သင်ယူလေ့လာမှု အကျိုးရလဒ်များ
- အနာရောဂါငြိမ်းစေနိုင်သော ဆရာ နှင့် စာသင်ခန်း၏ အခန်းကဏ္ဍ ကို ဖော်ပြနိုင်မည်ဖြစ်သည်။
- SEL ၏ CASEL မူဘောင်နှင့် ဆက်စပ်နေသော ကျွမ်းကျင်မှု စွမ်း ရည်များကို အမည်တပ်ခြင်း နှင့် ၎င်းစွမ်းရည်များသည် ကလေး၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် မည်သို့ ချိတ်ဆက်နေကြောင်းကို ရှင်းပြနိုင်မည် ဖြစ်သည်။
- နည်းစနစ်ကျသော တစ်ကျောင်းလုံးဆိုင်ရာ SEL အစီအစဉ်များချ မှတ်ခြင်း၏ ကောင်းကျိုးများအား ရှင်းပြနိုင်မည် ဖြစ်သည်။
- ၎င်းတို့ကိုယ်ပိုင်ကျောင်းတွင် SEL အား လက်ခံကျင့်သုံးခြင်း၏ ကောင်းကျိုးများကို ချင့်ချိန်ဆုံးဖြတ်ခြင်း နှင့် ရှင်းပြခြင်းများကို လုပ် ဆောင်နိုင်မည်ဖြစ်ပြီး၊ ရှိနေပြီးဖြစ်သော အရင်းအမြစ်များဖြင့် မည်သို့ တစ်ဆင့်ခြင်းစီ လက်တွေ့လုပ်ဆောင်မည်ကိုလည်း ထုတ်ဖော်နိုင် မည်ဖြစ်သည်။
မော်ဒျူးနိဒါန်း
ဆရာများသည် ၎င်းတို့၏ကျောင်းသားများအတွက် အနာရောဂါ ငြိမ်းစေသောသူများအဖြစ် အရေးကြီးသော အခန်းကဏ္ဍတွင် ရှိသည်။ အဘယ့်ကြောင့် ဆိုသော် ၎င်းတို့သည် စိန်ခေါ်မှုများကို ရင်ဆိုင်ရန်၊ စိတ်ဓာတ်ကြံ့ခိုင်မှု တိုးတက်စေရန်၊ ပညာရပ်ပိုင်းဆိုင်ရာ နှင့် ပုဂ္ဂိုလ်ရေးအရ ရှင်သန်ကြီးထွားစေရန် အစရှိသော အရေးပါသော လူမှု-စိတ်ခံစားမှုဆိုင်ရာ စွမ်းရည်များကို ပြင်ဆင်ပေးနိုင်သည့် နေရာတွင် ထူးခြားစွာရှိနေခြင်းကြောင့်ဖြစ်သည်။ ကျောင်း သားများအား အထောက်အကူဖြစ်စေသော ဆက်ဆံရေးများကို ပြုစုပျိုးထောင်ပေးခြင်းအားဖြင့် ဆရာများသည် လူမှုရေး နှင့် စိတ်ခံစားမှုဆိုင်ရာ တိုး တက်ဖွံ့ဖြိုးမှုများကို မြှင့်တင်ပေးနိုင်သည့် ဘေးကင်းလုံခြုံမှုရှိပြီး မြေတောင်မြောက်ပေးနိုင်သော ပါတ်ဝန်းကျင်ကို ဖန်တီးပေးနိုင်သည်။ ထို့ကြောင့် SEL ကို နည်းစနစ်ကျကျ တစ်ကျောင်းလုံး ချဉ်းကပ်မှုအား အကောင်အထည်ဖော်လုပ်ဆောင်ခြင်းသည် ကျောင်းသားများ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်မှုအား မြှင့်တင်ရာတွင် လိုအပ်သော နောက်ထပ်အခြေခံအဆင့် တစ်ခုဖြစ်ပြီး အနာရောဂါ ငြိမ်းစေသူများအဖြစ်ပါဝင်သော ဆရာများ၏ အရေးပါသော အခန်း ကဏ္ဍကို ၎င်းက အားဖြည့်ပေးနေသည်။
လူမှု-စိတ်ခံစားမှုဆိုင်ရာ သင်ယူခြင်း (SEL) အား ကျောင်းတစ်ခုလုံးတွင် အကောင်အထည်ဖော်ဆောင်ရွက်ခြင်း နှင့် ကလေးများ၊ ဆရာများ နှင့် ယေဘု ယျ ပညာရေးဆိုင်ရာ ပါတ်ဝန်းကျင်များအတွက် အကျိုးကျေးဇူးအများအပြားကို နည်းစနစ်ကျကျ ပေးစွမ်းနိုင်ပါသည်။ SEL အား အပြည့်အဝချဉ်းကပ် လက်ခံကျင့်သုံးခြင်းအားဖြင့် ကျောင်းသားအားလုံး၏ လူမှုရေး နှင့် စိတ်ခံစားမှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပေးနိုင်သည့် အထောက်အကူပေးနိုင် သော၊ အားလုံးပါဝင်နိုင်သည့် အပြုသဘောဆောင်သော သင်ယူမှု အသိုင်းအဝိုင်းကို ကျောင်းများက ဖန်တီးပေးနိုင်သည်။
SEL အား တစ်ကျောင်းလုံး နည်းစနစ်ကျကျ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၏ အကျိုးကျေးဇူးများမှ အဓိက အကျိုးကျေးဇူး တစ်ခုမှာ အပြုသ ဘောဆောင်သော ကျောင်းပါတ်ဝန်းကျင်အား မြှင့်တင်ခြင်းဖြစ်သည်။ အပြုသဘောဆောင်သော ကျောင်းပါတ်ဝန်းကျင်သည် တိုးတက်မှုရှိသော ပညာ ရေးစွမ်းဆောင်မှု၊ ကျောင်းသားအချင်းချင်း ထိတွေ့ ဆက်ဆံမှု တိုးလာခြင်း နှင့် အပြုအမူပိုင်းဆိုင်ရာ ပြဿနာများလျော့နည်းလာခြင်းအစရှိသည့်အ ချက်များနှင့် ဆက်စပ်မှုရှိကြောင်းကို သုတေသနပြုချက်က ပြသနေပါသည်။ SEL အား သင်ရိုးညွှန်းတန်း၊ ကျောင်းပြင်ပ လှုပ်ရှားမှုများ နှင့် ဝန်ထမ်းဖွံ့ဖြိုး တိုးတက်မှုအစရှိသည့် ကျောင်းပါတ်ဝန်းကျင်၏ ကဏ္ဍပေါင်းစုံတွင် ပါဝင်ပေါင်းစပ် လက်တွေ့လုပ်ဆောင်သည့်အခါ ... ကျောင်းသားများသည် အဖွဲ့အ စည်းတစ်ခု၏ အဖွဲ့ဝင်ဖြစ်သည်ဟူသော စိတ်ခံစားချက် နှင့် ရင်းနှီးချိတ်ဆက်မှုကို ပိုမိုခံစားရစေနိုင်ပြီး ကျောင်းတွင် စိတ်အားထက်သန်မှု၊ ချိတ်ဆက်
လုပ်ဆောင်မှု နှင့် အောင်မြင်မှုများဆီသို့ ဦးတည်ခေါ်ဆောင်သွားစေနိုင်သည်။ [၁ - ၃]
SEL အားနည်းစနစ်ကျကျ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၏ အကျိုးကျေးဇူးများမှ နောက်ထပ်အကျိုးကျေးဇူးတစ်ခုမှာ ကျောင်းသားများ၏ လူမှု ရေး နှင့် စိတ်ခံစားမှုဆိုင်ရာ ကျွမ်းကျင်မှု စွမ်းရည်များကို တိုးပွားစေခြင်းပင်ဖြစ်သည်။ မိမိကိုယ်မိမိ သတိပြုမိခြင်း၊ မိမိကိုယ်မိမိ စီမံခန့်ခွဲခြင်း၊ လူမှုရေး ရာ သိမြင်ခြင်း၊ ဆက်ဆံရေးဆိုင်ရာ စွမ်းရည်များ နှင့် တာဝန်ယူတာဝန်ခံမှုရှိသော ဆုံးဖြတ်ချက်ချမှတ်ခြင်းအစရှိသော စွမ်းရည်များကို တိုးတက်အောင် လုပ်ဆောင်ဖို့ရန် ကျောင်းသားများအတွက် အခွင့်အရေးများပေးခြင်းအားဖြင့် ကျောင်းများသည် ကျောင်းအတွင်း နှင့် အပြင်နှစ်ခုစလုံးရှိ ဘဝစိန်ခေါ်မှု များကို ပဲ့ကိုင်ထိန်းကြောင်းသွားလာနိုင်ရန် ကျောင်းသားများအား မဖြစ်မနေ လိုအပ်သော ကိရိယာစွမ်းရည်များကိုတပ်ဆင်ပေးနိုင်သည်။ SEL အစီအ စဉ်များတွင် ပါဝင်သော ကျောင်းသားများသည် ပညာရေးပိုင်းဆိုင်ရာ အောင်မြင်မှု၊ စိတ်ကျန်းမာရေး နှင့် လူမှုဆက်ဆံရေးများတွင် တိုးတက်မှုများရှိ ကြောင်း လေ့လာတွေ့ရှိချက်များက ဖော်ပြနေပါသည်။ [၄၊ ၅]
ထို့အပြင် SEL ကို စနစ်တကျ ချဉ်းကပ်လုပ်ဆောင်ခြင်းသည် ဆရာများ၊ စီမံခန့်ခွဲရေး အဖွဲ့ဝင်များ နှင့် အထောက်အပံ့ပေးသော ဝန်ထမ်းများအကြား ပူးပေါင်းလုပ်ဆောင်မှုကို ပြုစုပျိုးထောင်ပေးပါသည်။ ဤပူးပေါင်းလုပ်ဆောင်မှုသည် SEL အစပြုလုပ်ဆောင်မှုများ၏ အကျိုးထိရောက်မှု နှင့် ရေရှည် တည်တံ့မှုများအား တိုးမြှင့်ပေးပြီး တူညီသော ပန်းတိုင်တစ်ခုဆီသို့ အတူအတကွ ကြိုးစားလုပ်ဆောင်၍ သွားနေကြောင်းကို ပါဝင်သူများအား သေချာ စေပါသည်။ SEL အား အခိုင်အမာ အလေးပေးလုပ်ဆောင်မှုရှိသော ကျောင်းများသည် ဝန်ထမ်းများ၏ စာရိတ္တ နှင့် အလုပ်အပေါ် စိတ်ကျေနပ်ပျှော်ရွှင်မှု များ တိုးတက်မှုရှိကြောင်းမကြာခဏ တွေ့ရသည်။ ပညာသင်ကြားပို့ချပေးသူများသည်လည်း အထောက်အပံ့များ ပိုမိုရရှိသည်ဟု ခံစားရပြီး ၎င်းတို့ ကျောင်းသားများ၏ လူမှုရေး နှင့် စိတ်ခံစားမှုပိုင်းဆိုင်ရာ လိုအပ် ချက်များကို စီမံခန့်ခွဲရန် အရည်အချင်းများ ပိုမိုရှိလာသည်ဟု ခံစားရစေပါသည်။ [၆၊၇]
ကိုးကားချက်များ
1. Cohen J. Creating a Positive School Climate: A Foundation for Resilience. In: Goldstein S, Brooks RB, editors. Handbook of Resilience in Children [Internet]. Boston, MA: Springer US; 2013 [cited 2023 Apr 3]. p. 411–23. Available from: https://doi.org/10.1007/978-1-4614-3661-4_24
2. Darling-Hammond L, DePaoli J. Why school climate matters and what can be done to improve it . State Educ Stand [Internet]. 2020 May [cited 2023 Apr 3];20(2):7-11. Available from: https://files.eric.ed.gov/fulltext/EJ1257654.pdf
3. Bradshaw CP, Cohen J, Espelage DL, Nation M. Improving school climate to optimize youth mental health: Implications for increasing the uptake and outcomes of evidence-based programs. In: Evans SW, Owens JS, Bradshaw CP, Weist MD, editors. Handbook of School Mental Health: Innovations in Science and Practice [Internet]. Cham: Springer International Publishing; 2023 [cited 2023 Apr 3]. p. 439–49. (Issues in Clinical Child Psychology). Available from: https://doi.org/10.1007/978-3-031-20006-9_29
4. Clarke A, Sorgenfrei M, Mulcahy J, Davie P, Friedrich C, McBride T. Adolescent mental health: A systematic review on the effectiveness of school-based interventions. London: Early Intervention Foundation; 2021. 9 p. Available from: https://www.eif.org.uk/report/adolescent-mental-health-a-systematic-review-on-the-effectiveness-of-school-based-interventions
5. Taylor RD, Oberle E, Durlak JA, Weissberg RP. Promoting positive youth development through school-based social and emotional learning interventions: A meta-analysis of follow-up effects. Child Dev [Internet]. Jul 2017 [cited 2023 Apr 3];88(4):1156-71. Available from: https://doi.org/10.1111/cdev.12864 DOI: 10.1111/cdev.12864
6. Collie RJ, Shapka JD, Perry NE. Predicting teacher commitment: The impact of school climate and social–emotional learning. Psychol Sch [Internet]. Nov 2011 [cited 2023 Apr 3];48(10):1034-48. Available from: https://onlinelibrary.wiley.com/doi/abs/10.1002/pits.20611 DOI: 10.1002/pits.20611
7. Collie RJ, Shapka JD, Perry NE. School climate and social–emotional learning: Predicting teacher stress, job satisfaction, and teaching efficacy. J Educ Psychol [Internet]. Nov 2012 [cited 2023 Apr 3];104(4):1189-204. Available from: https://psycnet.apa.org/doi/10.1037/a0029356 DOI: 10.1037/a0029356
အဓိက အယူအဆ သဘောထားအမြင်များ
ခြင်း
လူတစ်ဦးတစ်ယောက်၏ ကိုယ်ပိုင် အတွေးအမြင်များ၊ စိတ်ခံစားချက်များ၊ အပြုအမူများ နှင့် ၎င်းတို့သည် မိမိကိုယ်တိုင် နှင့် အခြားသူများကို မည်သို့ အကျိုးသက်ရောက်မှုရှိစေနိုင်ကြောင်းကို သတိပြုမိနိုင်စွမ်း နှင့် နားလည်နိုင်စွမ်း။
အခြားသူများအား
နားလည်နိုင်စွမ်း နှင့် ကိုယ်ချင်းစာနိုင်စွမ်း၊ မတူကွဲပြားသော သမိုင်းနောက်ခံအမျိုးမျိုးမှ
လာသောသူများ (သို့) ကွဲပြားသော အမြင်ရှိသူများအား တန်ဖိုးထားလေးစားမှုပြသနိုင်စွမ်
း
ခြင်း
ဆုံးဖြတ်ချက်ချမှတ်ခြင်း
၁.၁ အနာရောဂါ ငြိမ်းစေနိုင်သော ဆရာများ
ကြိုဆိုပါတယ်။ ကျွန်ုပ်တို့၏ ပထမ မော်ဒျူးဖြစ်သော လူမှုရေး-စိတ်ခံစားမှုဆိုင်ရာ သင်ယူခြင်း (SEL) နှင့် အနာရောဂါ ငြိမ်းစေနိုင်သော ဆရာများ မော်ဒျူး တွင် ဆရာများသည် ၎င်းတို့ ကျောင်းသားများ၏ လူမှုရေး နှင့် စိတ်ခံစားမှုဆိုင်ရာ စွမ်းရည်များ နှင့် တိုးတက်မှုများကို ပုံသွင်းရာတွင် ဆရာများ၏ ထူးခြား သောအခန်းကဏ္ဍကို ကျွန်ုပ်တို့ လေ့လာသွားမည်ဖြစ်ပါသည်။ စတင်ရန်အတွက် ကျွန်ုပ်တို့သည် အနာရောဂါ ငြိမ်းစေနိုင်သော ဆရာများ၏ အရေးပါမှု နှင့် ဆရာများသည် ၎င်းတို့၏ ကျောင်းသားများအား အထောက်အပံ့ပေးနိုင်သော ဆက်ဆံရေးကို မည်သို့ ပြုစုပျိုးထောင်နိုင်ကြောင်းကို နက်နက်နဲနဲ သရုပ်ဖော် ထားသော ဗီဒီယိုကို ကြည့်ရှုသွားမှာဖြစ်ပြီး ဆရာများသည် လူငယ်များအတွက် လမ်းပြပေးသူများ၊ စံပြပုဂ္ဂိုလ်များ နှင့် အနာရောဂါငြိမ်းစေသူများအဖြစ် မည်သို့ ဝန်ဆောင်မှုပေးနိုင်ကြောင်း နှင့် ကျောင်း နှင့် လက်တွေ့ဘဝ စိန်ခေါ်မှု နှစ်ရပ်လုံးအတွက် ပဲ့ကိုင်ထိန်းကြောင်းနိုင်အောင် ကူညီခြင်း အသိအမြင် များကို ဤဗီဒီယိုကပေးပါလိမ့်မည်။
၁.၂ - လူမှု-စိတ်ခံစားမှုဆိုင်ရာ သင်ယူခြင်း(SEL) ဆိုတာ ဘာလဲ။
နောက်လာမည့် ဗွီဒီယိုမှာတော့ လူမှု-စိတ်ခံစားမှုဆိုင်ရာ သင်ယူခြင်း(SEL) ၏ သဘောတရား နှင့် ကျောင်းသားများ ဖွံ့ဖြိုးတိုးတက်ရန်အတွက် မရှိမဖြစ် လိုအပ်သော အဓိက ကျွမ်းကျင်မှု စွမ်းရည် ၅ ခု၏ ဧရိယာများကို (CASEL) မူဘောင်ဖော်ပြချက်အတိုင်း စူးစမ်းလေ့လာသွားမည် ဖြစ်သည်။ [link: http://casel.org]. ဤဗီဒီယို၏အဆုံးတွင် ကျွမ်းကျင်မှု စွမ်းရည်တစ်ခုခြင်းစီ၏ ဆိုလိုရင်း နှင့် ၎င်းတို့သည် ကလေးများအတွက် လူမှု-စိတ်ခံစားမှုဆိုင်ရာ စွမ်းရည်များ တိုးတက်အောင်လုပ်ဆောင်ရာတွင် အဘယ့်ကြောင့် အရေးကြီးသလဲဆိုသည်ကို သင်ရှင်းလင်းစွာ နားလည်သွားပါလိမ့်မည်။ သင် ဤစွမ်း ရည်များကို လေးနက်စွာ သိမြင်နားလည်နိုင်လိမ့်မည်ဟု ကျွန်ုပ်တို့ ယူဆပါသည်။
ပြန်လည်အမှတ်ရခြင်း နှင့် ပြန်လည်သုံးသပ်ခြင်း- SEL ၏ ကျွမ်းကျင်မှု စွမ်းရည်ငါးခု
SEL ကျွမ်းကျင်မှုစွမ်းရည် ငါးခုအတွက် ကဏ္ဍအဆုံးပိုင်းကို ကျွန်ုပ်တို့ ချဉ်းကပ်လာသည်နှင့်အမျှ ဤအဓိက ဧရိယာများအပေါ် သင်၏ နားလည်သဘော ပေါက်မှုအား စုစည်းရာတွင် အကူအညီဖြစ်စေရန် ပုံစံထုတ်ထားသော ဉာဏ်စမ်းပဟေဋ္ဌိတစ်ခုကို သင်ဖြေဆိုရမည်ဖြစ်သည်။ မေးခွန်းတစ်ခုစီအတွက် အ ဖြေမှန်တစ်ခုသာရှိပါမည်။ ဤဉာဏ်စမ်းပဟေဋ္ဌိသည် တင်ပြထားသည့်အကြောင်းအရာအပေါ် ပြန်လည်သုံးသပ်ရန် နှင့် လူမှု-စိတ်ခံစားမှုဆိုင်ရာ သင်ယူ ခြင်း အသိပညာကို လက်တွေ့ အသုံးချရန် သင့်အတွက် အခွင့်အလမ်းတစ်ခု ပေးပါလိမ့်မည်။ ကံကောင်းပါစေ။
ပဟေဠိတွင်ပါဝင်သည့်အတွက် ကျေးဇူးတင်ပါသည်။ ဤပဟေဠိသည် အဓိက SEL ကျွမ်းကျင်မှုစွမ်းရည် ငါးခုအတွက် သင်၏နားလည်မှုကို ခိုင်မာစေမည် ဟု ကျွန်ုပ်တို့ မျှော်လင့်ပါသည်။ ရှေ့ကိုဆက်သွားရအောင်။ ဤမရှိမဖြစ်လိုအပ်သောစွမ်းရည်များကို ကလေးများကြားတွင် ပြုစုပျိုးထောင်ရန် အရေးကြီး ကြောင်း သတိရပါ။
၁.၃ နည်းစနစ်ကျသော တစ်ကျောင်းလုံးဆိုင်ရာ SEL အစီအစဉ်များချမှတ်ခြင်း
ယခုလာမည့်ဗွီဒီယိုတွင် လူမှု-စိတ်ခံစားမှုဆိုင်ရာ သင်ယူခြင်း (SEL) အား နည်းစနစ်ကျကျ တစ်ကျောင်းလုံးတွင် အကောင် အထည်ဖော်ဆောင်ရွက်ခြင်း၏ ချဉ်းကပ်မှုသဘောတရားကို လေ့လာသွားမည်ဖြစ်သည်။ စာသင်ခန်းအတွင်းရှိ အလေ့အကျင့်များမှ စီမံခန့်ခွဲအုပ်ချုပ်မှု မူဝါဒများအထိ ကျောင်းပါတ်ဝန်း ကျင်၏ ကဏ္ဍတိုင်းတွင် SEL အား ထည့်သွင်းလုပ်ဆောင်ခြင်း၏ အရေးပါမှုကို သင်တို့ သင်ယူကြရမည်ဖြစ်သည်။ ဤဗွီဒီယိုအဆုံးတွင် ပြီးပြည့်စုံသော SEL နည်းဗျူဟာ၏ အကျိုးကျေးဇူးများ နှင့် ၎င်းနည်းဗျူဟာသည် ကလေးများအားလုံး အတွက် အထောက်အပံ့ပေးနိုင်သော၊ အားလုံးပါဝင်နိုင်ပြီး အောင်မြင်မှုရှိ သော သင်ကြားမှုပါတ်ဝန်းကျင်ကို မည်သို့ ပြုစုပျိုး ထောင်ပေးနိုင်ကြောင်း အသိအမြင်များကို သင်ရရှိလာမည်ဖြစ်ပါသည်။
အဘယ့်ကြောင့် SEL အား နည်းစနစ်ကျကျ အကောင်အထည်ဖော် ဆောင်ရွက်သင့်သည်ဟု သင်ထင်ပါသနည်း။
၁.၄ အတူတကွသင်ယူခြင်း - SELအား ကျွန်ုပ်တို့၏ ကျောင်းများတွင် လေ့လာခြင်း
ဤလှုပ်ရှားမှုကို ကျွန်ုပ်တို့ အဆုံးသတ်ရမည်ဆိုလျှင် ပါဝင်တက်ရောက်သူများသည် တစ်ဦးနှင့်တစ်ဦး ပိုမိုနားလည်နိုင်စေရန် နှင့် SEL အားနားလည်မှု ပိုမိုနက်ရှိုင်းလာစေရန် ... လမ်းညွှန်ချက်ပေးထားသော အဖွဲ့လိုက်ဆွေးနွေးတိုင်ပင်မှုများတွင် ပါဝင် ချိတ်ဆက်ဆွေးနွေးရန် အခွင့်အလမ်းရရှိမည်ဖြစ် သည်။ ဤပူးပေါင်းပါဝင် လှုပ်ရှားမှုသည် SEL အား တစ်ကျောင်းလုံးတွင် လက်တွေ့အကောင်အထည်ဖော်ခြင်း နှင့် နည်းစနစ်ကျ ကျ ချဉ်းကပ်ခြင်း၏ တန်ဖိုးအား ပြန် လည်သုံးသပ်ရန် နှင့် ဤပန်းတိုင်ကို အရယူရန်အတွက် နည်းဗျူဟာ အများအပြားကို လေ့လာရန် ပါဝင်တက်ရောက်သူများအားတိုက် တွန်းအားပေးပါလိ့မ်မည်။
သင်တန်းနည်းပြတစ်ဦးအနေဖြင့် SEL ၏ အကျိုးကျေးဇူးများနှင့် ပတ်သက်၍ ပါဝင်တက်ရောက်သူများအား ၎င်းတို့၏ အတွေးအမြင်များကို မျှဝေရန်၊ ကျောင်းသားများနှင့် နေ့စဉ်ထိတွေ့ဆက်ဆံနေချိန်အတွင်း လူမှုဆက်ဆံရေး နှင့် စိတ်ခံစားမှုပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန် နည်းလမ်းများကို ပူးပေါင်းအဖြေရှာခြင်း နှင့် SEL ကို ၎င်းတို့၏ ပညာရေးဆိုင်ရာပတ်ဝန်းကျင်တွင် အမှန်တကယ် အကောင်အထည်ဖော်လုပ်ဆောင်နိုင်ရန် လိုအပ်ပြီး အ လားအလာရှိသော အရင်းအမြစ်များ နှင့် လေ့ကျင့်မှုများကို ဆွေးနွေးခြင်းများ လုပ်ဆောင်ရန် တိုက်တွန်းရလိမ့်မည်။ ဤလမ်းညွှန်မှုရှိသော ဆွေးနွေးတိုင် ပင်မှုသည် ပါဝင်တက်ရောက်သူများအကြားတွင် အဖွဲ့အစည်းစိတ်ဓာတ်ကို ပြုစုပျိုး ထောင် ပေးခြင်း၊ အကြံဉာဏ်များ နှင့် အတွေ့အကြုံများကို ဖလှယ်ရာ တွင် ပံ့ပိုးကူညီခြင်း နှင့် ပြီးပြည့်စုံသော SEL အစီ အစဉ်ကို အကောင်အထည်ဖော်လုပ်ဆောင်ရာတွင် တွေ့ကြုံရနိုင်သော စိန်ခေါ်မှုများကို ဆရာများက စု ပေါင်း ဖော်ထုတ်ရန် နှင့် ဖြေရှင်းရန် ခွန်အားအစွမ်းပေးခြင်းအစရှိသည်တို့ကို လုပ်ဆောင်ပေးနိုင်လိမ့်မည်ဟု ကျွနု်ပ်တို့မျှော်လင့်ပါသည်။ လှုပ်ရှားမှုအပြီး တွင် ပါဝင်တက်ရောက်သူများသည် ကျောင်းသားများ၏ လူမှုရေး နှင့် စိတ်ခံစားမှုဆိုင်ရာ တိုးတက်မှုကို ပံ့ပိုး ရန် နှင့် အပြုသဘောဆောင်ပြီး အားလုံးပါ ဝင်နိုင်သော သင်ယူမှုပတ်ဝန်းကျင်ကို ဖန်တီးပေးရန် အရည်အချင်းများနှင့် ပြည့်စုံ လာမည်ဖြစ်သည်။
အဖွဲ့ကျင့်ဝတ်လမ်းညွှန်ချက်များကို ချမှတ်ပါ။
အဖွဲ့ကျင့်ဝတ်လမ်းညွှန်ချက်များကို ချမှတ်ပါ။ လူတိုင်း သက်တောင့်သက်သာ ပါဝင်ခွင့်ရှိစေရန် အဖွဲ့ကျင့်ဝတ်လမ်းညွှန်ချက်များကို ချမှတ်ခြင်းဖြင့် အဖွဲ့လိုက် လှုပ်ရှားမှုကို စတင်ရန် သင့်အား ကျွန်ုပ်တို့ တိုက်တွန်းလိုပါသည်။ ဤလေ့ကျင်းခန်းအား ဖော်ပြအသုံးပြုခွင့်ပေးသော ညှင်းပန်းနှိပ်စက်မှုမှ လွတ်မြောက်သူများ Victorian Foundation အဖွဲ့ အစည်း အား ကျေးဇူးတင်ပါသည်။
1. သင်၏ သင်တန်းသားများအား 'အုပ်စုလိုက်မည်ကဲ့သို့ စုပေါင်းလိုသနည်း' ('စည်းမျဉ်းများ' အတွက် ဤဘာသာစကားကိုအသုံးပြုပါ) ဆိုသည်ကို
ပူးပေါင်းအဖြေရှာစေပါ။ ၎င်းတို့၏ တုံ့ပြန်မှုများကို မာဂျောင် စာရွက်ပေါ်တွင် မှတ်တမ်းတင်ပါ (သို့မဟုတ် အဖွဲ့အတွင်း လုပ်ဆောင်ခဲ့သော
လှုပ်ရှားမှုများကို ပြန်လည်ရရှိနိုင်သောနည်းဖြင့် မှတ်တမ်းတင်ရန် နှင့် အဖွဲ့၏ လှုပ်ရှားသက်ဝင်မှုကို ပြသနိုင်သော နည်းလမ်းဖြင့် မှတ်တမ်း
တင်ရန်)
2. ပါဝင်တက်ရောက်သူများ ပေးသော အချက်တစ်ခုစီတိုင်းကို ဆွေးနွေးတိုင်ပင်ပါ။ ၎င်းတို့၏ ဝေမျှချက်များကို အခြားတက် ရောက်သူများပါ
နားလည်မှု ရှိ မရှိစစ်ဆေးပါ။
3. အထူးသဖြင့်၊ အောက်ပါအချက်များကို
ပါဝင်သူများကိုယ်တိုင် အကြံပြုထားခြင်းမရှိလျှင် ထည့်သွင်းရန် နှင့် ရှင်းပြရန် အသေအချာလုပ်ဆောင်ပါ။
● တစ်ယောက် တစ်လှည့်စီ
စကားပြောရန်
● အယောက်စီတိုင်း စကားပြောခွင့်ရ ကြောင်း
● မည်သူမျှ ဆန္ဒမရှိပဲ အတင်းအကြပ်
စကားပြောခိုင်းခြင်း (သို့) ပါဝင်ခိုင်းခြင်း ရှိ
မည်မဟုတ်ပါ။
● တစ်စုံတစ်ယောက်က ပြောလိုက်သည့်အရာများအား
ရယ်မောလှောင်ပြောင်ခြင်
များ ရှိမည်မဟုတ်ပါ။
● အဖွဲ့ထဲတွင် ပြောလိုက်သောအရာများသည်
အဖွဲ့ထဲတွင်သာ ရှိနေမည်ဖြစ်သည်။
● အဖွဲ့ထဲတွင် ခိုက်ရန်ဖြစ်ပွားခြင်းများရှိမည်မဟုတ်ပါ။
4. စည်းမျဉ်းများအားလုံးသည် တစ်ဦးနှင့်တစ်ဦး
လေးစားမှုဟူသော ခေါင်းစဉ်အောက်တွင် အကျဉ်းချုပ်ဖော်ပြနိုင်သည်ကို ထောက်ပြပါ။
5. ကျင့်ဝတ်လမ်းညွှန်ချက်များသည်
အခြားသူတစ်ဦးမှ ချမှတ်ပေးခြင်းမဟုတ်ပဲ ၎င်းတို့အဖွဲ့အတွင်းမှ လာခြင်းဖြစ်ကြောင်း ကို
ပါဝင်တက်ရောက်သူများအား ထောက်ပြပါ။ အဖွဲ့အတွင်းရှိလူတိုင်း
အချင်းချင်း မျှမျှတတ လေးလေးစားစားဆက်ဆံခြင်းကို အသေအချာလုပ်ဆောင်ရန် ၎င်းတို့ကလုပ်ဆောင်ရခြင်းဖြစ်ကြောင်း ရှင်းပြပါ။
လမ်းညွှန်ချက်များ နှင့် အကယ်၍ ကလေးများက ၎င်းတို့အားနောက်မှလိုက်လျှင် မည်သို့သောအစုအဖွဲ့ဖြစ်မည်နည်းဟူသော အကြောင်းအရာ
နှစ်ခုအကြားဆက်စပ်မှုကို ပြုလုပ်ပေးပါ။ (ဥပမာ - လူများ ထိခိုက်နာကျင်မည် မဟုတ်ပါ။လူတိုင်းက မိမိတို့ဆန္ဒရှိလျှင် ပြောခွင့်ရှိပါလိမ့်မည်။)
သင်တန်းအချိန်တိုင်းတွင် လမ်းညွှန်ချက်များအား မြင်သာသောနေရာတွင် ချိတ်ဆွဲထားမည်ဖြစ်ကြောင်း ပြောပြပါ။ သို့မှသာ ၎င်း
လမ်းညွှန်ချက်များအား မေ့ပျောက်ခဲ့သည်ရှိသော် အခါအားလျော်စွာ ပြန်လည်ကြည့်ရှုမှတ်သားနိုင်မည်ဖြစ်သည်။
အဖွဲ့လိုက်ဆွေးနွေးတိုင်ပင်ခြင်း - ကျွန်ုပ်တို့၏ ကျောင်းများတွင် SEL အားလေ့လာခြင်း
အဖွဲ့ကျင့်ဝတ်လမ်းညွှန်ချက်များကို ချမှတ်ပြီးသောအခါ ပါဝင်တက်ရောက်သူများအကြား အုပ်စုဖွဲ့ဆွေးနွေးမှုကို လွယ်ကူ ချောမွေ့စေရန် အကူအညီ ပေး ရမည့် အချိန်ဖြစ်သည်။ ပါဝင်တက်ရောက်သူများ ၄ ယောက် ၅ ယောက် ထက်မပိုသော သေးငယ်သည့်အဖွဲ့ငယ်လေးများ ခွဲပေးပြီး အောက်ပါ မေး ခွန်း များအား ဆွေးနွေးစေပါ။ ၎င်းတို့၏ ကျောင်းများတွင် SEL အား တစ်ကျောင်းလုံးတွင် လက်တွေ့အကောင်အထည်ဖော်ခြင်း နှင့် နည်းစနစ်ကျကျ ချဉ်းကပ် ခြင်း၏ တန်ဖိုးအား ပြန်လည်သုံးသပ်ရန် နှင့် ဤပန်းတိုင်ကို အရယူရန်အတွက် နည်းဗျူဟာ အမျိုးမျိုးကို လေ့လာ ရန် ပါဝင်တက်ရောက်သူများအား တိုက် တွန်းအားပေးခြင်းသည် ဤဆွေးနွေးတိုင်ပင်မှု၏ အဓိက ရည်ရွယ်ချက်ဖြစ်ကြောင်း သတိရပါ။
1. သင်တို့၏ ကျောင်းတွင် SEL အား လက်တွေ့အကောင်အထည်ဖော်လုပ်ဆောင်ခြင်း၏ အကျိုးကျေးဇူးများက ဘာလဲ။
2. ဆရာများအနေဖြင့်
နေ့စဉ် ကျောင်းသားများနှင့် ထိတွေ့ဆက်ဆံနေချိန်အတွင်း လူမှုရေး နှင့် စိတ်ခံစားချက်ဆိုင်ရာ
တိုးတက်မှုများကို သင် မည်သို့
မြှင့်တင်နိုင်သနည်း။
3. ထိရောက်မှုရှိသော
SEL အကောင်အထည်ဖော်မှုပန်းတိုင်အား ရရှိအောင်ကြိုးပမ်းရာတွင်
သင်လိုအပ်မည့် အရင်းအမြစ်များ သို့မဟုတ် သင်တန်း
များက အဘယ်နည်း။
ဆောင်ရွက်ချက်များကို အစီရင်ခံခြင်း
သင်၏ သင်တန်းသားများအား အစီရင်ခံခြင်းသည် အုပ်စုငယ် စကားဝိုင်းများမှ သင်ယူရရှိသော ၎င်းတို့၏ အသိအမြင်များ နှင့် သင်ယူများကို ပိုမိုကြီးမား သော အဖွဲ့ထဲတွင် ဝေမျှခွင့်ကို ပေးလိမ့်မည်။ ဆောင်ရွက်ချက်များကို အစီရင်ခံခြင်းသည် သင်တန်းနည်းပြတစ်ဦးအနေဖြင့် မည်သည့် အထင်အမြင်လွဲမှား မှုမျိုးကိုမဆို ရှင်းလင်းရန်၊ တူညီသော ဘုံအကြောင်းအရာများ သို့မဟုတ် စိန်ခေါ်မှုများကို ဖြေရှင်းရန် နှင့် လုပ်ရှားမှုမှ အဓိက မှတ်သားရ မည့်အရာများကို အားဖြည့်ပေးခြင်းများလုပ်ဆောင်ရန် အခွင့်အလမ်းပေးသည်။ အဖွဲ့ငယ်များအတွင်းဆွေးနွေးမှု ပြီးဆုံးသောအခါ အဖွဲ့တစ်ခုလုံးကို အစီရင်ခံရန် ပြန်လည်စုစည်းစေပါ။ သင်တန်းသားများအား ၎င်းတို့၏ အတွေးအမြင် များ၊ အကြံအဉာဏ်များ နှင့် ပြန်လည်သုံးသပ်ချက်များအား တစ်ဖွဲ့လုံးနှင့် ဝေ မျှရန် တိုက်တွန်းပါ။ အစီရင်ခံခြင်းကို ဦးဆောင်ပံ့ပိုးရန်အတွက် အစဖော် ပေးသော အောက်ပါ မေးခွန်းများကို သင်အသုံးပြုနိုင်ပါသည်။
1. အုပ်စုလိုက် ဆွေးနွေးတိုင်ပင်မှုမှ
ထွက်ပေါ်လာသော SEL အကောင်အထည်ဖော်ခြင်း၏ အဓိကအကျိုးကျေးဇူး အချို့မှာ အဘယ််နည်း။
2. ကျောင်းသားများနှင့်
နေ့စဉ်ထိတွေ့ဆက်ဆံမှုများမှတစ်ဆင့် လူမှု-စိတ်ခံစားမှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို
မြှင့်တင်ရန်အတွက် သင့်အဖွဲ့ထဲတွင် ဆွေးနွေးခဲ့သည့် တိကျသော ဥပမာတစ်ခုကို ဝေမျှနိုင်ပါသလား။
3. ထိရောက်မှုရှိသော SEL အကောင်အထည်ဖော်မှုအတွက် ကိုးကားချက်များ (သို့) သင်တန်းများနှင့် ဆက်စပ်၍ သင့်အဖွဲ့မှ ထုတ်ဖော်ခဲ့သော ဘုံ
အကြောင်းအရာ သို့မဟုတ် စိန်ခေါ်မှု အချို့မှာ
အဘယ်နည်း။
သင်တန်းအပြီးတွင် …
သင်တန်းသားများ၏ အမြင်များကို ဂရုစိုက်မှုရှိကြောင်း ပြသပါ။
ခေါင်းစဉ်နှင့်ပါတ်သက်၍
သင့်သင်တန်းသားများ၏ အမြင်များ နှင့် သင်တန်းသည် တန်ဖိုးရှိပြီး အနာဂါတ် သင်တန်းမော်ဒျူး
များကို မည်သို့ပို့ ချရ မလဲဆိုတာကို သတင်းအချက်အလက်ပေးနိုင်သည်။
နှုတ်အားဖြင့်
ဝေဖန်အကြံပြုထားသော တုံ့ပြန်ဖြေကြားချက်များကို စုစည်းခြင်းအားဖြင့် သင်တန်းဆက်ရှင်ကို
အဆုံးသတ်ပါ။
● သင်တန်းချိန်မှာ ယခင်က မသိခဲ့သော
မည်သည့်အရာများကို သင်ယူခဲ့ရပါလဲ။
● ဤခေါင်းစဉ်သည် ကျောင်းသားများနှင့်
အလုပ်လုပ်ရာတွင် ဆရာများအတွက် မည်သို့အသုံးဝင်မည်ဟု ထင်ပါသနည်း။
● သင်တန်းမှ ၎င်းတို့ ယူဆောင်သွားနိုင်သော
အဖိုးတန်ဆုံး မှတ်သားဖွယ်အချက်က ဘာလဲ။
ပိုမို နည်းစနစ်တကျ
စောင့်ကြည့်လေ့လာခြင်း နှင့် သုံးသပ်ခြင်းများလုပ်ဆောင်ရန် သင်တန်းအပြီး စစ်ဆေးခြင်းအဖြေလွှာ
နှင့် သင်တန်း သုံးသပ် ချက်ဖောင်များအပေါ် သင်တန်းသားများ၏ တုံ့ပြန်မှုများကို ကောက်ခံရန်
အသေအချာ လုပ်ဆောင်ပါ။