဆက်နိုင်ရမည်။

  2. စိတ်ခံစားမှုဆိုင်ရာ ထိန်းညှိခြင်းနှင့် စိတ်ခံစားမှုဆိုင်ရာ ထိန်းညှိမှု ချို့ယွင်းခြင်းတို့ကို အဓိပ္ပါယ်ဖွင့်နိုင်ပြီး ကွဲပြားခြားနား နိုင်ရမည်။
  3.  
  4. ကျောင်းသူ/ သားများကို ၎င်းတို့၏ စိတ်ခံစားမှုများအား ထိန်းညှိနိုင်သော မဟာဗျူဟာများကို သရုပ်ပြနိုင်ရမည်။
  5.  

မှီငြမ်းကိုးကားချက်များ

• မော်ဒျူး ၈၊ လက်ကမ်း စာစောင်
• မော်ဒျူး ၈၊ အကြိုစစ်ဆေးခြင်း
• မော်ဒျူး ၈၊ သင်တန်းအပြီး - စစ်ဆေးခြင်း
• မော်ဒျူး ၈၊ အဖြေ
• သင်တန်းအကဲဖြတ်ဖောင်

မော်ဒျူးနိဒါန်း

စိတ်ခံစားမှုများကို လုံခြုံစိတ်ချစွာ ခံစားခြင်းဆိုသည်မှာ စိတ်ခံစားမှုများကို မိမိကိုယ်ကိုယ် (သို့မဟုတ်) အခြားသူများအပေါ် ထိခိုက်ခြင်းမရှိပဲ ကျန်းမာသော၊ ထိရောက်သော နည်းလမ်းများဖြင့် ထုတ်ဖော်ပြသနိုင်သော၊ တွေ့ကြုံနိုင်သော စွမ်းရည်ကို ဆိုလိုပါသည် []။ ဤအရာသည် စိတ်ခံစားမှုဆိုင်ရာ ဉာဏ်ရည်ဉာဏ်စွမ်း ထက်မြတ်မှုနှင့် အလွန်သက်ဆိုင်မှုရှိပြီး မိမိကိုယ်ကိုယ် ဖွံ့ဖြိုးတိုးတက်မှု၊ ဆက်ဆံရေး တည်ဆောက်ခြင်းနှင့် ကျန်းမာခြင်းများအတွက် အရေးကြီးပါသည် [၂-၃]။ ယခုဆိုလျှင် လူတစ်ယောက်သည် ၎င်းတို့၏ ကိုယ်ပိုင် စိတ်ခံစားမှုများကို ဖော်ထုတ်နိုင်ရပါမည်။ နားလည်သဘောပေါက်နိုင်ရပါမည်။ ထို့အပြင် အခြားသူများ၏ စိတ်ခံစားမှုများအပေါ်လည်း သိရှိပြီး သင့်လျော်သည့်ပုံစံဖြင့် တုံ့ပြန်ဆောင်ရွက် နိုင်ရပါမည်။ ဤအရာများအတွက် စိတ်ခံစားမှုကို သတိပြုမိခြင်းနှင့် ထိန်းညှိခြင်း စွမ်းရည်များ လိုအပ်ပါသည် []။ 


စိတ်ခံစားမှုများကို လုံခြံစိတ်ချစွာ ခံစားခြင်းသည် စိန်ခေါ်မှု ရှိနိုင်ပါသည်။ ကလေးငယ်များနှင့် ဆယ်ကျော်သက်အရွယ်များသည် အထူးသဖြင့် စိတ်ခံစားမှုများကို ထိန်းညှိခြင်းတွင် စိတ်ခံစားမှုများအပေါ်  အတိုင်းထက်အလွန် တုံ့ပြန်ခြင်း (သို့မဟုတ်) ဖုံးကွယ်ဖိနှိပ် လိုက်ခြင်းတို့ဖြင့် တစ်ခါတစ်ရံတွင် အခက်တွေ့ရပါသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ဘဝ၏ ဤအချိန်ကာလတွင် အစောပိုင်း စိတ်ခံစားမှုဆိုင်ရာ စွမ်းရည်များကို တည်ဆောက်ရန် သင်ယူလေ့လာနေဆဲခြင်းကြောင့် ဖြစ်ပါသည် []။ ထို့ကြောင့် ပညာပေးသူများသည် ထိုသူများကို ၎င်းတို့၏ ကိုယ်ပိုင် စိတ်ခံစားမှုများကို ထိန်းညှိရန် နည်းလမ်းများ သင်ပြရမည့် အခန်းကဏ္ဍတွင် ထားရှိထားပါသည်။ 


ယခု မော်ဒျူးသည် မိမိ စိတ်ခံစားမှုများကို ထိန်းညှိရန် လေ့လာသင်ယူခြင်း၏ အရေးပါမှုအပေါ်  ဦးတည်ထားသော်လည်း ဤစွမ်းရည်ကို တည်ဆောက်ခြင်းသည် ထိန်းညှိခြင်းစွမ်းရည် ဖွံ့ဖြိုးတိုးတက်မှု (co-regulation)၏ အရေးပါသော အစိတ်အပိုင်း ဖြစ်ပါသည်။ ထိန်းညှိခြင်းစွမ်းရည် ဖွံ့ဖြိုးတိုးတက်မှု ဆိုသည်မှာ မိမိ၏ စိတ်ခံစားမှုများကို ပထမဦးစွာ ပြုစုစောင့်ရှောက်ပေးသူ၏ ပံ့ပိုးကူညီမှုဖြင့် ထိန်းညှိရန် သင်ယူလေ့လာသော ဖြစ်စဉ်ကို ဆိုလိုပါသည် []။ ထိန်းညှိခြင်းစွမ်းရည် ဖွံ့ဖြိုးတိုးတက်မှုသည် ကလေးငယ်များကို ၎င်းတို့ စိတ်ခံစားမှုများအား ဘေးကင်းလုံခြုံ၍ ပံ့ပိုးကူညီပေးသော ပတ်ဝန်းကျင်တွင် စီမံခန့်ခွဲနိုင်ရန် အခွင့်အလမ်းတစ်ရပ် ဖန်တီးပေးပါသည်။ ဤအရာသည် ၎င်းတို့ အထူးသဖြင့် စိတ်သောကရောက်သည့် အချိန်များတွင် လိုအပ်ချက်များကို သိရှိပြီး ဂရုစိုက်မှုများ ပေးအပ်ကာ အခြေခံကျသော မိမိကိုယ်ကိုယ် ထိန်းညှိခြင်းစွမ်းရည်များကို နည်းပြပေးမည့် ပြုစုစောင့်ရှောက်သူများ ရှိခြင်းကို ဆိုလိုပါသည် []။ ဤသို့လုပ်ဆောင်ခြင်းဖြင့် ကလေးငယ်များက ကျိုးကြောင်းညီညွတ်ကြောင်းနှင့် ပံ့ပိုးကူညီခံရကြောင်း ခံစားရမည်ဖြစ်ပြီး ၎င်းတို့၏ ပြုစုစောင့်ရှောက်သူများအပေါ် ယုံကြည်မှု သာမက မိမိကိုယ်ကိုယ် ယုံကြည်မှုပါ တိုးမြှင့်လာနိုင်ပါသည် [၈-၁၀]။   


ထို့ကြောင့် စိတ်ခံစားမှုဆိုင်ရာ ထိန်းညှိခြင်းစွမ်းရည် ဖွံ့ဖြိုးတိုးတက်မှုသည် ပညာပေးသူများအတွက် ကလေးငယ်များကို ၎င်းတို့၏ စိတ်ခံစားမှုများကို လွတ်လပ်စွာ ထိန်းညှိနိုင်သော စွမ်းရည် ဖွံ့ဖြိုးလားစေရန် ပံ့ပိုးကူညီပေးနိုင်သည့် အရေးကြီးသော ပထမ ခြေလှမ်း တစ်ရပ် ဖြစ်ပါသည်။ ပံ့ပိုးကူညီမှုနှင့် လမ်းညွှန်မှုများ ပေးအပ်နိုင်ခြင်းဖြင့် ၎င်းတို့သည် ကလေးငယ်များ၏ ကျန်းမာသော စိတ်ခံစားမှုဆိုင်ရာ ထိန်းညှိခြင်း စွမ်းရည်အပေါ် လွှမ်းမိုးနိုင်ပြီး ကောင်းမွန်သော ကျောင်းကျိုးသုခဖြစ်ပေါ်လာစေရန် အခြေခံ အုတ်မြစ်ချပေးနိုင်ပါသည်။ 



ကိုးကားချက်များ

1. Quiros L, Kay L, Montijo AM. Creating emotional safety in the classroom and in the field. Reflections (Long Beach) [Internet]. 2013 Oct [cited 2023 Feb 8];18(2):42-7. Available from:
https://www.semanticscholar.org/paper/Creating-Emotional-Safety-in-the-Classroom-and-in-Quiros-Kay/72ee8e9cae4e532f4852c9dc39a843966bf72ec4

2. Housman DK. The importance of emotional competence and self-regulation from birth: A case for the evidence-based emotional cognitive social early learning approach. Int J Child Care Educ Policy [Internet]. 2017 Nov [cited 2023 Feb 8];11(13):1-19. Available from: https://ijccep.springeropen.com/articles/10.1186/s40723-017-0038-6
DOI: 10.1186/s40723-017-0038-6

3. Ricciardi C, Kornienko O, Garner PW. The role of cognitive emotion regulation for making and keeping friend and conflict networks. Front Psychol [Internet]. 2022 Apr [cited 2023 Feb 8];13:1-12. Available from
:https://www.frontiersin.org/articles/10.3389/fpsyg.2022.802629/full
DOI: 10.3389/fpsyg.2022.802629

4. Peña-Sarrionandia A, Mikolajczak M, Gross JJ. Integrating emotion regulation and emotional intelligence traditions: A meta-analysis. Front Psychol [Internet]. 2015 Feb [cited 2023 Feb 8];6:1-27. Available from: https://pubmed.ncbi.nlm.nih.gov/25759676/
DOI: 10.3389/fpsyg.2015.00160

5. National Scientific Council on the Developing Child. Children’s emotional development is built into the architecture of their brains. Massachusetts (MA): Harvard University, Center on the Developing Child; 2004. 10 p. Working Paper No.: 2. Available from: https://developingchild.harvard.edu/

6. Rosanbalm KD, Murray DW. Co-regulation from birth through young adulthood: A practice brief. Washington (DC): Office of Planning, Research and Evaluation, Administration for Children and Families, US. Department of Health and Human Services; 2017. 10 p. Report No.: 2017-80. Available from: https://fpg.unc.edu/publications/self-regulation-briefs

7. Ellis BH, Alisic E, Reiss A, Dishion T, Fisher PA. Emotion regulation among preschoolers on a continuum of risk: The role of maternal emotion coaching. J Child Fam Stud [Internet]. 2013 Apr [cited 2023 Feb 9];23: 965-74. Available from: https://link.springer.com/article/10.1007/s10826-013-9752-z DOI: 10.1007/s10826-013-9752-z

8. Murray DW, Rosanbalm K, Christopoulos C, Hamoudi A. Self-regulation and toxic stress: Foundations for understanding self-regulation from an applied developmental perspective. Washington (DC): Office of Planning, Research and Evaluation, Administration for Children and Families, US. Department of Health and Human Services; 2015. 33 p. Report No.: 2015-21. Available from: https://www.acf.hhs.gov/opre/report/self-regulation-and-toxic-stress-foundations-understanding-self-regulation-applied

9. Mikulincer M, Shaver PR. Attachment orientations and emotion regulation. Curr Opin Psychol [Internet]. 2019 Feb [cited 2023 Feb 9];25:6-10. Available from: https://www.sciencedirect.com/science/article/pii/S2352250X18300071?via%3Dihub DOI: 10.1016/j.copsyc.2018.02.006

 10. Sorin R. Validating young children’s feelings and experiences of fear. CIEC [Internet]. 2003 Mar [cited 2023 Feb 10];4(1):80-9. Available from: https://journals.sagepub.com/doi/abs/10.2304/ciec.2003.4.1.8
DOI: 10.2304/ciec.2003.4.1.8



အဓိက အယူအဆ သဘောထားအမြင်များ

KEYCONCEPTICON - Emotional regulation
စိတ်ခံစားမှုဆိုင်ရာ ထိန်းညှိခြင်း
စိတ်ခံစားမှုများအပေါ် ထိန်းချုပ်ရန် နည်းဗျူဟာ အမျိုးမျိုးကို အသုံးပြုနိုင်ပြီး ၎င်းတို့ တွေ့ကြုံရသည့် ပုံစံနှင့် ထုတ်ဖော်ပြသည့် ပုံစံအပေါ် လွှမ်းမိုးနိုင်သော စွမ်းရည် ဖြစ်ပါသည်။

KEYCONCEPTICON - Emotional dysregulation
စိတ်ခံစားမှုဆိုင်ရာ ထိန်းညှိမှု ချို့ယွင်းခြင်း
ကျွန်ုပ်တို့၏ နေ့စဉ် ဘဝ (သို့မဟုတ်) ရေရှည် ရည်မှန်းချက်များကို အစီအစဉ်ရေးဆွဲနိုင်ခြင်း၊ စီစဉ်နိုင်ခြင်းနှင့် အပြီးသတ်နိုင်ခြင်းတို့အပေါ် နှောင့်ယှက်နေသော စိတ်ခံစားမှုဆိုင်ရာ အတွေ့အကြုံများ၊ ထုတ်ဖော်ပြသမှုများ၏ ပုံစံ ဖြစ်ပါသည်။
KEYCONCEPTICON - Achievement emotions
စိတ်ခံစားမှုများကို စွမ်းဆောင်နိုင်ခြင်း
ကျွန်ုပ်တို့၏ ရည်မှန်းချက်ပန်းတိုင်များ အောင်မြင်မှုကို ရယူနိုင်ခြင်းနှင့် တိုက်ရိုက်သက်ဆိုင်သော စိတ်ခံစားမှုများ အားလုံးကို ဆိုလိုပါသည်။

၈.၁ စိတ်ခံစားမှုများက သင်ယူလေ့လာမှုနှင့် မည်ကဲ့သို့ သက်ဆိုင်နေပါသနည်း။

ကျွန်ုပ်တို့ရဲ့ စိတ်ခံစားမှုတွေက ကျွန်ုပ်တို့ရဲ့ ဆက်ဆံရေး၊ တစ်ဦးတစ်ယောက်ရဲ့ ကျန်းမာရေး/ ကောင်းကျိုး စတဲ့ ဘဝရဲ့ ရှုထောင့် အမျိုးမျိုးအပေါ် အကျိုးသက်ရောက်နိုင်တဲ့ အလားအလာရှိတယ်ဆိုတာ သိရှိကြပါတယ်။ အဲဆို ကျောင်းသူ/ သားတွေရဲ့ သင်ယူလေ့လာမှုဆိုင်ရာ ရည်မှန်းချက်ပန်းတိုင်တွေ အောင်မြင်ဖို့အတွက် သူတို့ရဲ့ စွမ်းရည်ရော ဘယ်လိုလဲ။ အကယ်လို့ စိတ်ခံစားမှုတွေက ကျောင်းသူ/ သားတို့ရဲ့  သင်ယူလေ့လာမှုမှာ အောင်မြင်မှုရရှိတဲ့အပေါ် လွှမ်းမိုးနိုင်တယ်ဆိုရင် အဲတာက ဘယ်လို အလုပ်လုပ်ပါသလဲ။  ဒီ သင်ခန်းစာရဲ့ ပထမဆုံး ဗီဒီရိုက ဒီမေးခွန်းတွေရဲ့ အဖြေကို ပိုပြီး ရှင်းလင်းဖော်ပြဖို့ ပါရှိပါတယ်။ ကျွန်ုပ်တို့ရဲ့ စိတ်ခံစားမှုနှင့် သင်ယူလေ့လာမှုကြားမှာ ဆက်နွှယ်မှုရှိတယ်ဆိုတာ တွေ့ရပါလိမ့်မယ်။ ဒါပေမယ့် ဘယ်လိုနည်းနဲ့လဲ။ အဲဆို ဆက်ပြီး ရှာဖွေဖော်ထုတ်ကြပါဆို့။ 

သင်ယူလေ့လာမှုတွင် အောင်မြင်မှုကို ခန့်မှန်းခြင်း။ သင်ရော ဘယ်လို ထင်မြင်ယူဆ ပါသလဲ။

အခုဆိုရင် စိတ်ခံစားမှုများကို စွမ်းဆောင်နိုင်ခြင်းက သင်ယူလေ့လာတဲ့နေရာမှာ ဘယ်လောက်အထိ အရေးပါလည်းဆိုတာ တွေ့ရှိခဲ့ပြီးပြီဖြစ်လို့ အခုဆိုရင် ဘယ်လောက် အာရုံစိုက်ခဲ့လည်းဆိုတာ ကြည့်ရအောင်။ အောက်ကအမှန် (သို့မဟုတ်) အမှားမေးခွန်းတွေက စိတ်ခံစားမှုနှင့် သင်ယူလေ့လာမှုကြား ဆက်နွှယ်မှုအပေါ် သင်တို့ရဲ့ နားလည်သိရှိမှုကို စစ်ဆေးသွားပါမယ်။ အဲမေးခွန်းတွေကို ဖြေဆိုဖို့ အဆင်သင့်ပဲလား။

ဒါဆို သင် ဘယ်လို လုပ်ခဲ့ပါသလဲ။ စိတ်ခံစားမှုတွေက သင်ယူလေ့လာမှုမှာ၊ ဖြစ်စဉ်အပေါ် အထောက်အကူပဲ ဖြစ်ဖြစ်၊ နှောင့်ယှက်မှုပဲ ဖြစ်ဖြစ် အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေတယ်ဆိုတာ သတိချပ်ဖို့ အရေးကြီးပါတယ်။ ဒီဆက်နွှယ်မှုကို နားလည်သဘောပေါက်ခြင်းက အားရကျေနပ်ဖွယ်ရာ စိတ်ခံစားမှုတွေကို တိုးမြှင့်ပြီး အားအရကျေနပ်ဖွယ်ရာ မဟုတ်တဲ့ စိတ်ခံစားမှုတွေကို သင်လေ့လာမှု ရည်မှန်းချက်ပန်းတိုင်အပေါ် အနှောင့်အယှက် မဖြစ်တဲ့ ပုံစံမျိုးနှင့် ထိန်းကျောင်းနိုင်မယ့် နည်းလမ်းတွေ ရှာဖွေဖို့ အရေးကြီးပါတယ်။

၈.၂ စိတ်ခံစားမှုဆိုင်ရာ ထိန်းညှိခြင်းနှင့် ထိန်းညှိမှု ချို့ယွင်းခြင်းအပေါ်  နားလည်သိရှိခြင်း

စိတ်ခံစားမှုတွေက သင်ယူလေ့လာတဲ့နေရာမှာ ဘယ်လောက်အထိ အရေးပါတဲ့ အခန်းကဏ္ဍကရှိတယ်ဆိုတာ သိရှိပြီးဖြစ်ပေမယ့်လည်း ကျွန်ုပ်တို့ရဲ့ စိတ်ခံစားမှုတွေ အလွန်ပြင်းထန်လာတဲ့အချိန်၊ နေ့စဉ်ဘဝမှာ လုပ်ဆောင်ဖို့ အနှောင့်အယှက်တွေ စတင်ဖြစ်ပေါ်တဲ့အချိန် ဘယ်လို ဖြစ်တတ်ပါသလဲ။ ဒီနေရာက စိတ်ခံစားမှုဆိုင်ရာ ထိန်းညှိခြင်းအကြောင်း စတင်ဆွေးနွေးရပါတော့မယ်။ နောက် ဗီဒီရိုက စိတ်ခံစားမှုဆိုင်ရာ ထိန်းညှိခြင်း ခေါင်းစဉ်အကြောင်း ပိုမို လေ့လာပြီး စိတ်ခံစားမှုဆိုင်ရာ ထိန်းညှိမှု ချို့ယွင်းခြင်းကြား ဘယ်လို ကွဲပြားခြားနားလည်းဆိုတာ စူးစမ်းလေ့လာ ရပါမယ်။ လေ့လာသင်ယူခြင်းနှင့် အောင်မြင်မှု ရယူခြင်းမှာ စိတ်ခံစားမှုဆိုင်ရာ ထိန်းညှိခြင်းရဲ့ အရေးပါပုံအကြောင်း အသားပေး သွားပါမယ်။ 

လက်တွေ့ရှိ စိတ်ခံစားမှုဆိုင်ရာ ထိန်းညှိခြင်းနှင့် ထိန်းညှိမှု ချို့ယွင်းခြင်း။ သင် ခွဲခြားနိုင်ပါသလား။

အခုဆိုရင် စိတ်ခံစားမှုဆိုင်ရာ ထိန်းညှိခြင်းခြင်းနှင့် ထိန်းညှိမှု ချို့ယွင်းခြင်းကြား ကွဲပြားချက်အပေါ် ရှင်းလင်းစွာ နားလည်သိရှိသွားပြီ ဖြစ်တာကြောင့် လက်တွေ့မှာ အသုံးချရအောင်။ အောက်က ဖြစ်ရပ်တွေမှာဆိုရင် လက်တွေ့မှာ စိတ်ခံစားမှုဆိုင်ရာ ထိန်းညှိခြင်းခြင်းနှင့် ထိန်းညှိမှု ချို့ယွင်းခြင်း (၂) ခုလုံးရဲ့  ဥပမာတွေ တွေ့ရပါမယ်။ ဒီဖြစ်ရပ်တွေက သင်ရဲ့ လေ့လာသင်ယူမှု အသစ်တွေနှင့် လက်တွေ့ ဘဝ အခြေအနေမှာ ထိရောက်တဲ့ (သို့မဟုတ်) မထိရောက်တဲ့ စိတ်ခံစားမှုဆိုင်ရာ ထိန်းညှိခြင်း ပုံစံတွေကို သိရှိတဲ့နေရာမှာ အထောက်အကူ ဖြစ်ဖို့ ရည်ရွယ်ထားပါတယ်။ သင် လေ့လာခဲ့တဲ့အရာတွေကို အသုံးချဖို့ အဆင်သင့် လုပ်ထားပါ။ သင် ကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့ (သို့မဟုတ်) လေ့လာခဲ့မိတဲ့ အပြုအမှုတွေအကြောင်း သေချာ စဉ်းစားပါ။ ဖြစ်ရပ် တစ်ခုချင်းစီကို ဖတ်ရှုပြီး အဖြေကို မကြည့်ခင် စိတ်ခံစားမှုဆိုင်ရာ ထိန်းညှိခြင်း (သို့မဟုတ်) ထိန်းညှိမှု ချို့ယွင်းခြင်းရဲ့ ဥပမာ ဟုတ်၊ မဟုတ် ခန့်မှန်းရပါမယ်။ 

အဲဆို သင် ဘယ်လိုလုပ်ခဲ့လဲဆိုတာ ကြည့်ရအောင်။ ဒီ ဖြစ်ရပ်တွေက စိတ်ခံစားမှုဆိုင်ရာ ထိန်းညှိခြင်းနှင့် ထိန်းညှိမှု ချို့ယွင်းခြင်းကြား ခွဲခြားဖို့ စိန်ခေါ်မှု ရှိခဲ့ပါသလား။ စိတ်ခံစားမှုဆိုင်ရာ ထိန်းညှိခြင်းဆိုတာက စိတ်ခံစားမှုတွေကို ကျန်းမာတဲ့နည်း၊ ထိရောက်တဲ့နည်းနှင့် ထိန်းချုပ်နိုင်တဲ့၊ စီမံခန့်ခွဲနိုင်တဲ့ စွမ်းရည်ကို ဆိုလိုတယ်ဆိုတာ သတိချပ်စေပါ။ တစ်ခြားတစ်ဘက်မှာလည်း စိတ်ခံစားမှုဆိုင်ရာ ထိန်းညှိမှု ချို့ယွင်းခြင်းဆိုတာ စိတ်ခံစားမှုတွေကို ထိန်းချုပ်နိုင်စွမ်း မရှိတော့ပဲ အပြုအမှုနှင့် ဆုံးဖြတ်ချက်ချတဲ့ နေရာမှာ မကောင်းတဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်ပေါ် စေပါတယ်။ ဒီဖြစ်ရပ်တွေက လက်တွေ့ ဘဝမှာ စိတ်ခံစားမှုဆိုင်ရာ ထိန်းညှိခြင်းနှင့် ထိန်းညှိမှု ချို့ယွင်းချက်အကြောင်း နားလည်မှုကို အသုံးချတဲ့ နေရာမှာ အထောက်အကူဖြစ်ဖို့ ရည်ရွယ်ထားပါတယ်။ အဲတာတွေကို ဆက်စပ်နိုင်မလာ။ 

၈.၃ ကျောင်းသားများကို ပြင်းထန်သော စိတ်ခံစားမှုများ စီမံခန့်ခွဲရာတွင် ကူညီပေးမည့် လက်တွေ့ဆန်သော နည်းဗျူဟာများ

စိတ်ခံစားမှုဆိုင်ရာ ထိန်းညှိခြင်းနှင့် ထိန်းညှိမှု ချို့ယွင်းခြင်းတို့ကြားက ခြားနားချက်တွေအကြောင်း လေ့လာပြီးတဲ့နောက်မှာ နောက်တစ်ဆင့်ကတော့ သင့်ထံကို ကျောင်းသားတွေအနေနဲ့ ပြင်းထန်တဲ့ စိတ်ခံစားမှုတွေကို စီမံခန့်ခွဲနိုင်အောင် လေ့လာရာမှာ ကူညီပေးနိုင်တဲ့ လက်တွေ့ဆန်ဆန် နည်းဗျူဟာတွေ ပေးအပ်ဖို့ဖြစ်ပါတယ်။ အတိအကျပြောရရင် လူတစ်ယောက်ကို သူ့ရဲ့ အာရုံကြောစနစ်ကို ငြိမ်သက်အောင် ပြုလုပ်ပေးပြီး ပြင်းထန်တဲ့ ဒါမှမဟုတ် လွှမ်းမိုးမှုများတဲ့ စိတ်ခံစားမှုတွေကို ထိန်းချုပ်ဖို့ ကူညီပေးရာမှာ အသုံးများတဲ့ အခြေခံနည်းလမ်းတွေနဲ့ အသက်ရှူလေ့ကျင့်ခန်း လေးခုကို မိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်။ နောက်ပြမယ့် ဗီဒီယိုအသစ်အနည်းငယ်က သင်တို့အတွက် အသုံးဝင်ပြီး ဗဟုသုတရစေမယ်လို့ မျှော်လင့်ပါတယ်။

၈.၄ အတူတကွ လေ့လာသင်ယူမှု - ငါ့ရဲ့ စိတ်ခံစားမှုတွေကို ငါထိန်းချုပ်နိုင်တယ်

ဒီမော်ဒျူးရဲ့ နောက်ဆုံးအစိတ်အပိုင်းမှာတော့ သင့်ပါဝင်သူတွေက သူတို့ရဲ့ အသိပညာအသစ်တွေအားလုံးကို လက်တွေ့အသုံးချနိုင်မယ့် အခွင့်အရေးကို ရရှိမှာဖြစ်ပါတယ်။ ပါဝင်သူတွေက သူတို့ရဲ့ကျောင်းသားတစ်ယောက် စိတ်ခံစားမှုတွေကို ထိန်းညှိဖို့လိုအပ်တဲ့ အခန်းကဏ္ဍတစ်ခုကို ပြန်စဉ်းစားပြီး ဖော်ပြရမယ့် ပြုမူသရုပ်ဆောင်မှုဆိုင်ရာ လှုပ်ရှားမှုတစ်ခုကို အုပ်စုသေးအလိုက် ပြုလုပ်သွားရမှာဖြစ်ပါတယ်။ 


ပါဝင်သူတွေက အခန်းကဏ္ဍအတွက် အောင်မြင်တဲ့ ဖြေရှင်းနည်းတစ်ခုကို ပြုမူသရုပ်ဖော်ပြဖို့အတွက် သူတို့လေ့လာထားတဲ့ နည်းဗျူဟာတွေကို အသုံးပြုနိုင်သွားပါမယ်။ ဒီလှုပ်ရှားမှုက သူတို့ လေ့လာထားတဲ့ နည်းဗျူဟာတွေကို သူတို့ ကြုံတွေ့ထားတဲ့ ဒါမှမဟုတ် ကြုံတွေ့ဖို့ ဖြစ်နိုင်ခြေများတဲ့ လက်တွေ့စာသင်ခန်းအခြေအနေတွေမှာ ဘယ်လိုအသုံးချနိုင်မလဲဆိုတာကို သိရှိဖို့ အခွင့်အရေးတစ်ခုကို သူတို့ထံ ပေးအပ်မှာဖြစ်ပါတယ်။ ဒါ့အပြင် ကျောင်းသားတွေကို ပြင်းထန်တဲ့ စိတ်ခံစားမှုတွေ စီမံခန့်ခွဲဖို့ စွမ်းရည်တွေ ရရှိအောင် ကူညီပေးရာမှာ ဆရာ့ ကဏ္ဍရဲ့ အရေးပါမှုကို အလေးပေးဖို့ ကူညီပေးသွားမှာဖြစ်ပါတယ်။


ငါ့ရဲ့ စိတ်ခံစားမှုတွေကို ငါထိန်းချုပ်နိုင်တယ်

လမ်းကြောင်းပေးသူတစ်ယောက်အနေနဲ့ သင့်တာဝန်က ပါဝင်သူတွေကို ကျောင်းသားတစ်ယောက်က သူ့ရဲ့ စိတ်ခံစားမှုတွေကို ထိန်းညှိဖို့ လိုအပ်တဲ့ အခန်းကဏ္ဍတွေကို ပြန်စဉ်းစားပြီး ဖော်ပြဖို့ အခွင့်အလမ်းရရှိမယ့် ပြုမူသရုပ်ဆောင်မှုဆိုင်ရာ လှုပ်ရှားမှုတစ်ခုကနေတစ်ဆင့် လမ်းပြပေးဖို့ဖြစ်ပါတယ်။ အဲ့နောက်မှာ သူတို့တွေက ကျောင်းသားတွေကို သူတို့ရဲ့ စိတ်ခံစားမှုတွေကို ထိန်းညှိနိုင်အောင် လေ့လာဖို့ ကူညီပေးရာမှာ ဆရာတွေရဲ့ ကဏ္ဍအကြောင်း သူတို့လေ့လာသိရှိမှုအသစ်တွေနဲ့ အရင်အပိုင်းမှာ ပို့ချပေးခဲ့တဲ့ အခြေခံနည်းလမ်းတွေကို အသုံးပြုပြီး အောင်မြင်တဲ့ ဖြေရှင်းနည်းတွေနဲ့ ဒီအခြေအနေတွေကို ပြုမူသရုပ်ဖော်ဖို့ အုပ်စုသေးအလိုက် လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ပါဝင်သူတွေကို တက်တက်ကြွကြွ ပါဝင်လုပ်ဆောင်ဖို့ တိုက်တွန်းအားပေးပြီး အသံတိုင်း နားထောင်ခံရကြောင်း သေချာအောင်လုပ်ပါ။ လှုပ်ရှားမှုအပြီးမှာ ပါဝင်သူတွေက သူတို့ရဲ့ အတွေ့အကြုံတွေအပေါ် သုံးသပ်နိုင်၊ ထိုးထွင်းသိမြင်မှုတွေကို ဝေမျှပေးနိုင်ပြီး သူတို့ရင်ဆိုင်ခဲ့ရတဲ့ စိန်ခေါ်မှုတွေအကြောင်း ဆွေးနွေးနိုင်မယ့် အမေးအဖြေဆက်ရှင်တစ်ခုကို ပြုလုပ်ပေးပါ။ နောက်ဆုံးအနေနဲ့ ကျောင်းသားအားလုံးအတွက် လုံခြုံပြီး ကူညီပံ့ပိုးပေးမှုရှိတဲ့ လေ့လာသင်ယူရေး ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးနိုင်ဖို့အတွက် သူတို့ရဲ့ စာသင်ခန်းတွေထဲမှာ ဒီနည်းဗျူဟာတွေကို တစ်သမတ်တည်း အကောင်အထည်ဖော်ခြင်းရဲ့ အရေးပါမှုကို ပါဝင်သူတွေထံ သတိပေးပါ။

အကြံပြုသော ချဉ်းကပ်နည်း
အုပ်စုသေးများဖြင့် ပြုမူသရုပ်ဆောင်ခြင်း


  1. သင့်ပါဝင်သူတွေကို အများဆုံးငါးယောက်အထိပါတဲ့ အုပ်စုတွေအဖြစ်ခွဲပေးလိုက်ပါ။ သင့်ပါဝင်သူတွေကို သူတို့သင်ကြားပြသပေးတဲ့ အသက်အရွယ်အုပ်စုအပေါ် အခြေခံပြီး အုပ်စုဖွဲ့ပေးဖို့ အကြံပြုပါတယ်။

  2. သင့်ပါဝင်သူတွေကို သူတို့ရဲ့ ကျောင်းသားတစ်ဦးက ပြင်းထန်တဲ့ စိတ်ခံစားမှုတွေကို ခံစားရပြီး ၎င်းတို့ကို ထိန်းညှိဖို့ လိုအပ်တဲ့ အခန်းကဏ္ဍတွေကို ပြန်လည်တွေးတောပြီး ဖော်ပြဖို့အတွက် တိုက်တွန်းအားပေးရင်း အခန်းကဏ္ဍကို သတ်မှတ်ပါ။

  3. သင့်ပါဝင်သူတွေကို အခန်းကဏ္ဍတစ်ခုစီအတွက် ဘယ်သူက ကျောင်းသားအဖြစ်၊ ဘယ်သူက ဆရာအဖြစ် သရုပ်ဆောင်မလဲဆိုတာ ဆုံးဖြတ်ခိုင်းပြီး သူတို့ရဲ့ ပြုမူသရုပ်ဆောင်မှုကို စီစဉ်ဖို့ ညွှန်ကြားပါ။

  4. သင့်အုပ်စုထဲက ပါဝင်သူတွေကို သူတို့ဖော်ပြထားတဲ့ အခန်းကဏ္ဍအတွက် အောင်မြင်တဲ့ ဖြေရှင်းနည်းကို ပြုမူသရုပ်ဖော်နိုင်ဖို့ အတွဲလိုက် တစ်လှည့်စီ သရုပ်ဆောင်ဖို့ လမ်းညွှန်ပေးပါ။ ဒါကို လူတိုင်း ကြိုးစားလုပ်ဆောင်နိုင်ခွင့်ရှိကြောင်း သေချာအောင်လုပ်ပါ။


    5. ပြုမူသရုပ်ဆောင်မှုကဏ္ဍတစ်ခုစီကြားမှာ 

အဖွဲ့လိုက်ပြန်လည် အစီရင်ခံခြင်း


  1. လူတိုင်းရှိတဲ့နေရာဆီ ပြန်သွားပြီးတဲ့နောက်မှာ ပါဝင်သူတွေက သူတို့ရဲ့ အတွေ့အကြုံတွေအပေါ် သုံးသပ်နိုင်၊ ထိုးထွင်းသိမြင်မှုတွေ ဝေမျှပေးနိုင်ပြီး ပြုမူသရုပ်ဆောင်မှုဆိုင်ရာ လှုပ်ရှားမှုအတွင်းမှာ သူတို့ ရင်ဆိုင်ခဲ့ရတဲ့ စိန်ခေါ်မှုတွေကို ဆွေးနွေးနိုင်မယ့် အမေးအဖြေဆက်ရှင်တစ်ခုကို ပြုလုပ်ပေးပါ။ သင်ဒါတွေ မေးနိုင်ပါတယ် -

 

 ● ဒီလှုပ်ရှားမှုကနေ သင် ဘာလေ့လာခဲ့ရလဲ။

 ● သင့်အသုံးပြုခဲ့တဲ့ နည်းလမ်းတွေကို လက်တွေ့အသုံးချခြင်းမှာ ဘာတွေက လွယ်ကူလဲ ဒါမှမဟုတ် ခက်ခဲလဲ။

 ● ကလေးတွေကို သူတို့ရဲ့ စိတ်ခံစားမှုတွေ ထိန်းညှိရာမှာ ကူညီပေးနိုင်တဲ့ တခြားဘာနည်းလမ်းတွေရှိတယ်လို့ သင်ထင်လဲ။


သင်တန်းအပြီးတွင် …

သင်တန်းသားများ၏ အမြင်များကို ဂရုစိုက်မှုရှိကြောင်း ပြသပါ။

ခေါင်းစဉ်နှင့်ပါတ်သက်၍ သင့်သင်တန်းသားများ၏ အမြင်များ နှင့် သင်တန်းသည် တန်ဖိုးရှိပြီး အနာဂါတ် သင်တန်းမော်ဒျူး များကို မည်သို့ပို့ ချရ မလဲဆိုတာကို သတင်းအချက်အလက်ပေးနိုင်သည်။

နှုတ်အားဖြင့် ဝေဖန်အကြံပြုထားသော တုံ့ပြန်ဖြေကြားချက်များကို စုစည်းခြင်းအားဖြင့် သင်တန်းဆက်ရှင်ကို အဆုံးသတ်ပါ။

 ● သင်တန်းချိန်မှာ ယခင်က မသိခဲ့သော မည်သည့်အရာများကို သင်ယူခဲ့ရပါလဲ။ 
 ● ဤခေါင်းစဉ်သည် ကျောင်းသားများနှင့် အလုပ်လုပ်ရာတွင် ဆရာများအတွက် မည်သို့အသုံးဝင်မည်ဟု ထင်ပါသနည်း။
 ● သင်တန်းမှ ၎င်းတို့ ယူဆောင်သွားနိုင်သော အဖိုးတန်ဆုံး မှတ်သားဖွယ်အချက်က ဘာလဲ။

ပိုမို နည်းစနစ်တကျ စောင့်ကြည့်လေ့လာခြင်း နှင့် သုံးသပ်ခြင်းများလုပ်ဆောင်ရန် သင်တန်းအပြီး စစ်ဆေးခြင်းအဖြေလွှာ နှင့် သင်တန်း သုံးသပ် ချက်ဖောင်များအပေါ် သင်တန်းသားများ၏ တုံ့ပြန်မှုများကို ကောက်ခံရန် အသေအချာ လုပ်ဆောင်ပါ။

ယခင်မော်ဒျူး
ရှေ့မော်ဒျူး