သင်ယူလေ့လာမှု အကျိုးရလဒ်များ

ဤသင်တန်းအပြီးတွင် ပါဝင်တက်ရောက်သူများသည် -

  1. ၁။ သနားကြင်နာမှုနှင့် သနားကြင်နာမှု၏ သဘောတရားကို အဓိပ္ပါယ် ဖွင့်ဆိုနိုင်ရမည်။

  2. ၂။ အသက်ငယ်သောကလေးနှင့် သူတို့ထက်ကြီးသော ကလေး များရဲ့ သနားကြင်နာမှုပြသပုံ ကွာခြားချက်များကို ရှင်းပြနိုင်ရမည်။
  3.  
  4. ၃။ မိမိကိုယ်ကိုယ် သနားကြင်နာမှု (သို့) ဂရုဏာမေတ္တာထား ခြင်းတို့သည် စိတ်ဓာတ်ကြံ့ခိုင်မှုတည်ဆောက်ရာတွင် လက်တွေ့ကျင့်သုံးခြင်းက မည်မျှအရေးကြီးကြောင်းရှင်း ပြနိုင်ရမည်။
  5.  
  6. ၄။ မတူညီသောအသက်အရွယ်အုပ်စုများအား မည်ကဲ့သို့ သနား ကြင်နာရမည်ကို သင်ကြားပေးသော လက်တွေ့လုပ်ဆောင် ချက်များကို သရုပ်ပြနိုင်ရမည်။

မှီငြမ်းကိုးကားချက်များ

• မော်ဒျူး ၄ လက်ကမ်းစာစောင်
• မော်ဒျူး ၄၊ အကြို စစ်ဆေးချက်
• မော်ဒျူး ၄၊ သင်တန်းအပြီးစစ်ဆေးချက်
• မော်ဒျူး ၄၊ အဖြေ
• သင်တန်းပြီးအကဲဖြတ်ဖောင်

မော်ဒျူးနိဒါန်း

သနားကြင်နာမှုကို ကျင့်သုံးခြင်းသည် လူမှုဆက်ဆံရေးတန်ဖိုးများရှိခြင်းတွင် အရင်းခံသည်။ လူမှုဆက်ဆံရေးတန်ဖိုးသည် အခြားသူများ၏ သုခပျော်ရွှင်မှု အား ဦးစားပေးခြင်းကို ရည်ညွှန်းသည်။ ၎င်းတို့သည် မကြာခဏဆိုသလို စာနာမှု၊ ကရုဏာမေတ္တာနှင့် လူမှုတာဝန်သိစိတ်တို့နှင့် ဆက်စပ်နေတတ်သည်။ ဤတန်ဖိုးများကို သင်ကြားခြင်းသည် အပြုသဘောဆောင်သော အမူအကျင့်များ၊ ကောင်းမွန်သောဆက်ဆံရေးနှင့် စာသင်ခန်းရှိ အထောက်အကူ ဖြစ်စေ သော သင်ယူမှုပတ်ဝန်းကျင်ကို မွေးမြူရန်အတွက် အရေးကြီးပါသည်[၁၊ ၂]။ 


ဆရာ/မများသည် ကလေးများ၏ တန်ဖိုးများနှင့် ယုံကြည်ချက်များကို ပုံသွင်းရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ပါသည်။ ဆရာ/မများသည်  ကလေးများ သူတစ်ပါးအပေါ် မြင်သည့်အမြင်နှင့် ဆက်ဆံပုံအပေါ် လွှမ်းမိုးနိုင်စွမ်းရှိသည်။ ဆရာ/မများအနေဖြင့် အပြုသဘောဆောင်သော လူမှုဆက်ဆံရေး

ဆိုင်ရာ စံနမူနာအပြုအမူများဖြင့် စာနာမှု၊ သနားကြင်နာမှုနှင့် လေးစားမှုကဲ့သို့သော တန်ဖိုးထားမှုများ၏ အရေးပါမှုကို အားဖြည့်ပေးနိုင်သည် [၃၊ ၄]။ ထိုသို့သောတန်ဖိုးများကို သင်ကြားခြင်းနှင့် အားဖြည့်ပေးခြင်းသည် ကျောင်းသားများအား လူမှုရေးတာဝန်ဝတ္တရားများ ပိုမိုသိရှိနားလည်လာပြီး အခြားသူ များ၏လိုအပ်ချက်များကို တုံ့ပြန်နိုင်စွမ်းရှိလာစေရန် ကူညီပေးနိုင်ပါသည်။


လူမှုဆက်ဆံရေးတန်ဖိုးများဆိုင်ရာ ဥပမာများတွင် စာနာမှုနှင့်လေးစားမှုတို့ ပါဝင်သည်။ စာနာမှုသည် အခြားသူများ၏ ခံစားချက်များကိုနာလည်ပေးခြင်း နှင့်၊ သူတို့၏စိတ်ခံစားချက်ကို မျှဝေခံစားပေးခြင်းသာမက၊ တစ်ပါးသူ၏အတွေးအခေါ်နှင့် ခံစားချက်ကို ဂုဏ်သိက္ခာရှိရှိဖြင့် လေးစားစွာ စာနာ ထောက်ထားမှုပြခြင်းဖြစ်သည်။ စာနာမှုကို သင်ကြားပေးခြင်းဖြင့်၊ ကျောင်းသား/သူများသည် အခြားသူများ၏ စိတ်ခံစားမှုများကို အသိအမှတ်ပြု နားလည်နိုင်ခြင်း၊ ညင်သာနူးညံ့ပြီး ဂရုစိုက်သောနည်းလမ်းများဖြင့် တုံ့ပြန်နိုင်ပြီး၊ မတရားမှု သို့မဟုတ် တန်းတူညီမျှမရှိခြင်းများကို ဆန့်ကျင်ပြောဆိုနိုင်စွမ်း ရှိလာနိုင်သည်[၆၊ ၇]။ လေးစားမှုဖြင့် သင်ကြားပေးခြင်းသည် ကလေးများအား လေးစားပြီး၊ စာနာထောက်ထားတတ်သော နည်းလမ်းများဖြင့် ဆက်ဆံပြောဆိုနိုင်စေရန်၊ အခြားသူများကို လေးနက်စွာ နားထောင်ပေးတတ်လာပြီး အခြားသူများ၏ အမြင်များကို တန်ဖိုးထား တတ်စေရန် အကူအညီဖြစ်စေပါသည်။ ဤလူမှုဆက်ဆံရေးတန်ဖိုးများသည် အပြုသဘောဆောင်သော ဆက်ဆံရေးများတည်ဆောက်ခြင်းနှင့် ထိန်းသိမ်း ခြင်းတွင် မရှိမဖြစ် လိုအပ်ပြီး သနားကြင်နာတတ်သော စာသင်ခန်းအဖွဲ့အစည်းကို မွေးမြူရန် ကူညီပေးနိုင်ပါသည်[]။ ဆရာ/မများအနေနှင့်၊ ဤတန်ဖိုး များကို အရေးကြီးသော စံနမူနာဖြစ်စေရန်နှင့် ကလေးများနှင့် နေ့စဉ်ထိတွေ့ဆက်ဆံမှုများတွင်ထည့်သွင်း၍ လက်တွေ့လုပ်ဆောင်သွားရန် အရေးကြီး ပါသည်။ ထိုသို့လုပ်ဆောင်ခြင်းအားဖြင့်၊ ဆရာ/မများသည် ကလေးများအတွက် အရေးကြီးသော ဘဝစွမ်းရည်များ ဖွံ့ဖြိုးလာစေရန်နှင့် လူ့အဖွဲ့အစည်း တွင် တာဝန်ယူတတ်သော သူများနှင့် ဂရုစိုက်တတ်သော အဖွဲ့ဝင်များဖြစ်လာစေရန် ကူညီပေးနိုင်ပါသည်။



ကိုးကားချက်များ

1. Sanderson R, McQuilkin J. Many kinds of kindness: The relationship between values and prosocial behaviour. In: Roccas S, Sagiv L, editors. Values and behavior: Taking a cross cultural perspective [Internet]. Cham: Springer International Publishing; 2017 [cited 2023 Apr 4]. p. 75-96. Available from: https://link.springer.com/book/10.1007/978-3-319-56352-7
DOI: 10.1007/978-3-319-56352-7_4

2. Binfet JT, Gadermann AM, Schonert-Reichl KA. Measuring kindness at school: Psychometric properties of a school kindness scale for children and adolescents. Psychol Sch [Internet]. 2016 Feb [cited 2023 Apr 4];53(2):111-26. Available from: https://onlinelibrary.wiley.com/doi/abs/10.1002/pits.21889 DOI: 10.1002/pits.21889

3. Lumpkin A. Teachers as role models teaching character and moral virtues. JOPERD [Internet]. 2008 Feb [cited 2023 Apr 4];79(2):45-50. Available from: https://www.tandfonline.com/doi/abs/10.1080/07303084.2008.10598134?journalCode=ujrd20 DOI: 10.1080/07303084.2008.10598134

4. Jennings PA, Greenberg MT. The prosocial classroom: Teacher social and emotional competence in relation to student and classroom outcomes. Rev Educ Res [Internet]. 2009 Mar [cited 2023 Apr 4];79(1):491-525. Available from: https://journals.sagepub.com/doi/abs/10.3102/0034654308325693?journalCode=rera DOI: 10.3102/0034654308325693

5. Wray-Lake L, Syvertsen AK. The developmental roots of social responsibility in childhood and adolescence. New Dir Child Adolesc Dev [Internet]. 2011 Dec [cited 2023 Apr 4];2011(134):11-25. Available from: https://onlinelibrary.wiley.com/doi/abs/10.1002/cd.308 DOI: 10.1002/cd.308

6. Thompson KL, Gullone E. Promotion of empathy and prosocial behaviour in children through humane education Aust Psychol [Internet]. 2006 Aug [cited 2023 Apr 4];38(3)175-82. Available from: https://www.tandfonline.com/doi/abs/10.1080/00050060310001707187 DOI: 10.1080/00050060310001707187

7. Roth G, Kanat-Maymon Y, Bibi U. Prevention of school bullying: The important role of autonomy‐supportive teaching and internalization of pro‐social values. Br J Educ Psychol [Internet]. 2011 Dec [cited 2023 Apr 4];81(4):654-66. Available from:
https://bpspsychub.onlinelibrary.wiley.com/doi/abs/10.1348/2044-8279.002003 DOI: 10.1348/2044-8279.002003

8. Moynihan DP, DeLeire T, Enami K. A life worth living: Evidence on the relationship between prosocial values and happiness. Am Rev Public Adm [Internet]. 2015 [cited 2023 Apr 4];45(3):311-26. Available from: https://journals.sagepub.com/doi/abs/10.1177/0275074013493657?journalCode=arpb DOI: 10.1177/0275074013493657

အဓိက အယူအဆ သဘောထားအမြင်များ

KEYCONCEPTICON - Kindness
သနားကြင်နာမှု
စိတ်ပိုင်းဆိုင်ရာနှင့် အပြုအမူဆိုင်ရာများပါ၀င်သည့် လူမှုဆက်ဆံရေးပုံစံတစ်ခု။


KEYCONCEPTICON - Self-compassion
မိမိကိုယ်ကိုသနားကြင်နာခြင်း
ကျွန်ုပ်တို့ ခက်ခဲဆိုးရွားမှုများဖြစ်သည့် ကျရှုံးမှု၊ ဆုံးရှုံးမှု၊ အရည်အချင်းမပြည့်မှီဘူးလို့ထင်မြင်ခံရခြင်း၊ (သို့) ပုဂ္ဂိုလ်ရေးဆိုင်ရာဒုက္ခ ဝေဒနာများနှင့် တွေ့ကြုံရသည့်အခါတွင် မိမိကိုယ်ကို ညင်သာစွာဆက်ဆံခြင်းဖြစ်သည်။ ၎င်းတွင် မိမိကိုယ်ကို ကြင်နာခြင်း၊ပစ္စုပ္ပန်အား အာရုံပြုခြင်းနှင့် ကျွန်ုပ်တို့၏ဘုံလူသားဖြစ်တည်မှုတို့ပါဝင်ပါသည်။

၄.၁ စာသင်ခန်းတွင်း သနားကြင်နာမှု

ပညာသင်ကြားပေးသူများအနေနှင့်၊ ကျွန်ုပ်တို့အားလုံးသည် အပြုသဘောဆောင်ပြီး အထောက်အကူဖြစ်စေသော သင်ယူမှုပတ်ဝန်းကျင်ကို ဖန်တီးရာတွင် သနားကြင်နာမှုသဘောတရားနှင့် ၎င်း၏အရေးပါမှုကို ရင်းနှီးကျွမ်းဝင်ကြသည်။ ဆရာ/မများအားလုံးသည် သူတို့၏ ကျောင်းသား/သူများကို ပြုစုပျိုးထောင်ရန် ကြိုးပမ်းကြသည်။ သို့သော်၊ ကြင်နာမှုကို အဓိပ္ပါယ်ဖွင့်ဆိုရာတွင် ရှု့ထောင့်များစွာရှိသည်ကို သင်သိ ပါသလား။ ဤပထမဗီဒီယိုတွင်၊ ကျွန်ုပ်တို့သည် ကြင်နာမှု၏အဓိပ္ပါယ်ကို ၎င်း၏ရှု့ထောင့်များနှင့် ပါဝင်သက်ရောက်မှုများကို လေ့လာသွားမည်။ သနားကြင်နာမှုကို ကောင်းမွန်စွာနားလည်သဘောပေါက်ခြင်းဖြင့်၊ တန်ဖိုးရှိသော စရိုက်လက္ခဏာကို ကျွန်ုပ်တို့ကိုယ်တိုင် လက်တွေ့ကျင့်သုံး ရုံသာမက ကျောင်းသား/သူများကို ပြုစုပျိုးထောင်ရာတွင်ပါ လုပ်ဆောင်သွားမည်ဖြစ်သည်။

လက်တွေ့တွင် ကွဲပြားသော သနားကြင်နာမှုပုံစံများ

စာသင်ခန်းအတွင်း သနားကြင်နာမှု အပြုအမူများကို စူးစမ်းရှာဖွေခြင်းဆိုင်ရာ လုပ်ဆောင်ချက်မှ ကြိုဆိုပါသည်။ ဤလေ့ကျင့်ခန်းတွင်၊ ကျောင်းသား/သူ သို့မဟုတ် ဆရာ/မများက စာသင်ခန်းအတွင်းပြသသည့် မတူညီသောသနားကြင်နာမှု နမူနာများပါရှိသည့် ရုပ်ပုံဆလိုက်ဒါတစ်ခုကို သင်ကြည့်ရှုရမည် ဖြစ်သည်။ သင်ဆလိုက်တစ်ခုစီကို ကြည့်ရှု့သွားစဉ်တွင် သနားကြင်နာမှုလုပ်ရပ်သည် ဘာကြောင့်အရေးကြီးသည်ဟု သင်ယုံကြည်ရသည့်အကြောင်းရင်းကို ခဏစဉ်းစားပြီး သင့်အမြင်ကို အဖွဲ့နှင့်မျှဝေပါ။ ဤလေ့ကျင့်ခန်းသည် စာသင်ခန်းအတွင်း သနားကြင်နာမှုပြသနိုင်သည့် နည်းလမ်းများစွာကိုတွေးတော ရာတွင် အထောက်အကူဖြစ်စေရန်နှင့် သင့်ကိုယ်ပိုင် သင်ကြားလေ့ကျင့်မှုတွင် သနားကြင်နာခြင်းတတ်ခြင်းဓလေ့ကို မြှင့်တင်နိုင်ပုံအတွက် အကြံဥာဏ်များ ပေးနိုင်ရန် ဒီဇိုင်းထုတ်ထားသည်။ ဒီတော့ ကြင်နာမှုရဲ့ စွမ်းအားကိုအတူတူ စပြီး လေ့လာကြည့်ရအောင်။


ဆရာ/မများရော၊ ကျောင်းသား/သူများကပါ စာသင်ခန်းအတွင်း သနားကြင်နာမှုကို ပြသနိုင်သည့် နည်းလမ်းများစွာရှိကြောင်းကို အသိအမှတ်ပြုရန် အရေးကြီးပါသည်။ ဤလေ့ကျင့်ခန်းသည် လေ့လာသင်ယူမှုပတ်ဝန်းကျင်တွင် အပြုသဘောဆောင်သော အကျိုးသက်ရောက်မှုဖြစ်စေနိုင်သည့် မတူညီသော သနားကြင်နာမှုလုပ်ရပ်များကို သင့်အားထင်ဟပ်စေမည်ဟု ကျွန်ုပ်တို့မျှော်လင့်ပါသည်။ သင်ရှေ့ဆက်လုပ်ဆောင်သွားမည့် သင်ကြားမှုအလုပ်သက်တမ်း တစ်လျှောက် သနားကြင်နာမှုကို သင်၏နေ့စဥ်ဘဝတွင် မည်ကဲ့သို့လက်တွေ့လုပ်ဆောင်သွားနိုင်မည့် နည်းလမ်းများကိုဆက်လက်ရှာဖွေရန် ကျွန်ုပ်တို့ တိုက်တွန်းပါသည်။ စာသင်ခန်းတွင်ပြသနိုင်သည်ဟု သင်ယုံကြည်သည့် နောက်ထပ်သနားကြင်နာမှု (သို့) တုံ့ပြန်မှုများ ရှိပါသလား။ ဤအရာများကို သင်အရင်က ကြုံဖူးပါသလား၊ ဤအရာများကို သင်တန်ဖိုးထား ပါသလား။ 

၄.၂ မိမိကိုယ်မိမိ ဂရုဏာမေတ္တာထားခြင်းနှင့် စိတ်ဓာတ်ကြံခံနိုင်မှု၏တိုးတက်မှုဖြစ်စဥ် 

သနားကြင်နာမှုကို ဆက်လက်လေ့လာနေချိန်တွင်၊ ကျွန်ုပ်တို့ မကြာခဏ လျစ်လျူရှုထားသော သနားကြင်နာမှုပုံစံဖြစ်သည့် မိမိကိုယ်ကို သနားကြင်နာမှုကို အထူးဂရုပြုဆောင်ရွက်သွားပါမည်။ အပြုသဘောဆောင်ပြီး ကောင်းမွန်သောဆက်ဆံရေးတစ်ခု တည်ဆောက်ရန်အတွက်၊ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ ပတ်ဝန်းကျင်ရှိသူများကိုသာမက မိမိကိုယ်ကိုယ် သနားကြင်နာတတ်ရန်လည်း အရေးကြီးပါသည်။ ဤနောက်ဗီဒီယိုတွင် စိတ်ဓာတ်ကြံ့ခံနိုင်မှုနှင့် ပုဂ္ဂိုလ်ရေး တိုးတက်မှုကို ပြုစုပျိုးထောင်ရာတွင် မိမိကိုယ်ကို ဂရုဏာမေတ္တာထားခြင်းနှင့် ၎င်း၏အရေးပါမှုကို အသေးစိပ်ဖော်ပြပါမည်။ သနားကြင်နာမှုရဲ့ အရေးကြီးတဲ့အပိုင်းကဏ္ဍကို ထပ်လေ့လာကြည့်ရအောင်။


ဘာကြောင့် မိမိကိုယ်ကိုယ်နှင့် အခြားသူများအပေါ် သနားကြင်နာသင့်သနည်း။

မိမိကိုယ်ကိုသာမက အခြားသူများကိုပါ သနားကြင်နာမှုပြုရန် အရေးကြီးကြောင်း ကျွန်ုပ်တို့ ဗီဒီယိုများကြည့်ရှု့ပြီးရုံသာမက ဆွေးနွေးမှုများလည်းပြုပြီးပြီ၊ သင့်ရဲ့ ဗဟုသုတအသစ်များကို စစ်ရန်အချိန်ရောက်ပါပြီ။ အောက်ပါ ဉာဏ်စမ်းပဟေဋ္ဌိသည် သနားကြင်နာမှု အလွန်အရေးကြီးကြောင်းသာမက၊ SEL နှင့်မည်သို့သက်ဆိုင်ကြောင်းကို ဆင်ခြင်သုံးသပ်ရန် ကူညီပေးပါမည်။


ဉာဏ်စမ်းပဟေဠိကို ပြီးမြောက်အောင် ကောင်းမွန်စွာဖြေဆိုနိုင်ခဲ့ကြပါတယ်။ မိမိကိုယ်ကိုနှင့် အခြားသူများအပေါ် သနားကြင်နာမှုပြခြင်းသည် အပြုသဘောဆောင်ပြီး အထောက်အကူဖြစ်စေသော လေ့လာသင်ယူမှုပတ်ဝန်းကျင်ကို တည်ဆောက်ခြင်း၏ အဓိကအစိတ်အပိုင်းတစ်ခု ဖြစ်ကြောင်း သတိရပါ။ ၎င်းသည် မိမိကိုယ်ကို သိရှိနားလည်မှု၊ လူမှုရေးအသိအမြင်၊ တာဝန်ယူမှုရှိသော ဆုံးဖြတ်ချက်ချခြင်း၊ မိမိကိုယ်ကို ထိန်းညှိခြင်းနှင့် ပေါင်းသင်း ဆက်ဆံရေးစွမ်းရည်များ ကဲ့သို့သော လူမှုရေးနှင့် စိတ်ခံစားမှုဆိုင်ရာ စွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရန် မရှိမဖြစ်လိုအပ်သော အခန်းကဏ္ဍတစ်ခုလည်း ဖြစ်သည်။ ကျွန်ုပ်တို့၏ နေ့စဉ်ဘဝနှင့် စာသင်ခန်းများတွင် သနားကြင်နာမှုကို ဆက်လက်ဦးစားပေးကြပါစို့။


၄.၃ အတူတကွ လေ့လာသင်ယူခြင်း- စာသင်ခန်းရှိ ကြင်နာမှုမြှင့်တင်ရန် လှုပ်ရှားမှုများ

သနားကြင်နာမှုအကြောင်းပြောခြင်းသည် မရှိမဖြစ်လိုအပ်သော ပထမခြေလှမ်းဖြစ်သည်၊ သို့သော် ကလေးများအတွက် သနားကြင်နာမှုတန်ဖိုး၏ အမှန်တကယ်အရေးကြီးမှုကို ဆရာ/မများအနေဖြင့်လည်း တက်ကြွစွာဖြင့် လက်တွေ့ကျင့်သုံး လုပ်ဆောင်ရန်အရေးကြီးသည်။ ကျွန်ုပ်တို့သည် စာသင်ခန်း အတွင်း သနားကြင်နာမှုပြုစုပျိုးထောင်ခြင်းဆိုင်ရာ SEL သင်တန်းကို ဆက်လက်လုပ်ဆောင်နေစဉ်၊ ယခု ကျွန်ုပ်တို့သည် ကျောင်းသား/သူများအတွက် သနားကြင်နာတတ်မှုကို မြှင့်တင်ရန်နှင့် အားကောင်းစေမည့် လက်တွေ့ကျသည့်နည်းလမ်းများကို ရှာဖွေသွားပါမည်။ ကျွန်ုပ်တို့သည် အသက်အရွယ်အလိုက် သင့်လျော်ပြီး စာသင်ခန်းတွင် အလွယ်တကူ ထပ်တူအသုံးပြုနိုင်သော လှုပ်ရှားမှုသုံးခုကို မိတ်ဆက်ပေးပါမည်။ ဤလှုပ်ရှားမှုများမှ တဆင့် ပါဝင်တတ်ရောက်သူများနှင့် သူတို့၏ကျောင်းသား/သူများသည် အခြားသူများ၏ သနားကြင်နာသော စကားလုံးများနှင့် အပြုအမူများကို အသိအမှတ် ပြုခြင်းဖြင့် သနားကြင်နာမှုစွမ်းအားကို တွေ့ကြုံခံစားရမည်ဖြစ်ပါသည်။ ကလေးငယ်များကြားတွင် သနားကြင်နာမှုပျိုးထောင်ရန် ပျော်ရွှင်စရာကောင်းပြီး ထိရောက်သောနည်းလမ်းအချို့ကို ရှာဖွေကြပါစို့။


လှုပ်ရှားမှု ၁- သတ္တဝါကလေး-ကျွန်ုပ် (အသက် ၇ နှစ်မှ ၉ နှစ်အတွက်)

‘သတ္တဝါအကြောင်းပြောဆိုခြင်း’ ဟူသည့် လှုပ်ရှားမှုသည် ကလေးများနှင့် ရင်းနှီးကျွမ်းဝင်မှုရယူကာ သူတို့၏ အမြင်သဘောထားများနှင့် ခံစားချက်များကို ဆွေးနွေးရန် အပြန်အလှန်လှုပ်ရှားလုပ်ဆောင်နိုင်ပြီး ပျော်ရွှင်စရာကောင်းသည့် နည်းလမ်းဖြစ်ပါသည်။  ဤလှုပ်ရှားမှုတွင် ကလေးများနှင့် စကားစမြည်ပြောဆိုခြင်းကို စတင်ရန်နှင့် ကလေး၏ စိတ်ခံစားမှုများနှင့် အမြင်ရှုထောင့်များကို ရှာဖွယ်ရန် သတ္တဝါအမျိုးမျိုး၏ ရုပ်ပုံများကို အသုံးပြုခြင်း ပါဝင်ပါသည်။ ၎င်းသည် ကလေးများ၏ စိတ်ခံစားချက်များ၊ သူတို့ကိုယ်တိုင်နှင့် ပတ်ဝန်းကျင်ရှိ လူများ၏ ထင်မြင်ချက်များအပြင် သူတို့၏ နှစ်သက်ရာ သတ္တဝါများကို အတည်တကျတည်ဆောက်ပြောဆိုနိုင်ရန် ရည်ရွယ်ခြင်းဖြစ်ပါသည်။ ဤလှုပ်ရှားမှုအား ကလေး၏ လိုအပ်ချက်များနှင့် ကိုက်ညီရန် လိုက်လျောညီထွေစွာ ပြုလုပ်နိုင်ပါသည်။ ၎င်းအား အချင်းချင်းရင်းနှီးစေရန် အစပျိုးသော လှုပ်ရှားမှုတစ်ရပ် ထို့နောက်၊ ကြင်နာခြင်း၏ အရေးပါမှုကဲ့သို့သော တိကျသော ခေါင်းစဉ်အကြောင်းအရာများကို ဆွေးနွေးရန်၊ သို့မဟုတ် ကလေးနှင့် ပိုမိုရင်းနှီးမှုရှိစေရန် အသုံးပြုနိုင်ပါသည်။ ဤလှုပ်ရှားမှုအကြောင်း  ဤနေရာတွင် စူးစမ်းကြည့်လိုက်ပါ။

လှုပ်ရှားမှု ၂- သနားကြင်နာမှု အပြုသဘော ပြကွက်များ (အသက် ၁၀ နှစ်မှ ၁၂ နှစ်အတွက်)

ကျွန်ုပ်တို့၏ ဒုတိယမြောက် လှုပ်ရှားမှုဖြစ်သည့် “သနားကြင်နာမှု အပြုသဘော ပြကွက်များ” သည် အသက် ၁၀ နှစ်မှ ၁၂ နှစ်အထိ ကျောင်းသား/သူများကို ၎င်းတို့သက်တူရွယ်တူများ၏ အပြုသဘော အရည်အသွေးများကို အသိအမှတ်ပြုကာ တန်ဖိုးထားတတ်အောင် ကူညီပေးရန် ရေးဆွဲထားပါသည်။ သင်တန်းကာလအတွင်း ဤလှုပ်ရှားမှုကို သရုပ်ပြရန်အတွက် ပါဝင်တက်ရောက်သူများကို နှစ်ယောက်စီတွဲပါ။ တစ်ဦးနှင့်တစ်ဦး ၎င်းတို့၏ ထူးခြားသော အားသာချက်များနှင့် အရည်အသွေးများကို ဦးစားပေးဖော်ပြကာ သနားကြင်နာပြီး အားပေးသော သတင်းစကားများ ရေးသားခိုင်းပါ။ ၎င်းတို့သက်တူရွယ်တူများ၏ အပြုသဘော အစိတ်အပိုင်းများကို အာရုံစိုက်ခြင်းအားဖြင့် သင်၏ ပါဝင်တက်ရောက်သူများနှင့် ၎င်းတို့၏ ကျောင်းသား/သူများသည် စာသင်ခန်းထဲတွင် အသိုင်းအဝိုင်း အသိစိတ် ပိုမိုခိုင်မာစွာ ရရှိလာနိုင်ပါသည်။


သနားကြင်နာမှု အပြုသဘော ပြကွက်များ

ပို့ချသူတစ်ယောက် အနေနှင့် သင့်အလုပ်မှာ ဤလှုပ်ရှားမှု၏ ရည်ရွယ်ချက်များနှင့် အဆင့်များကို သင်၏ ပါဝင်တက်ရောက်သူများအား ရှင်းပြရန်နှင့် သူတို့၏ ကျောင်းသား/သူများကို ပြန်လည်သရုပ်ပြရာတွင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိအောင် ကူညီရန် ဖြစ်ပါသည်။ ဤလှုပ်ရှားမှုတွင် ကျောင်းသား/သူများအား ကျပမ်းစနစ်ဖြင့် တွဲဖက်ပုဂ္ဂိုလ်တစ်ဦး သတ်မှတ်ပေးထားပါမည်။ မိမိ၏ တွဲဖက်ပုဂ္ဂိုလ် အကြောင်း ၎င်းတို့၏ ထူးခြားသော အရည်အသွေးများနှင့် အားသာချက်များကို ဦးစားပေးဖော်ပြကာ သနားကြင်နာပြီး အပြုသဘော ကိစ္စများကို ရေးချရန် သဲလွန်စများ ပေးထားပါမည်။ ၎င်းတို့တွဲဖက်ပုဂ္ဂိုလ်များ၏ အပြုသဘော အပိုင်းများကို ပြန်လည်သုံးသပ်ခြင်းအားဖြင့် သင်၏ ပါဝင်သူများသည် အခြားသူများ၏ ကောင်းကွက်ကို အသိအမှတ်ပြုကာ တန်ဖိုးထားတတ်လာပါမည်။ ဤနည်းဖြင့် အသိုင်းအဝိုင်း အသိစိတ်နှင့် စာနာမှုတို့ ဖြစ်ပေါ်လာပါသည်။ ဤလှုပ်ရှားမှုသည် လုပ်ဆောင်ရန် လွယ်ကူပြီး ပျော်စရာကောင်းပါသည်။ ထို့ပြင် အားလုံးကို တန်ဖိုးထားပြီး အသိအမှတ်ပြုသည့် ခံစားချက်မျိုး ရစေမည့် အပြုသဘော ပံ့ပိုးမှုရှိသော ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးနိုင်ပါသည်။

သင်ထောက်ကူ ပစ္စည်းများ

စာရွက်များနှင့် ဘောပင်များ









အကြံပြုထားသော ချဉ်းကပ်မှုနည်းလမ်း
POSITIVE SNAPSHOTS Activity Icon

1. ၁။ ပါဝင်တက်ရောက်သူများကို လေးယောက် သို့မဟုတ် ငါးယောက်စီ အုပ်စုခွဲပါ။ အလှည့်ကျ သရုပ်ပြမှုတိုင်းတွင် ပါဝင်တက်ရောက်သူတစ်ဦးက ဆရာ/နေရာကို ယူပြီး အခြားအဖွဲ့ဝင်များက ကျောင်းသား/သူအဖြစ် သရုပ်ဆောင်ပါမည်။ သရုပ်ပြရာတွင် ကျောင်းသား/သူများကို ဤအသက်အရွယ် အုပ်စုအား ထင်ဟပ်သော နည်းများဖြင့် တုံ့ပြန်ပြီး အပြန်အလှန် ဆောင်ရွက်ရန် အားပေးပါ။


2. 
၂။ ပါဝင်တက်ရောက်သူတစ်ဦးကို ကျန်အဖွဲ့ဝင် များအကြား နှစ်ယောက်တစ်တွဲ ကျပမ်း သတ်မှတ်ရန် ညွှန်ကြားခြင်းအားဖြင့် သရုပ်ပြမှုများ စတင်ခိုင်းပါ။ ထို့နောက် စာရေးသားရန် ပစ္စည်းများ ဝေပေးပါ။


3. ၃။ ဆရာ/မသည် ယခုအခါ ကျောင်းသား/သူများအား ၎င်းတို့ကိုယ်ပိုင် စာရွက်အပိုင်းအစများပေါ်၌ အောက်ပါ စာကြောင်း အစများအတိုင်း လိုက်နာပြီး စာရေးချရန် သဲလွန်စ ပေးပါမည်။ ကျောင်းသား/သူများအား ဤစာကြောင်းများကို နောက်ပိုင်းတွင် ပြီးအောင်ရေးနိုင်ရန် လုံလောက်သောအချိန် ပေးထားပါ။ 

● 
သင်နှင့်ပတ်သက်၍ ကောင်းတဲ့အချက် တစ်ချက်မှာ...

● သင့်ကို ကျွန်ုပ်သိစေချင်တဲ့ အချက်တစ်ချက် ကတော့...

● သင်ကျွမ်းကျင်တဲ့ ကိစ္စ တစ်ခုက...


4. ၄။ ဆရာ/မသည် ယခုအခါ ကျောင်းသား/သူများအား ၎င်းတို့၏ စာကြောင်းများကို မိမိ၏ တွဲဖက်ပုဂ္ဂိုလ်နှင့်အတူ စိတ်ထဲတွင် ပြီးအောင်ရေးဖို့ အချိန်ယူရန် ညွှန်ကြားပါမည်။ ဆရာ/မသည် ကျောင်းသား/သူများက မိမိ၏ တွဲဖက်ပုဂ္ဂိုလ်အကြောင်း သနားကြင်နာသော သတင်းစကားများကိုသာ ရေးသင့်ကြောင်း ရှင်းရှင်းလင်းလင်း ပြောထားရပါမည်။

5. ၅။ အချိန်စေ့သောအခါ ဆရာ/မသည် မိမိကျောင်းသား/သူများ၏ တုံ့ပြန် ရေးသားချက်များကို 

6. ၆။ အဆင်သင့် ဖြစ်သောအခါ ဆရာ/မအား ထိုမှတ်စုများထဲမှ တစ်ခုကို ကျပမ်း ယူလိုက်ပြီး မည်သူ ရေးထားကြောင်း ထုတ်မပြောဘဲ စာထဲက သတင်းစကားကို တစ်တန်းလုံးအား ဖတ်ပြခိုင်းပါ။ ဆရာ/မသည် ထိုမှတ်ချက်ကို မည်သူရေးထားကြောင်း အခြား ကျောင်းသား/သူများကို မှန်းဆခိုင်းနိုင်ပါသည်။ ထို့နောက် ဆရာ/မသည် ထိုမှတ်ချက် ရေးသားသူကို ထုတ်ပြောကာ ထိုကျောင်းသား/သူအား ရှေ့ကိုထွက်လာခိုင်းပြီး ၎င်းရေးထားသော သတင်းစကားကို မျှဝေပြောပြခိုင်းပါ။ သတင်းစကား အားလုံးကို ဖတ်ပြကာ မျှဝေပြောပြပြီးသည်အထိ ဤအတိုင်း ထပ်မံ၍လုပ်ဆောင်ပါ။

7. 
၇။ ဆရာ/မအား ကျောင်းသား/သူများကို အခြားသူများအပေါ် သနားကြင်နာမှု ပြသခြင်း၏ အရေးကြီးပုံကို ပြန်လည် သုံးသပ်မိစေမည့် မေးခွန်းများဖြင့် လမ်းညွှန်နိုင်အောင် သဲလွန်စပေးပါ။ ဥပမာအားဖြင့်-


သင့်ရဲ့ တွဲဖက်ပုဂ္ဂိုလ်အတွက် သနားကြင်နာသော သတင်းစကား ရေးသားရတာ ဘယ်လိုခံစားရလဲ။

● သင့်ရဲ့ တွဲဖက်ပုဂ္ဂိုလ်ထံမှ သနားကြင်နာသော သတင်းစကား ရရှိတာ ဘယ်လိုခံစားရလဲ။

● သနားကြင်နာခြင်း၏ အရေးကြီးပုံကို ဘာတွေ သင်ယူမိပါသလဲ။


8. ၇။ အုပ်စု အဖွဲ့ဝင် အားလုံး ပါဝင်ခွင့် ရပြီးသောအခါ ပါဝင်တက်ရောက်သူများ တစ်ဖွဲ့လုံးနှင့်အတူ အကျဉ်းချုပ် ဆွေးနွေးပွဲ စတင်ပါ။ သင်မေးနိုင်သည့် မေးခွန်းအချို့မှာ-

● သင့်ရဲ့ သရုပ်ပြမှုအတွင်းမှာ အခက်အခဲ တစ်ခုခု တွေ့ရပါသလား။
● ဤလှုပ်ရှားမှုကို သင့်ကျောင်းသားများက ဘယ်လို တုံ့ပြန်မည်ဟု ထင်ပါသလဲ။

● အခြားသူများအပေါ် သနားကြင်နာမှု ပြသရန် သင့်ကျောင်းသား/သူများကို တိုက်တွန်းနိုင်မည့် အခြားနည်းလမ်း အချို့ကို ဖော်ပြပါ။




လှုပ်ရှားမှု ၃- သနားကြင်နာမှု အဖွဲ့လိုက် ဆုများ (အသက် ၁၃ နှစ်မှ ၁၈ နှစ်အတွက်)

ကျွန်ုပ်တို့၏ တတိယမြောက် လှုပ်ရှားမှုဖြစ်သည့် “သနားကြင်နာမှု အဖွဲ့လိုက် ဆုများ” သည် ကျောင်းသား/သူများအား ၎င်းတို့ သက်တူရွယ်တူများ၏ သနားကြင်နာသော ဆောင်ရွက်ချက်များကို ပိုမိုတန်ဖိုးထားတတ်အောင် ကူညီပေးရန် ရေးဆွဲထားပါသည်။ ဤလှုပ်ရှားမှုမှတစ်ဆင့် ပါဝင်တက်ရောက်သူများသည် နှစ်ယောက်တစ်တွဲ တွဲကာ မတူညီသော “သနားကြင်နာမှု ဆုများ” အတွက် တစ်ဦးကိုတစ်ဦး တစ်လှည့်စီ အမည်တင်သွင်းရပါမည်။ ဥပမာ “သနားကြင်နာမှု အရှိဆုံး မိတ်ဆွေဆု” သို့မဟုတ် “အကူအညီ အပေးဆုံးဆု” စသည်တို့ ဖြစ်သည်။ ကျောင်းသား/သူများသည် ၎င်းတို့အတန်းဖော်များ၏ အပြုသဘော အရည်အသွေးများကို အသိအမှတ်ပြုကာ အောင်ပွဲခံခြင်းအားဖြင့် စာနာမှုနှင့် နားလည်မှုတို့ ပိုမိုရရှိလာကာ အတန်းထဲ၌ အသိုင်းအဝိုင်း အသိစိတ် ပိုမိုခိုင်မာလာပါလိမ့်မည်။

သနားကြင်နာမှု အဖွဲ့လိုက် ဆုများ

ပို့ချသူတစ်ယောက် အနေနှင့် သင့်အလုပ်မှာ ပါဝင်တက်ရောက်သူများအား ဤလှုပ်ရှားမှုကို မိတ်ဆက်ရန်နှင့် ရှင်းလင်းသော ညွှန်ကြားချက်များပေးရန် ဖြစ်ပါသည်။ သူတို့၏ သက်တူရွယ်တူများကို သနားကြင်နာမှုဆုများ အမည်တင်သွင်းရာ၌ သက်သောင့်သက်သာနှင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိအောင် ကူညီရပါမည်။ ပါဝင်တက်ရောက်သူများကို ၎င်းတို့၏ စာသင်ခန်း အသိုင်းအဝိုင်း၏ တန်ဖိုးများ ထင်ဟပ်စေရန် ဆန်းသစ်စွာ တွေးခိုင်းပြီး ထူးခြားသော ဆုများ ပေါ်ထွက်လာအောင် အားပေးပါ။ ဥပမာ၊ "စဉ်းစားဆင်ခြင်ဉာဏ် အရှိဆုံး"၊ "ဂရုစိုက်မှု အရှိဆုံး" နှင့် "အထောက်အကူ အပြုဆုံး" ဆုများဖြစ်သည်။ ဤလှုပ်ရှားမှု၏ ရည်ရွယ်ချက်မှာ ကျောင်းသား/သူများအား သနားကြင်နာမှု အပြုအမူများကို အသိအမှတ်ပြုကာ အောင်ပွဲခံခိုင်းရန်နှင့် စာသင်ခန်းထဲ၌ စာနာမှုနှင့် ကရုဏာရှိသော ယဉ်ကျေးမှုတစ်ခု ပေါ်ထွက်လာစေရန် ဖြစ်ပါသည်။ သနားကြင်နာမှု အပြုအမူများကို အသိအမှတ်ပြုကာ အောင်ပွဲခံခြင်းအားဖြင့် ကျောင်းသား/သူများသည် အခြားသူများအပေါ် မိမိအပြုအမူ၏ အပြုသဘော သက်ရောက်မှုကို တန်ဖိုးထားတတ်လာကာ သနားကြင်နာမှု ဆက်လက်ထားရှိလိုသောစိတ် ပိုမိုခံစားလာရပါမည်။

သင်ထောက်ကူ ပစ္စည်းများ

Pပါဝင်တက်ရောက်သူ အားလုံး၏ အမည်များကို ရေးထားသည့် စာရွက် အပိုင်းများ ပါဝင်သော ဇလုံတစ်ခု



အကြံပြုထားသော ချဉ်းကပ်မှုနည်းလမ်း
KINDNESS GROUP AWARDS Activity Icon

1. ၁။ ပါဝင်တက်ရောက် သူတစ်ဦး၏ အမည်ကို ဇလုံထဲမှ သို့မဟုတ် အခြားနည်းလမ်းဖြင့် နှိုက်ယူပြီး ကျပမ်းရွေးချယ်ပါ။ အမည် ရွေးချယ်ခံရသော ပါဝင်တက်ရောက်သူအား ၎င်းနှင့် တွဲဖက်ထားသူ၏ အမည်ကို ဇလုံထဲမှ ကျပမ်း ရွေးချယ်ခိုင်းပါ။

2.
၂။ ပါဝင်တက်ရောက်သူကို ၎င်း၏ တွဲဖက်ပုဂ္ဂိုလ် အတွက် မည်သည့် သနားကြင်နာမှု ဆုကို ဘာအတွက်၊ ဘာကြောင့် အမည်စာရင်း ပေးချင်ကြောင်း မျှဝေပြောပြခိုင်းပါ။

ဥပမာများ-

● စဉ်းစားဆင်ခြင်ဉာဏ် ရှိသော သူငယ်ချင်း- အခြားသူများအတွက် အမြဲစဉ်းစားပေးပြီး သူတို့အတွက် သနားကြင်နာသော ကိစ္စများ ဆောင်ရွက်ပေးသူအတွက်။

● အကောင်းဆုံး နားထောင်ပေးသူ- အမြဲတမ်း နားထောင်ပေးပြီး စာနာမှု ပြသပေးသူအတွက်။
● အကောင်းမြင် သဘောထား- ·         အကောင်းမြင် သဘောထား အမြဲထားရှိသူအတွက်။

● အထောက်အကူ အပြုဆုံး- လိုအပ်သူအတွက် အကူအညီနှင့် အားပေးမှုကို အမြဲပြသပေးသူအတွက်။

3.၃။ အမည်တင်သွင်းခံရသော ပါဝင်တက်ရောက် သူကို ၎င်း၏ တွဲဖက်ပုဂ္ဂိုလ်အား ကျေးဇူးတင်ခိုင်းပါ။ ၎င်းရွေးချယ်ထားသော ဆုကိုလည်း ပြန်လည်၍ အမည်တင်သွင်းခိုင်းပြီး အကြောင်းရင်းကိုလည်း ပြောပြခိုင်းပါ။

4. ၄။ ပါဝင်တက်ရောက်သူ တစ်တွဲမှ နှစ်ဦးစလုံးသည် တစ်ဦးကိုတစ်ဦး ဆုအတွက် နာမည်တင်သွင်း ပြီးသည်နှင့် နောက်ထပ် ပါဝင်တက်ရောက်သူတစ်ဦးကို ဇလုံထဲမှ နာမည်တစ်ခု နှိုက်ခိုင်းပြီး ဆုအတွက် အထက်ပါအတိုင်း ထပ်မံလုပ်ဆောင်ကာ နာမည် တင်သွင်းခိုင်းပါ။ ပါဝင် တက်ရောက်သူအားလုံး တစ်လှည့်စီ အခြားသူများ ကိုရော၊ သူတို့ကိုပါ နာမည်တင်သွင်းခွင့် ရှိရပါမည်။ အားလုံး တစ်လှည့်စီ အခြားသူများကို နာမည် တင်သွင်းခြင်း၊ မိမိကိုလည်း နာမည်တင်သွင်း ခံရခြင်း ပြီးသွားသောအခါ လှုပ်ရှားမှုကို အဆုံးသတ် လိုက်ပါ။


5. ၅။ သင်၏ ပါဝင်တက်ရောက်သူများကို သနားကြင်နာမှု၏ တန်ဖိုးကို ပြန်လည်သုံးသပ်ခိုင်းရန်နှင့် အခြားသူများအပေါ် သနားကြင်နာမှုကို သတိပြုမိစေရန် မေးခွန်းများဖြင့် လမ်းညွှန်ပေးပါ။ ဥပမာအားဖြင့်-
 
သင့်တွဲဖက်ပုဂ္ဂိုလ်ထံမှ ဆုကို ရရှိသည့်အတွက် ဘယ်လို ခံစားရသလဲ။

ဤလှုပ်ရှားမှုအတွင်း သင့်သက်တူရွယ်တူ များထံမှ အကြောင်းအရာ အသစ်တစ်ခုခု သင်ယူမိပါ သလား။

ကျွန်ုပ်တို့၏ နေ့စဉ်ကိစ္စများတွင် သနားကြင်နာ မှုကို ဘယ်လို ဆက်လက် ပေါင်းစပ်ပေးနိုင်မလဲ။

● သင့်ကျောင်းသား/သူများက ဤလှုပ်ရှားမှုကို ဘယ်လို တုံ့ပြန်မည်ဟု ထင်ပါသလဲ။

သင်တန်းအပြီးတွင် …

သင်တန်းသားများ၏ အမြင်များကို ဂရုစိုက်မှုရှိကြောင်း ပြသပါ။

ခေါင်းစဉ်နှင့်ပါတ်သက်၍ သင့်သင်တန်းသားများ၏ အမြင်များ နှင့် သင်တန်းသည် တန်ဖိုးရှိပြီး အနာဂါတ် သင်တန်းမော်ဒျူး များကို မည်သို့ပို့ ချရ မလဲဆိုတာကို သတင်းအချက်အလက်ပေးနိုင်သည်။

နှုတ်အားဖြင့် ဝေဖန်အကြံပြုထားသော တုံ့ပြန်ဖြေကြားချက်များကို စုစည်းခြင်းအားဖြင့် သင်တန်းဆက်ရှင်ကို အဆုံးသတ်ပါ။

 ● သင်တန်းချိန်မှာ ယခင်က မသိခဲ့သော မည်သည့်အရာများကို သင်ယူခဲ့ရပါလဲ။ 
 ● ဤခေါင်းစဉ်သည် ကျောင်းသားများနှင့် အလုပ်လုပ်ရာတွင် ဆရာများအတွက် မည်သို့အသုံးဝင်မည်ဟု ထင်ပါသနည်း။
 ● သင်တန်းမှ ၎င်းတို့ ယူဆောင်သွားနိုင်သော အဖိုးတန်ဆုံး မှတ်သားဖွယ်အချက်က ဘာလဲ။

ပိုမို နည်းစနစ်တကျ စောင့်ကြည့်လေ့လာခြင်း နှင့် သုံးသပ်ခြင်းများလုပ်ဆောင်ရန် သင်တန်းအပြီး စစ်ဆေးခြင်းအဖြေလွှာ နှင့် သင်တန်း သုံးသပ် ချက်ဖောင်များအပေါ် သင်တန်းသားများ၏ တုံ့ပြန်မှုများကို ကောက်ခံရန် အသေအချာ လုပ်ဆောင်ပါ။

ယခင်မော်ဒျူး
ရှေ့မော်ဒျူး