သင်ယူလေ့လာမှု အကျိုးရလဒ်များ
- ‘မိမိကိုယ်ကိုသနားကြင်နာခြင်း’ သဘောတရားနှင့် ၎င်း၏ ရှုထောင့်သုံးရပ်ကိုရှင်းပြနိုင်ရမည်။
- ‘မိမိကိုယ်ကိုသနားကြင်နာခြင်း’ လေ့ကျင့်လုပ်ဆောင်ခြင်း ကြောင့် ရရှိလာမည့်အကျိုးကျေးဇူးများအား ပိုင်းခြားနိုင်ရ မည်။
- မိမိကိုယ်ကို သနားကြင်နာမှုဆိုင်ရာ နည်းဗျူဟာများကို ဖော်ပြနိုင်ပြီး လေ့ကျင့်လုပ်ဆောင်နိုင်ရမည်။
မော်ဒျူးနိဒါန်း
ကလေးမျာအား မိမိကိုယ်ကိုတန်ဖိုးထားမှုကို
တည်ဆောက်ပေးခြင်းသည် သူတို့၏ ယုံကြည်မှုပြည့်ဝသော ကိုယ်ပိုင်ပုံရိပ်ဖွံ့ဖြိုးတိုးတက်
စေသည့် သော့ချက်ဖြစ်သည်ဟု ယုံကြည်ရပါသည်။ မိမိကိုယ်ကိုတန်ဖိုးထားမှုသည် သူတို့၏အောင်မြင်မှုများ၊
အားသာချက်များနှင့် စွမ်းဆောင်ရည်များကို တန်ဖိုးထားရန် ကူညီပေးပါသည် [၁]။ တစ်ချိန်တည်းမှာပင်
ဘဝဆိုသည်မှာ အမြဲတမ်း ချောမွေ့ဖြောင့်ဖြူးနေမည် တော့မဟုတ်ပေ။ ကလေးများ ကျရှုံးမှုများနှင့်
အဆင်မပြေမှုများကို အောင်အောင်မြင်မြင်နဲ့ ရင်ဆိုင်နိုင်ဖို့ စိတ်ပိုင်းဆိုင်ရာ ကိရိယာများ
တပ်ဆင်ပေးဖို့လိုပါသည်။ မကြာသေးမီက သုတေသနပြုချက်များတွင် ကလေးများ၏ မိမိကိုယ်ကိုသနားကြင်နာခြင်းကို
လေ့ကျင့်လုပ်ဆောင်ရန် စွမ်းရည်များတည်ဆောက်ခြင်းသည် စိတ်ဓာတ်ကြံ့ခိုင်မှုကို ပြုစုပျိုးထောင်ရာတွင်
အထောက်အကူဖြစ်စေသည်ဟု အကြံပြုထားသည်။ မိမိကိုယ်ကိုသနားကြင်နာခြင်းအား လေ့ကျင့်လုပ်ဆောင်ခြင်းသည်
လူတစ်ဦး၏ဘဝတွင် မပြည့်စုံမှုများကို နည်းပါးသွား အောင် (သို့) ပပျောက်သွားအောင်လုပ်ဆောင်ခြင်းမဟုတ်ဘဲ၊ ကလေးများက ထိုမပြည့်စုံမှုများအားမည်သို့တုံ့ပြန်ရမည်ဆိုသည်ကို
လေ့ကျင့်လုပ်ဆောင်ပေးခြင်းသာဖြစ်ပါသည်။ ကျရှုံးမှုနှင့် အဆင်မပြေမှုများအား ကောင်းမွန်စွာနှင့်
အပြုသဘောဆောင်စွာပြန်လည်တုံ့ပြန် နိုင်စွမ်းသည် သူတို့၏စိတ်ပိုင်းဆိုင်ရာ ကျန်းမာသုခ
အပေါ်လေးနက်စွာ သက်ရောက်မှုရှိကြောင်းပြသနေပါသည် [၂ - ၄]။
မိမိကိုယ်ကိုသနားကြင်နာခြင်းသည် လူတိုင်းအတွက်
လွယ်ကူစွာရနိုင်သည့်အရာမဟုတ်သော်လည်း လေ့ကျင့်လုပ်ဆောင်ခြင်းဖြင့်ရနိုင်သည့် အရာဖြစ်ပါသည်။
မိဘများအပြင်၊ ဆရာ/မများသည်လည်း ကလေးများအား
မိမိကိုယ်ကိုသနားကြင်နာတတ်သည့် စိတ်ထားမွေးမြူ ပေးရာ တွင် အရေးပါသော အခန်း ကဏ္ဍမှ
ပါဝင်ဆောင်ရွက်နိုင်ပါသည်။ ကလေးများအား သူတို့ကြုံတွေ့ရသည့် ကျရှုံးမှုနှင့် အခက်အခဲများသည်
သင်ခန်းစာအဖြစ် သင်ယူလို့ရသည့် သဘာဝတရား၏အစိတ်အပိုင်းတစ်ခုအနေအဖြစ် လက်ခံလာရန်သင်ယူနိုင်သော
အထောက်အကူပေး သည့် ဘေးကင်းလုံခြုံသောပတ်ဝန်းကျင်ကို ဖန်တီးပေးရမည် [၅]။ ဆရာ/မများသည်
မိမိကိုယ်ကိုသနားကြင်နာခြင်းကို စံနမူနာပြုကာ အမှားလုပ်မိခြင်းနှင့် အခက်အခဲကြုံတွေ့ခြင်းသည်
ပြဿနာမဟုတ်ကြောင်း ကျောင်းသူ/သားများကို နားလည်အောင် ကူညီပေးခြင်းဖြင့် စတင်နိုင်သည်။
ထို့အပြင်၊ ခက်ခဲသော စိတ်ခံစားမှုများနှင့် အဆင်မပြေမှုများသည် လူတိုင်းတွင် ဖြစ်လေ့ဖြစ်ထရှိသည့်အရာဖြစ်သည်။
ကလေးများအား
မိမိကိုယ်ကိုသနားကြင်နာတတ်အောင် သင်ကြားပေးခြင်းသည်လည်း ကြီးထွားရင့်ကျက်သောစိတ်ဓာတ်ကို
ဖွံ့ဖြိုးစေပါ သည် [၆]။ ဆိုလိုသည်မှာ၊ မိမိကိုယ်ကိုသနားကြင်နာခြင်းသည် ကလေးများအား
သူတို့စိန်ခေါ်မှုများနှင့် ကျရှုံးမှုများကို ကြုံတွေ့ရသည့်အခါ စိတ်ဓာတ်ကျခြင်း (သို့)
အကူအညီမဲ့ခြင်းများကို ခံစားရခြင်းထက် ထိုအရာများသည်သူတို့၏စိတ်ဓာတ်ရင့်ကျက်ကြီးထွားစေသည့်
အခွင့် အလမ်းများအဖြစ် မြင်တတ်အောင်ကူညီပေးနိုင်သည်။ အပျက်သဘောဆောင်သော တုံ့ပြန်ချက်များနှင့်
ရင်ဆိုင်ရလျှင်ပင် သူတို့အား ဆက်လက်ကြိုးစားရန် တွန်းအားပေးနိုင်ပြီး သူတို့၏ သင်ယူနိုင်မှုနှင့်
တိုးတက်နိုင်မှုတို့ကို ယုံကြည်မှုရှိစေရန် တိုက်တွန်းပေးပါသည်။ မိမိကိုယ်ကိုသနားကြင်နာတတ်ခြင်းမှတဆင့်
ကြီးထွားရင့်ကျက်သော စိတ်သဘောထားကို ပြုစုပျိုးထောင်ခြင်းဖြင့် ဆရာ/မများသည် ကလေးများအား
စိတ်ဓာတ်ကြံ့ခိုင်မှု၊ မိမိကိုယ်ကိုကြင်နာမှုနှင့် စိန်ခေါ်မှုများကို စိတ်ဓာတ်ခွန်အားဖြင့်ရင်ဆိုင်ဖို့ဆန္ဒရှိလာစေရန်
ကူညီပေး နိုင်သည် [၇]။
ကိုးကားချက်များ
1. APA Dictionary of Psychology [Internet]. [cited 2023 Apr 4]. Available from: https://dictionary.apa.org/self-esteem
2. Neff KD, McGehee P. Self-compassion and psychological resilience among adolescents and young adults. Self Identity. 2010 Jul [cited 2023 Apr 5];9(3):225-40. Available from:
https://www.tandfonline.com/doi/abs/10.1080/15298860902979307
DOI: 10.1080/15298860902979307
3. Marshall SL, Parker PD, Ciarrochi J, Sahdra B, Jackson CJ, Heaven PCL. Self-compassion protects against the negative effects of low self-esteem: A longitudinal study in a large adolescent sample. Pers Individ Differ [Internet]. 2015 Feb [cited 2023 Apr 5];74:116-21. Available from:
https://www.sciencedirect.com/science/article/abs/pii/S0191886914005157?via%3Dihub DOI: 10.1016/j.paid.2014.09.013
4. Phillips WJ. Self-compassion mindsets: The components of the self-compassion scale operate as a balanced system within individuals. Curr Psychol [Internet]. 2021 [cited 2023 Apr 5];40(12):5040-53. Available from: https://doi.org/10.1007/s12144-021-02012-3.
5. Zhang H, Chen Y, Wei H. Self-compassion mindsets can predict statistics competence: a moderated mediation model. Curr Psychol [Internet]. 2021 [cited 2023 Apr 5];40(5):2707-17. Available from:
https://doi.org/10.1016/j.lindif.2021.102047
6. Chen S. Give yourself a break: the power of self-compassion [Internet]. Boston MA: Harvard Business Publishing 2018 Sep [cited 2023 Apr 5]. Available from: https://hbr.org/2018/09/give-yourself-a-break-the-power-of-self-compassion
7. Li Q, Wu J, Wu Q. Self-Compassion Buffers the Psychological Distress from Perceived Discrimination Among Socioeconomically Disadvantaged Emerging Adults: A Longitudinal Study. Mindfulness. 2022;13(2):500-508. doi: 10.1007/s12671-021-01810-6.
အဓိက အယူအဆ သဘောထားအမြင်များ

မိမိကိုယ်ကိုသနားကြင်နာခြင်း

နာကျင်ဖွယ်ကောင်းသောစိတ်ခံချက်များ၊ အတွေးများနှင့် အတွေ့အကြုံများကို သတိပြုမိသော်လည်း ၎င်းတို့ကို ဟန်ချက်ညီညီ၊ ပြတ်ပြတ်သားသား၊ တည်တည်ငြိမ်ငြိမ်နှင့် အေးအေးဆေးဆေးထိန်းသိမ်းထားနိုင်သည့်စွမ်းရည်။

ဆင်းရဲဒုက္ခသည် လူသားတိုင်းကြုံတွေ့ခံစားရသည့် လူသားသဘာဝဘုံအစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း အသိအမှတ်ပြုနိုင်ခြင်း။

ကျွန်ုပ်တို့ကျရှုံးနေချိန်မှာပင်လျှင် မိမိကိုယ်ကိုနူးညံ့ညင်သာစွာ၊ ကြင်နာစွာနှင့် စိတ်ရှည်သည်းခံစွာဆက်ဆံနိုင်ခြင်း။ တစ်ချိန်တည်းမှာ ပင်၊ ကျွန်ုပ်တို့၏ မပြည့်စုံမှုများကိုမြင်နိုင်စွမ်းနှင့် ကျရှုံးမှုများကို တွေ့ကြုံနိုင်စွမ်းရှိခြင်း။
၆.၁ - မိမိကိုယ်ကိုသနားကြင်နာခြင်းဆိုတာဘာလဲ။
ကျွန်ုပ်တို့ရဲ့ပထမဗီဒီယိုမှာ၊ မိမိကိုယ်ကိုသနားကြင်နာတတ်ခြင်း
ပြုစုပျိုးထောင်ခြင်းရဲ့ ဆိုလိုရင်းကို ၎င်းရဲ့ ရှု့ထောင့်သုံးရပ်ဖြစ်တဲ့ - မိမိကိုယ်ကို
ကြင်နာခြင်း၊ ဘုံလူသားဖြစ်တည်မှု၊ ပစ္စုပ္ပန်အား အာရုံပြုခြင်းများနှင့်အတူ
လေ့လာသွားမှာဖြစ်ပါတယ်။ ကျွန်ုပ်တို့ရဲ့ လူမှုဆက်ဆံရေးဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ
သုခချမ်းသာအတွက် ဒီအစွမ်းထက်ပြီး ပြောင်းလဲမှုကိုဖြစ်စေသည့် အကြောင်းအရာကို နက်ရှိုင်းစွာနားလည်သဘောပေါက်ဖို့
အသင့်ပြင်ထားပါ။
ပြန်လည်လေ့လာခြင်းနှင့် ပြန်လည်သုံးသပ်ခြင်း - ဉာဏ်စမ်းချိန်။
မိမိကိုယ်ကိုသနားကြင်နာခြင်းရဲ့ ရှု့ထောင့်သုံးခုကို ပြန်လည်သုံးသပ်ပြီးပြီဆိုတော့ သင့်ရဲ့နားလည်မှုကိုဉာဏ်စမ်းအတိုနဲ့ စစ်ဆေးဖို့အချိန်ရောက် ပါပြီ! ကျေးဇူးပြု၍ ဒီမေးခွန်းတွေကို တတ်နိုင်သမျှအစွမ်းကုန်ဖြေပါ။
Great job, everyone! We hope the quiz helped to reinforce the importance of self-compassion and how self-compassion is built on self-kindness, common humanity, and mindfulness. Remember, showing kindness and understanding towards ourselves is essential for our mental and emotional wellbeing.
၆.၂ ဆင်းရဲဒုက္ခနာကျင်ခံစားရခြင်းအားတုံ့ပြန်ခြင်း
ပြီးခဲ့တဲ့အပိုင်းမှာ၊ ကျွန်ုပ်တို့ မိမိကိုယ်ကိုသနားကြင်နာခြင်းရဲ့ ရှုထောင့်သုံးရပ်အကြောင်းကို လေ့လာခဲ့ပြီးဖြစ်ပါတယ်။ အခုတော့ ကျွန်ုပ်တို့ ဆင်းရဲဒုက္ခနာကျင်ခံစားရခြင်းအား တုံ့ပြန်ခြင်းသဘောတရားကို ထပ်လောင်းသုံးသပ်ပြီး၊ မိမိကိုယ်ကိုသနားကြင်နာစွာတုံ့ပြန်မှုနဲ့ သနားကြင်နာ မှုမရှိစွာ တုံ့ပြန်မှုများအကြား ကွဲပြားခြားနားချက်တွေကို အသားပေးလေ့လာသွားပါမယ် ။
မိမိကိုယ်ကိုသနားကြင်နာခြင်း ဆိုတာဘယ်လိုမျိုးဖြစ်နိုင်မလဲ။
အခုဆိုရင် မိမိကိုယ်ကိုသနားကြင်နာစွာတုံ့ပြန်မှုနဲ့
သနားကြင်နာမှုမရှိစွာတုံ့ပြန်မှုများအကြားက အဓိကကွဲပြားခြားနားချက်တွေကို သင်တို့သ
ဘောပေါက်နားလည်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ မိမိကိုယ်ကိုသနားကြင်နာခြင်းက အနည်းငယ်ထူးဆန်း ဒါမှမဟုတ်
လေ့ကျင့်လုပ်ဆောင်ဖို့ ခက်ခဲတယ်လို့ ခံစားရနိုင်ပါတယ်။ သို့တိုင်၊ ဒီအရာက ကျွန်ုပ်တိုရဲ့
ကိုယ်ရေးကိုယ်တာ ကျရှုံးမှုများ၊ အခက်အခဲများနဲ့ မပြည့်စုံမှုများကို ကျွန်ုပ်တို့ တုံ့ပြန်တဲ့နည်းလမ်းကို
ပြောင်းလဲပေးနိုင်တဲ့ အကျုံးဝင်တဲ့အလေ့အကျင့်တစ်ခုဖြစ်ပါတယ်။ အမှန်တကယ်မှာတော့၊ မိမိကိုယ်ကိုသနားကြင်နာ
ခြင်း ဆိုတာဟာ လူတစ်ဦးတစ်ယောက်စီနဲ့ သူတို့ရဲ့ မတူထူးခြားကြတဲ့ အခြေအနေများအပေါ် မူတည်ပြီးတော့
နည်းလမ်းအမျိုးမျိုး ဖြင့် ပေါ်လွင် စေနိုင်ပါတယ်။ အဲဒါကတော့ သင့်ကိုယ်သင် ကြင်နာ၊ ဖေးမစွာဖြင့်ပြောဆိုခြင်း၊ လိုအပ်လာတဲ့အခါ အကူအညီနဲ့ အထောက်အပံ့တို့ကို
ရှာဖွေခြင်း နဲ့ လက်ရှိအခိုက်အတန့်ကို အာရုံပြုပြီး သတိနဲ့ရှိနေခြင်း စတဲ့နည်းလမ်းများတို့
ဖြစ်နိုင်ပါတယ်။ မိမိကိုယ်ကိုသနားကြင်နာခြင်း ဆိုတာဘယ်လို မျိုးဖြစ်နိုင်လဲဆိုတာကို
အောက်ပါတွင် ကိုးကားဖတ်ရှု့နိုင်ပါတယ်။
အရမ်းကောင်းပါတယ်! မိမိကိုယ်ကို သနားကြင်နာခြင်းကို လက်တွေ့ဘယ်လိုလေ့ကျင့်လုပ်ဆောင်သင့်တယ်
ဆိုတဲ့ ဥပမာအချို့ကို သင်လေ့လာ ခဲ့ရပြီးဖြစ်ပါတယ်။ ဒီဥပမာတွေဟာ မိမိကိုယ်ကို သနားကြင်နာခြင်းကို သင်တို့ရဲ့လက်တွေ့ဘ၀မှာ ဘယ်လိုအသုံးချနိုင်ကြောင်း ပိုမိုနားလည် သဘောပေါက်စေဖို့
အထောက်အကူဖြစ်စေလိမ့်မယ်လို့ ကျွန်ုပ်တို့ မျှော်လင့်ပါသည်။ ဒီဥပမာတွေကို ခဏလောက်အချိန်ယူဆင်ခြင်ပြီးတော့
ဘယ်အရာက သင်နဲ့ အကိုက်ညီဆုံးလဲဆိုတာ စဉ်းစားကြည့်ပါ။ ဒီအရာတွေထဲက သင်ပိုပြီးလေ့ကျင့်လုပ်ဆောင်လိုတဲ့
အရာတွေရှိပါသလား။
၆.၃၊ မိမိကိုယ်ကိုသနားကြင်နာခြင်း နှင့် SEL
ကျွန်ုပ်တို့ မိမိကိုယ်ကို သနားကြင်နာခြင်းရဲ့
သဘောတရား၊ ၎င်းရဲ့ ရူ့ထောင့်များနဲ့ ဆင်းရဲဒုက္ခတွေကို မိမိကိုယ်ကိုသနားကြင်နာခြင်းဖြင့်
ဘယ်လို တုံ့ပြန့်ရမလဲ ဆိုတဲ့အကြောင်းအရာတွေကိုလေ့လာခဲ့ကြပါပြီ။ အခုအပိုင်းမှာတော့၊
မိမိကိုယ်ကိုသနားကြင်နာခြင်းဟာ SEL နဲ့ ဘယ်လို ဆက် စပ်ကြောင်းနဲ့ မိမိကိုယ်ကိုသနားကြင်နာခြင်း
ကိုမွေးမြူခြင်းအားဖြင့် ကျွန်ုပ်တို့ရဲ့ဘဝမှာ အပြုသဘောဆောင်တဲ့တန်ဖိုးတွေကို ဘယ်လိုရရှိနိုင် မယ့်အကြောင်း ဆွေးနွေးပါမယ်။ မိမိကိုယ်ကို
သနားကြင်နာခြင်းက ခက်ခဲတဲ့ စိတ်ခံစားချက်များကို ပိုမိုကောင်းမွန်စွာစီမံခန့်ခွဲနိုင်ရန်၊
ပိုမိုခိုင် မာသော ဆက်ဆံရေးများကို တည်ဆောက်ရန်နိုင်နဲ့ စိန်ခေါ်မှုများကို ပိုမိုခံနိုင်ရည်ရှိအောင်
ဘယ်လိုကူညီပေးနိုင်ကြောင်း ဆန်းစစ်မှာဖြစ်ပါတယ်။
၆.၄ အကြံပြုသော လှုပ်ရှားမှုများ - မိမိကိုယ်ကို သနားကြင်နာခြင်း စာသင်ခန်းထဲရှိ ကျွမ်းကျင်မှုစွမ်းရည်
ကျွန်ုပ်တို့သည် မိမိကိုယ်ကို သနားကြင်နာခြင်းခေါင်းစဉ် အဆုံးပိုင်းသို့ ရောက်ရှိလာသည်နှင့်အမျှ၊ အထူးသဖြင့် ကျင့်သားမရှိသေးသောသူများအတွက် မိမိကိုယ်ကို သနားကြင်နာခြင်းအား လေ့ကျင့်ရန် ခက်ခဲနိုင်ကြောင်း ဝန်ခံပြောဆိုလိုပါသည်။ သို့သော်၊ မှန်ကန်သင့်လျော်သော ကိရိယာများနှင့် ချဉ်းကပ်ပုံချဉ်းကပ်နည်းများဖြင့် အယောက်တိုင်း မိမိကိုယ်ကို သနားကြင်နာခြင်းကို လေ့ကျင့်ရန် သင်ယူနိုင်ကြောင်း ကျွန်ုပ်တို့ ယုံကြည်ပါသည်။ ထို့ကြောင့်၊ သင်တန်းတွင်း ပါဝင်သူများအား မိမိကိုယ်ကို သနားကျင်နာခြင်းကို ကူညီလေ့ကျင့်ပေးနိုင်ရန်အတွက် အကြံပြုအကောင်အထည်ဖော်နိုင်မည့် လှုပ်ရှားမှုများ၏ လင့်ခ် (link) များကို ရှာဖွေနိုင်ရန် အောက်ပါ ဆလိုက် (slides) များကို ကြည့်သွားပေးပါ။ လေ့ကျင့်ခန်း ၁ နှင့် လေ့ကျင့်ခန်း ၅ အား မိမိကိုယ်ကို သနားကြင်နာခြင်းဆိုင်ရာ လေ့လာမှု၌ ပညာရှင်ဖြစ်သော Dr. Kristin Neff ကိုယ်တိုင် ပြုစုခဲ့ပါသည်။ ထို့အပြင်၊ ကျောင်းသားများကြား မိမိကိုယ်ကို သနားကြင်နာခြင်းအား ဖွင့်ဖြိုးစေရန်အတွက် ကူညီနိုင်ရန် ဆရာများအတွက် နည်းဗျူဟာ အကြံအညဏ်များ စရင်းပြုစုထားသော အရင်းအမြစ်တစ်ခုအား ဝင်ရောက် စူးစမ်းနိုင်ရန် လင့်ခ် (link) တစ်ခုလည်း ထည့်သွင်းထားပါသည်။ သို့မှသာ၊ ကျောင်းသားများသည်လည်း ဤတန်ဖိုးရှိသော စွမ်းရည်မှ အကျိုးကျေးဇူးများကို ရရှိနိုင်မည်ဖြစ်သည်။
သင်တန်းအပြီးတွင် …
သင်တန်းသားများ၏ အမြင်များကို ဂရုစိုက်မှုရှိကြောင်း ပြသပါ။
ခေါင်းစဉ်နှင့်ပါတ်သက်၍
သင့်သင်တန်းသားများ၏ အမြင်များ နှင့် သင်တန်းသည် တန်ဖိုးရှိပြီး အနာဂါတ် သင်တန်းမော်ဒျူး
များကို မည်သို့ပို့ ချရ မလဲဆိုတာကို သတင်းအချက်အလက်ပေးနိုင်သည်။
နှုတ်အားဖြင့်
ဝေဖန်အကြံပြုထားသော တုံ့ပြန်ဖြေကြားချက်များကို စုစည်းခြင်းအားဖြင့် သင်တန်းဆက်ရှင်ကို
အဆုံးသတ်ပါ။
● သင်တန်းချိန်မှာ ယခင်က မသိခဲ့သော
မည်သည့်အရာများကို သင်ယူခဲ့ရပါလဲ။
● ဤခေါင်းစဉ်သည် ကျောင်းသားများနှင့်
အလုပ်လုပ်ရာတွင် ဆရာများအတွက် မည်သို့အသုံးဝင်မည်ဟု ထင်ပါသနည်း။
● သင်တန်းမှ ၎င်းတို့ ယူဆောင်သွားနိုင်သော
အဖိုးတန်ဆုံး မှတ်သားဖွယ်အချက်က ဘာလဲ။
ပိုမို နည်းစနစ်တကျ
စောင့်ကြည့်လေ့လာခြင်း နှင့် သုံးသပ်ခြင်းများလုပ်ဆောင်ရန် သင်တန်းအပြီး စစ်ဆေးခြင်းအဖြေလွှာ
နှင့် သင်တန်း သုံးသပ် ချက်ဖောင်များအပေါ် သင်တန်းသားများ၏ တုံ့ပြန်မှုများကို ကောက်ခံရန်
အသေအချာ လုပ်ဆောင်ပါ။