သင်ယူလေ့လာမှု အကျိုးရလဒ်များ
- စိတ်ပိုင်းဆိုင်ရာ ကြံ့ကြံ့ခံနိုင်စွမ်းနှင့် ပညာရေးဆိုင်ရာ ကြံ့ကြံ့ခံနိုင်စွမ်းတို့၏ သဘောတရားများကို အဓိပ္ပာယ်ဖွင့်ဆိုနိုင်ခြင်း။
- ကြံ့ကြံ့ခံနိုင်စွမ်းကို ပျိုးထောင်ရာတွင် အန္တရာယ်ဖြစ်စေနိုင်သောနှင့် အကာအကွယ်ဖြစ်စေနိုင်သော အချက်အလက်များ၏ အခန်းကဏ္ဍကို ရှင်းပြနိုင်ခြင်းနှင့် သာဓကများ ပေးနိုင်ခြင်း။
- ကြီးထွားတိုးတက်သော စိတ်နေစိတ်ထားအကြောင်း ရှင်းပြနိုင်ခြင်း။
- ကလေးများတွင် ကြီးထွားတိုးတက်သော စိတ်နေစိတ်ထားကို ပျိုးထောင်းပေးနိုင်ရန်အတွက် နည်းဗျူဟာများကို အမည်တပ်ပြော၍ ရှင်းပြနိုင်ခြင်း။
မော်ဒျူးနိဒါန်း
ကြံ့ကြံ့ခံနိုင်စွမ်းသည် တစ်ဦးတည်း သီးသန့်ခွဲနေခြင်းဖြင့် တည်ဆောက်ရသော အရည်အသွေးတစ်ခုမဟုတ်ဘဲ ပိုမိုကျယ်ပြန့်သော လူမှုရေးအသိုင်းအဝိုင်းတွင် ပျိုးထောင်ပေးရသော စွမ်းရည်တစ်ခုဖြစ်ပါသည်။ လူငယ်လူရွယ်များ၏ ကြံ့ကြံ့ခံနိုင်စွမ်းကို အားကောင်းစေရန် ကျောင်းတစ်ကျောင်းလုံးနှင့် အသိုင်းအဝိုင်းတစ်ခုလုံးပါဝင်သော နည်းလမ်းများသည် ကူညီပံ့ပိုးမှုရှိသော ပတ်ဝန်းကျင်များကို ဖန်တီးရန်အတွက် လူတစ်ဦးချင်း၊ မိသားစုများ၊ ကျောင်းများနှင့် အသိုင်းအဝိုင်းများကြားတွင် ပူးပေါင်းလုပ်ကိုင်မှုလိုကြောင်းကို အသိအမှတ်ပြုခြင်းဖြစ်ပါသည် [1, 2]။
တစ်ကျောင်းလုံးပါဝင်သော နည်းလမ်းများတွင် ကျောင်းအသိုင်းအဝိုင်း၏ အဖွဲ့ဝင်များအားလုံး လုံခြုံကြောင်း၊ ကူညီပံ့ပိုးမှုခံရကြောင်းနှင့် တန်ဖိုးထားခံရကြောင်း ခံစားရစေသော ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးခြင်း ပါဝင်ပါသည်။ ၎င်းတွင် အပြုသဘောဆောင်သော စိတ်ကျန်းမာရေးနှင့် ပျော်ရွှင်ရေးကို မြှင့်တင်ပေးသော မူဝါဒများနှင့် အလေ့အကျင့်များ ချမှတ်ခြင်းနှင့် များစွာသော ကူညီပံ့ပိုးမှုနှင့် အရင်းအမြစ်များ ရယူသုံးစွဲနိုင်ရန် ပေးအပ်ခြင်းတို့ ပါဝင်ပါသည်။ အပြုသဘောဆောင်သော ကျောင်းဓလေ့တစ်ခုကို မြှင့်တင်ခြင်းသည် တစ်ကျောင်းလုံးပါဝင်သော နည်းလမ်းအတွက် အဓိကရှုထောင့်တစ်ခုဖြစ်ပါသည်။ ကျောင်းသားများ၊ ဝန်ထမ်းများနှင့် မိဘများကြားတွင် မိမိပါဝင်မှု၊ ပတ်သက်မှုနှင့် ချိတ်ဆက်မှုတို့ကို ခံစားရအောင် ပြုလုပ်ပေးခြင်းသည် ကျောင်းသားများကို ကုညီပံ့ပိုးပေးခံရကြောင်းနှင့် တန်ဖိုးထားခံရကြောင်း ခံစားရအောင် ကူညီပေးပြီး သူတို့၏ ကြံ့ကြံ့ခံနိုင်စွမ်းကို တည်ဆောက်ပေးပါသည် [3, 4]။
အသိုင်းအဝိုင်းအလိုက် ကျယ်ပြန့်စွာပါဝင်သော နည်းလမ်းများတွင် လူငယ်လူရွယ်များကြား ကြံ့ကြံ့ခံနိုင်စွမ်းကို တိုးမြှင့်ပေးရန် အားထုတ်မှုအနေဖြင့် ပိုမိုကျယ်ပြန့်သော အသိုင်းအဝိုင်းနှင့် ထိတွေ့ဆက်ဆံမှု ပါဝင်ပါသည်။ စိတ်ကျန်းမာရေးဆေးခန်းများ၊ လူငယ်လူရွယ်အုပ်စုများနှင့် အသိုင်းအဝိုင်းစင်တာများကဲ့သို့သော ဒေသန္တရ အဖွဲ့အစည်းများနှင့် လက်တွဲမှုများ တည်ဆောက်ခြင်းသည် လူငယ်လူရွယ်များအတွက် အခက်အခဲများမှ နာလန်ထနိုင်ရန် လိုအပ်သော စွမ်းရည်များနှင့် နည်းဗျူဟာများကို ပျိုးထောင်နိုင်ရန် ကူညီပေးသော ဝန်ဆောင်မှုများနှင့် အထောက်အပံ့အမျိုးမျိုးကို ပေးအပ်ပါသည် [5, 6]။
အသိုင်းအဝိုင်းအလိုက်၊ ကျောင်းများအလိုက်နှင့် အခြားအဖွဲ့အစည်းများအလိုက် အတူတကွလုပ်ဆောင်ခြင်းသည် လူငယ်လူရွယ်များကို စိန်ခေါ်မှုများ ကျော်လွှားရန်နှင့် သူတို့၏ ကြံ့ကြံ့ခံနိုင်စွမ်း တည်ဆောက်ရန် ကူညီပေးသည့် အထောက်အပံ့ကွန်ရက်တစ်ခုကို ဖန်တီးပေးနိုင်ပါသည်။ စိတ်ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုများ၊ သက်တူရွယ်တူအချင်းချင်း ကူညီပံ့ပိုးသည့် အုပ်စုများနှင့် အခြားအရင်းအမြစ်များ ရယူနိုင်အောင် ပြုလုပ်ပေးခြင်းသည် အပြုသဘောဆောင်သော စိတ်ကျန်းမာရေးနှင့် ပျော်ရွှင်ရေးကို မြှင့်တင်ပေးနိုင်ပါသည်။ ၎င်းတို့သည် လူငယ်လူရွယ်များကို သူတို့၏ ပုဂ္ဂိုလ်ရေး၊ ပညာရေးနှင့် နောင်လုပ်ငန်းခွင်ဘ၀များတွင် အကျိုးရှိစေမည့် အကာအကွယ်ဖြစ်စေသော အရင်းအမြစ်များဖြစ်ပါသည် [7]။
ကိုးကားချက်များ
1. Boingboing. Understanding resilience and the whole school approach - Schools mental health guide. East
Sussex (GB): Boingboing; 2017 Nov. 10 p. Available from
https://www.boingboing.org.uk/understanding-resilience-whole-school-approach-schools-mental-health-guide/
2. Iglesias E, Esteban-Guitart M, Puyaltó C, Montserrat C. Fostering community socio-educational resilience in
pandemic times: Its concept, characteristics and prospects. Front Educ [Internet]. 2022 Oct [cited 2023 Apr
3];7:1-9. Available from:
https://www.frontiersin.org/articles/10.3389/feduc.2022.1039152/full DOI:
10.3389/feduc.2022.1039152
3. Cohen J. Creating a positive school climate: A foundation for resilience. In: Goldstein S, Brooks RB, editors.
Handbook of resilience in children [Internet]. 2nd ed. New York: Springer US; 2013 [cited 2023 Apr 3]. p. 411–23.
Available from:
https://link.springer.com/book/10.1007/978-1-4614-3661-4?page=1#toc DOI:
10.1007/978-1-4614-3661-4_24
4. Capp GP, Sullivan KS, Park Y. School climate and resilience promoting characteristics: Exploring latent patterns
of student perceptions in California. Oxf Rev Educ [Internet]. 2022 Nov [cited 2023 Apr 3]. Available from:
https://www.tandfonline.com/doi/full/10.1080/03054985.2022.2146079 DOI: 10.1080/03054985.2022.2146079
5. Khanlou N, Wray R. A whole community approach toward child and youth resilience promotion: A review of
resilience literature. Int J Ment Health Addiction [Internet]. 2014 Jan [cited 2023 Apr 3];12:64-79. Available from:
https://link.springer.com/article/10.1007/s11469-013-9470-1
DOI: 10.1007/s11469-013-9470-1
6. Longhi D, Brown M, Reed SF. Community-wide resilience mitigates adverse childhood experiences on adult and
youth health, school/work, and problem behaviors. Am Psychol [Internet]. 2021 Mar [cited 2023 Apr
3];76(2):216-29. Available from: https://pubmed.ncbi.nlm.nih.gov/33734790/ DOI: 10.1037/amp0000773
7. Boudreau E. Schools and community resilience [Internet]. Cambridge, MA: Harvard Graduate School of
Education; Jun 2020 [updated 2023; cited 2023 Apr 3]. Available from:
https://www.gse.harvard.edu/news/uk/20/06/schools-and-community-resilience
အဓိက အယူအဆ သဘောထားအမြင်များ





စိတ်ထား
၃.၁ ကြံ့ကြံ့ခံနိုင်စွမ်းဆိုတာ ဘာလဲ။
ဒီယူနစ်ရဲ့ ပထမဆုံးဗီဒီယိုမှာ စိတ်ပိုင်းဆိုင်ရာ ကြံ့ကြံ့ခံနိုင်စွမ်းနှင့် ပညာရေးဆိုင်ရာ ကြံ့ကြံ့ခံနိုင်စွမ်းရဲ့ သဘောတရာတွေကို မိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ ဖြေကြားပေးသွားမယ့် အဓိကမေးခွန်းတစ်ခုကတော့ ကြံ့ကြံ့ခံနိုင်စွမ်းဆိုတာ မွေးရာပါ အရည်အသွေးတစ်ခုလား၊ ဒါမှမဟုတ် အချို့သော စွမ်းရည်တွေ၊ နည်းဗျူဟာတွေနဲ့ ပျိုးထောင်းပေးနိုင်တဲ့ အရည်အသွေးတစ်ခုလား ဆိုတာပဲ ဖြစ်ပါတယ်။ ဒီတော့ စလိုက်ရအောင်။
၃.၂ အကာအကွယ်နှင့် အန္တရာယ်ဖြစ်စေနိုင်သော အချက်များ၏ အခန်းကဏ္ဍ
ဒီဗီဒီယိုမှာတော့ ကျွန်တော်တို့တွေက ကြံ့ကြံ့ခံနိုင်စွမ်းလုပ်ငန်းစဉ်နှင့် ယင်းက အန္တရာယ်ဖြစ်စေနိုင်တဲ့အချက်တွေနဲ့ အကာအကွယ်ဖြစ်စေတဲ့ အချက်တွေရဲ့ အပြန်အလှန်သက်ရောက်မှုကနေတစ်ဆင့် ဘယ်လိုပေါ်ထွက်လာမလဲဆိုတဲ့အပေါ်ကို သေချာလေ့လာသွားမှာဖြစ်ပါတယ်။ ကြံ့ကြံ့ခံနိုင်စွမ်းလုပ်ငန်းစဉ်ကို ပံ့ပို့ပေးတဲ့ ဒါမှမဟုတ် နှောင့်နှေးစေတဲ့ လူပုဂ္ဂိုလ်အဆင့်နှင့် ပတ်ဝန်းကျင်ဆိုင်ရာ အချက်မျိုးမျိုးနှင့် ကျောင်းသားတွေကြားမှာ ပညာရေးဆိုင်ရာ ကြံ့ကြံ့ခံနိုင်စွမ်းကို မြှင့်တင်ပေးတဲ့နေရာမှာ သူတို့ရဲ့ အခန်းကဏ္ဍက ဘာတွေဖြစ်မလဲဆိုတာကို ရှာဖွေသွားပါမယ်။ ဒီဗီဒီယိုအဆုံးမှာ သင်က ကြံ့ကြံ့ခံနိုင်စွမ်းလုပ်ငန်းစဉ်အကြောင်းနှင့် အကာအကွယ်ဖြစ်စေတဲ့ အချက်အလက်တွေရဲ့ ကျောင်းသားတွေကို ခက်ခဲမှုတွေကို ကျော်လွှားပြီး ပညာရေးပိုင်းမှာ အောင်မြင်မှုရရှိစေဖို့ ကူညီပေးမယ့် အဓိက ကဏ္ဍကို ပိုလေးလေးနက်နက် နားလည်သွားပါလိမ့်မယ်။
ပြုလုပ်လျက်ရှိသော ကြံ့ကြံ့ခံနိုင်စွမ်း လုပ်ငန်းစဉ်
ကြံ့ကြံ့ခံနိုင်စွမ်းလုပ်ငန်းစဉ်က လုပ်ဆောင်နေစဉ်မှာ ဘယ်လိုပုံရှိပါသလဲ၊ အကာအကွယ်နဲ့ အန္တရာယ်ဖြစ်စေတဲ့ အချက်တွေက အခက်အခဲဖြစ်နေတဲ့ အချိန်မှာ တစ်စုံတစ်ယောက်အပေါ် အပြုသဘောဆောင်တဲ့ ရလဒ်တွေ ရရှိစေဖို့ ဘယ်လိုအပြန်အလှန်သက်ရောက်ပါသလဲ။ ဒီလေ့ကျင့်ခန်းမှာ သင်က လက်တွေ့ဘ၀မှာ လူတွေက ကြံ့ကြံ့ခံနိုင်စွမ်းကို သရုပ်ဖော်ပြသတဲ့ နည်းလမ်းအမျိုးမျိုးပါဝင်တဲ့ ပုံစလိုက်ဒါတစ်ခုကို ကြည့်ရမှာဖြစ်ပါတယ်။ စလိုက်တစ်ခုချင်းစီကို ကြည့်တဲ့အခါမှာ ဒီမေးခွန်းတွေကို သုံးသပ်ပါ။ ပြီးရင် ရှင်းပြချက်ကို ကြည့်ဖို့အတွက် ဟော့စပေါ့ကို နှိပ်ပါ။
ဒီဥပမာမှာ စိန်ခေါ်ဖွယ် ဒါမှမဟုတ် ခက်ခဲဆိုးရွားဖွယ် အတွေ့အကြုံက ဘာပါလဲ။
ဒီဥပမာမှာ အကာအကွယ်နဲ့ အန္တရာယ်ဖြစ်စေတဲ့ ဘယ်အချက်တွေကို ငါဖော်ထုတ်နိုင်သလဲ။
အကာအကွယ်ဖြစ်စေတဲ့ အချက်တွေကို အပြုသဘောဆောင်တဲ့ ရလဒ်ရအောင် ဘယ်လိုနည်းနဲ့ ကူညီပေးခဲ့တယ်လို့ ငါထင်သလဲ။
လှုပ်ရှားမှုက ကြံ့ကြံ့ခံနိုင်စွမ်း လုပ်ငန်းစဉ်၊ အကာအကွယ်နှင့် အန္တရာယ်ဖြစ်စေတဲ့
အချက်တွေအပေါ် သင့်နားလည်မှုတွေကို စုစည်းတဲ့နေရာမှာ အကူအညီဖြစ်စေမယ်လို့ မျှော်လင့်ပါတယ်။
ခက်ခဲဆိုးရွားတဲ့အခြေအနေတွေက စိန်ခေါ်ဖွယ်ဖြစ်ပေမဲ့ အကာအကွယ်ဖြစ်စေတဲ့ အချက်တွေက ကြံ့ကြံ့ခံနိုင်စွမ်းလုပ်ငန်းစဉ်ကို
ချောမွေ့အောင် ကူညီပေးနိုင်ပြီး မျှော်မှန်းထားတာထက် ပိုကောင်းတဲ့ ရလဒ်တွေ ဖြစ်အောင်
ကူညီပေးနိုင်တာကို သတိရပါ။ စိန်ခေါ်မှုတွေ ကြုံရတဲ့အခါ ကူညီထောက်ပံ့မှုနဲ့ အရင်းအမြစ်တွေကို
ရှာဖွေအသုံးပြုဖို့ အရေးကြီးပါတယ်။ ကြံ့ကြံ့ခံနိုင်စွမ်းကို တည်ဆောက်တာက ဆက်တိုက်ဖြစ်နေတဲ့
လုပ်ငန်းစဉ်ဖြစ်ကြောင်းနှင့် အားစိုက်ထုတ်မှုနဲ့ ဆုံးဖြတ်ချက်ခိုင်မာမှုကို လိုအပ်ကြောင်း
မှတ်သားထားပါ။
၃.၃ စိတ်နေစိတ်ထားနှင့် ကြံ့ကြံ့ခံနိုင်စွမ်း
အရင်ဗီဒီယိုတွေမှာ ကြံ့ကြံ့ခံနိုင်စွမ်းရဲ့
သဘောတရား၊ အကာအကွယ်နဲ့ အန္တရာယ်ဖြစ်စေနိုင်တဲ့ချက်တွေက ပညာရေးဆိုင်ရာ ကြံ့ကြံ့ခံနိုင်စွမ်းကို
ပျိုးထောင်တဲ့နေရာမှာ အရေးကြီးတဲ့နေရာတစ်ခုကနေ ဘယ်လိုပါဝင်လဲဆိုတာကို ကျွန်တော်တို့
လေ့လာခဲ့ပါတယ်။ ဒီအပိုင်းမှာတော့ ကြံ့ကြံ့ခံနိုင်စွမ်းကို မြှင့်တင်ရာမှာ စိတ်နေစိတ်ထားရဲ့
အခန်းကဏ္ဍကို အဓိကပြသတဲ့ ဗီဒီယိုကို ကြည့်မှာြဖစ်ပါတယ်။ ဒီဗီဒီယိုက ကြီးထွားတိုးတက်တဲ့
စိတ်နေစိတ်ထားနဲ့ ပုံသေစိတ်နေစိတ်ထားတို့ရဲ့ ကွဲပြားချက်တွေကို ပြောပြမှာြဖစ်ပြီး ကျောင်းသားတွေထံမှာ
ကြီးထွားတိုးတက်တဲ့ စိတ်နေစိတ်ထားကို ပျိုးထောင်နည်းအပေါ် အကြံတချို့ကို ပေးအပ်သွားမှာဖြစ်ပါတယ်။
ပြန်တွေး၍
သုံးသပ်ပါ - ကြံ့ကြံ့ခံနိုင်စွမ်းဆီသို့
အားလုံးတော်ကြပါတယ်။ ကြံ့ကြံ့ခံနိုင်စွမ်းရဲ့
အမျိုးအစားအမျိုးမျိုးအကြောင်း၊ ကြံ့ကြံ့ခံနိုင်စွမ်း လုပ်ငန်းစဉ်မှာပါတဲ့ အကာအကွယ်နဲ့
အန္တရာယ်ဖြစ်စေနိုင်တဲ့ အချက်တွေရဲ့ အခန်းကဏ္ဍနဲ့ ကြီးထွားတိုးတက်တဲ့ စိတ်နေစိတ်ထားရဲ့
အခန်းကဏ္ဍအကြောင်းနဲ့ပတ်သက်ပြီး အချက်အလက်အသစ်များစွာကို သိရှိလိုက်ကြပါတယ်။ ဒီယူနစ်အတွက်
အုပ်စုလိုက် လှုပ်ရှားမှုကို ဆက်မလုပ်ခင်မှာ အဓိက သဘောတရားအချို့ကို ပြန်တွေးကြည့်ပြီး
သုံးသပ်ဖို့ အချိန်ရောက်ပါပြီ။ အသစ်ရှာတွေ့ထားတဲ့ အသိပညာတွေကို ပေါင်းစည်းရာမှာ ကူညီပေးဖို့
ဒီသဘောတရားအသစ်တွေအကြောင်း သင်ဘယ်လောက်နားလည်ပုံကို စစ်ဆေးပေးမယ့် အမေးအဖြေအတိုလေးတစ်ခု
စီစဉ်ထားပါတယ်။ ဒီအမေးအဖြေမှာ မေးခွန်းတစ်ခုချင်းစီအတွက် အဖြေမှန်တစ်ခုပဲ ရှိပါတယ်။
အားလုံးကံကောင်းကြပါစေ။
အားလုံးတော်ကြပါတယ်။
ကြံ့ကြံ့ခံနိုင်စွမ်းတည်ဆောက်တာက ခက်ခဲဆိုးရွားမှုတွေ ရင်ဆိုင်ရတဲ့အခါ ကလေးရဲ့ အောင်မြင်မှုအတွက်
မရှိမဖြစ်အရေးပါပြီး ကြီးထွားတိုးတက်တဲ့ စိတ်နေစိတ်ထား ပျိုးထောင်တာက ကြံ့ကြံ့ခံနိုင်စွမ်း
မြှင့်တင်တဲ့နေရာမှာ အရေးပါတဲ့နေရာကနေ ပါဝင်နိုင်ကြောင်းကို သတိရပါ။ ကျောင်းသားတွေကြားမှာ
ကြီးထွားတိုးတက်တဲ့ စိတ်နေစိတ်ထား ပျိုးထောင်ခြင်းဖြင့် ဆရာတွေက ကျောင်းသားတွေကို စိန်ခေါ်မှုတွေ
ကြိုဆိုလိုစိတ်ရှိပြီး ကိုယ့်အမှားကနေ သင်ယူလေ့လာတဲ့အပြင် ပညာသင်ရတာ ကြိုက်နှစ်သက်တဲ့
ပြဿနာဖြေရှင်းသူတွေဖြစ်အောင် ကူညီပေးနိုင်မှာဖြစ်ပါတယ်။ ဆက်ကြိုးစားကြပါ။
၃.၄ အတူတကွ လေ့လာခြင်း - ငါနည်းလမ်းတစ်ခု ရှာတွေ့လိမ့်မယ်
ဒီအုပ်စုလိုက် လှုပ်ရှားမှုမှာ သင်က ပါဝင်သူတွေကို သူတို့တွေ
စုံတွဲလိုက် ဆရာအနေနဲ့ ဒါမှမဟုတ် ကျောင်းသားအနေနဲ့ ပြုမူသရုပ်ဆောင်ရမယ့် ပြုမူသရုပ်ဆောင်မှုတစ်ခုလုပ်ဖို့
ညွှန်ပြပေးရမှာဖြစ်ပါတယ်။ ‘ကျောင်းသား’ တွေက ခက်ခဲတဲ့ ဝင်္ကပါတစ်ခုကို ဖြေရှင်းဖို့ အခက်တွေ့နေပြီး
ဒီခက်ခဲတဲ့တာဝန်တစ်ခုအပေါ် ဘယ်လိုခံစားရကြောင်းကို သူတို့ရဲ့ ‘ဆရာ’
က
မေးမြန်းပါမယ်။ ဒီအပြန်အလှန်
ပြုမူသရုပ်ဆောင်မှုရဲ့ ရည်ရွယ်ချက်ကတော့ သင့်ပါဝင်သူတွေကို သူတို့ရဲ့ ကျောင်းသားတွေ၊
အထူးသဖြင့် စာသင်ခန်းထဲမှာ စိန်ခေါ်မှုတစ်ခုကို ရင်ဆိုင်ကြုံတွေ့နေရတဲ့အခါ ကြီးထွားတိုးတက်တဲ့
စိတ်နေစိတ်ထားတစ်ခုကို ရရှိအောင် လုပ်ဆောင်ပေးမှုကို လေ့ကျင့်ပေးဖို့ ဖြစ်ပါတယ်။
လမ်းကြောင်းပေးသူအနေနဲ့ သင့်တာဝန်က ပါဝင်သူတွေကို ပြုမူသရုပ်ဆောင်မှု
အခန်းကဏ္ဍတွေတစ်လျှောက် လမ်းညွှန်ပေးပြီး သူတို့ရဲ့ ကြီးထွားတိုးတက်တဲ့ စိတ်နေစိတ်ထားကို
ရရှိအောင် လေ့ကျင့်မှုဆိုင်ရာ အတွေ့အကြုံအပေါ် သုံးသပ်နိုင်အောင် လမ်းပြပေးဖို့ဖြစ်ပါတယ်။
ပါဝင်သူတွေအတွက် သူတို့ရဲ့ တုံ့ပြန်ချက်တွေကို လေ့ကျင့်ဖို့ လုံခြုံပြီး ကူညီပံ့ပိုးမှုရှိတဲ့
ပတ်ဝန်းကျင်တစ်ခုကို ပေးအပ်ပါ၊ သူတို့ရဲ့ အတွေးအမြင်တွေနဲ့ ခံစားချက်တွေကို ဝေမျှပေးဖို့
တိုက်တွန်းအားပေးပါ။ အဖွဲ့ကနေပြီးတော့ ကျောင်းသားတွေကြားထဲမှာ ကြီးထွားတိုးတက်တဲ့ စိတ်နေစိတ်ထားကို
ဘယ်လိုမြှင့်တင်ပေးရမလဲ ဆွေးနွေးနေစဉ်မှာ သင့်ဘက်ကနေ သူတို့ရဲ့ နေ့စဉ် သင်ကြားရေး အလေ့အကျင့်တွေမှာ
ဒီနိယာမတွေကို ဘယ်လိုထည့်သွင်း အသုံးပြုနိုင်လဲဆိုတာ ဓမ္မဓိဋ္ဌာန်ကျကျစဉ်းစားနိုင်အောင်
လုပ်ပေးဖို့ ကျွန်ုပ်တို့ တိုက်တွန်းပါတယ်။
ပါဝင်သည့်ပစ္စည်းများ
အသက်အရွယ်အုပ်စုအမျိုးမျိုးအတွက် သင်ချမှတ်ပေးနိုင်တဲ့ ၀င်္ကပါလှုပ်ရှားမှုစာရွက်များ။ ဒီစာရွက်တွေကို Raising Our Kids! ကနေ အခမဲ့ ဒေါင်းလုတ်ဆွဲဖို့ ကျွန်ုပ်တို့ အကြံပြုပါတယ်။
● • ပုံနှိပ်နိုင်သော ၀င်္ကပါ 1
● • ပုံနှိပ်နိုင်သော ၀င်္ကပါ 2
● • ပုံနှိပ်နိုင်သော ၀င်္ကပါ 3
အကြံပြုထားသော နည်းလမ်း
1. ပါဝင်သူတွေကို အတွဲလိုက် ခွဲပါ၊ အတွဲတစ်ခုစီမှာ တူညီတဲ့
အသက်အရွယ်အုပ်စုကို သင်ကြားပေးတဲ့ ဆရာတွေပါကြောင်း သေချာပါစေ။ သူတို့ကို ‘ဆရာ’ အနေနဲ့
ပြုမူသရုပ်ဆောင်မယ့်သူနဲ့ ‘ကျောင်းသား’ အနေနဲ့ ပြုမူသရုပ်ဆောင်မယ့်သူကို ရွေးခိုင်းပါ။ ပြီးရင်
၀င်္ကပါ လှုပ်ရှားမှုစာရွက်တွေကို ကမ်းပေးပြီး အတွဲတစ်ခုစီက သူတို့သင်ကြားတဲ့ အသက်အရွယ်အုပ်စုနဲ့
သင့်လျော်တဲ့ စာရွက်ကို ရရှိကြောင်း သေချာအောင်လုပ်ပါ။
2. လှုပ်ရှားမှုရဲ့ ရည်ရွယ်ချက်က ‘ဆရာ’ အနေနဲ့
စာသင်ခန်းထဲမှာ အခက်အခဲနဲ့ ရင်ဆိုင်နေရတဲ့ ကျောင်းသားတစ်ယောက်ထံမှာ ကြီးထွားတိုးတက်တဲ့
စိတ်နေစိတ်ထားတစ်ခုကို ဖြစ်ပေါ်အောင် လုပ်ဆောင်ပေးမယ့်နည်းလမ်းကို သရုပ်ဖော်ပြဖို့ဖြစ်ကြောင်း
ရှင်းပြပါ။ ပါဝင်သူတွေအနေနဲ့ အုပ်စုတစ်ခုလုံးရဲ့အရှေ့မှာ သူတို့ရဲ့နည်းလမ်းကို သရုပ်ဖော်ပြရမှာဖြစ်ကြောင်း
ရှင်းလင်းအောင် ပြောပြပါ။ သူတို့ရဲ့ နည်းလမ်းတွေကို တီထွင်ကြံဆမှုနှင့် ဆွဲဆောင်မှုရှိစေဖို့
တိုက်တွန်းအားပေးပါ။ အတွဲတွေကို သူတို့ရဲ့ ပြုမူသရုပ်ဆောင်မှုကို ပြင်ဆင်ဖို့အတွက်
လုံလောက်တဲ့ အချိန်ပေးပြီး သူတို့ ပြုမူသရုပ်ဆောင်မယ့် ကျောင်းသားရဲ့ အသက်အရွယ်အုပ်စုကို
မမေ့ဖို့ သတိပေးပါ။
3. သရုပ်ပြမှုတစ်ခုပြီးတိုင်း သရုပ်ဖော်ပြတဲ့ ပါဝင်သူကို
လှုပ်ရှားမှုအပေါ် သူတို့ ဘယ်လိုခံစာရကြောင်းနဲ့ ဒါက လွယ်ကူလား ဒါမှမဟုတ် ခက်ခဲလားဆိုတာကို
သုံးသပ်ခိုင်းပါ။ သင်မေးနိုင်တဲ့ တခြားမေးခွန်းတွေကတော့ -
● သင့်သရုပ်ဖော်ပြမှုအတွင်းမှာ စိန်ခေါ်ဖွယ်ဖြစ်တဲ့ အရာတစ်ခုခု
ရှာတွေ့ခဲ့လား။
● ကြီးထွားတိုးတက်တဲ့ စိတ်နေစိတ်ထားရဲ့ အရေးကြီးမှုအကြောင်း
သင်ဘာလေ့လာသိရှိခဲ့ရလဲ။
● သင့်ကျောင်းသားတွေက ဒီလှုပ်ရှားမှုအပေါ် ဘယ်လိုတုံ့ပြန်မယ်လို့ထင်လဲ။
● သင့်ကျောင်းသားတွေကြားမှာ ကြီးထွားတိုးတက်တဲ့ စိတ်နေစိတ်ထားတစ်ခုကို
သင်မြှင့်တင်နိုင်ဖို့ တခြားနည်းလမ်းတချို့က ဘာတွေဖြစ်မလဲ။
4. ပါဝင်သူတွေကို အချင်းချင်း ကူညီပံ့ပိုးပြီး သရုပ်ပြမှုတစ်ခုပြီးတိုင်း
တုံ့ပြန်ချက်ပေးကြဖို့ တိုက်တွန်းအားပေးပါ။ လိုအပ်သလို နောက်ထပ်လမ်းညွှန်မှုနှင့် ကူညီပံ့ပိုးမှုတွေ
ကမ်းလှမ်းပေးပါ။
5. အုပ်စုတစ်ခုလုံးကို မေးခွန်းများမေးခြင်းနှင့် စာသင်ခန်းထဲမှာ
ကြီးထွားတိုးတက်တဲ့ စိတ်နေစိတ်ထားတစ်ခုကို မြှင့်တင်ပေးဖို့အတွက် နောက်ထပ်ထိုးထွင်းသိမြင်မှုတွေ
ဒါမှမဟုတ် နည်းဗျူဟာတွေကို ဝေမျှပေးခြင်းဖြင့် လှုပ်ရှားမှုကို အဆုံးသတ်ပါ။ ပါဝင်သူတွေကို
သူတို့ရဲ့ သင်ကြားရေး အလေ့အကျင့်တွေထဲမှာ ဒီတန်ဖိုးတွေကို ထည့်သွင်းဖို့အတွက် နည်းလမ်းများ
ဆက်လက်ရှာဖွေဖို့နဲ့ သူတို့ကျောင်းသားတွေရဲ့ ကြံ့ကြံ့ခံနိုင်စွမ်းကို ဆက်လက်ပျိုးထောင်ပေးဖို့
တိုက်တွန်းအားပေးပါ။
သင်တန်းအပြီးတွင် …
သင်တန်းသားများ၏ အမြင်များကို ဂရုစိုက်မှုရှိကြောင်း ပြသပါ။
ခေါင်းစဉ်နှင့်ပါတ်သက်၍
သင့်သင်တန်းသားများ၏ အမြင်များ နှင့် သင်တန်းသည် တန်ဖိုးရှိပြီး အနာဂါတ် သင်တန်းမော်ဒျူး
များကို မည်သို့ပို့ ချရ မလဲဆိုတာကို သတင်းအချက်အလက်ပေးနိုင်သည်။
နှုတ်အားဖြင့်
ဝေဖန်အကြံပြုထားသော တုံ့ပြန်ဖြေကြားချက်များကို စုစည်းခြင်းအားဖြင့် သင်တန်းဆက်ရှင်ကို
အဆုံးသတ်ပါ။
● သင်တန်းချိန်မှာ ယခင်က မသိခဲ့သော
မည်သည့်အရာများကို သင်ယူခဲ့ရပါလဲ။
● ဤခေါင်းစဉ်သည် ကျောင်းသားများနှင့်
အလုပ်လုပ်ရာတွင် ဆရာများအတွက် မည်သို့အသုံးဝင်မည်ဟု ထင်ပါသနည်း။
● သင်တန်းမှ ၎င်းတို့ ယူဆောင်သွားနိုင်သော
အဖိုးတန်ဆုံး မှတ်သားဖွယ်အချက်က ဘာလဲ။
ပိုမို နည်းစနစ်တကျ
စောင့်ကြည့်လေ့လာခြင်း နှင့် သုံးသပ်ခြင်းများလုပ်ဆောင်ရန် သင်တန်းအပြီး စစ်ဆေးခြင်းအဖြေလွှာ
နှင့် သင်တန်း သုံးသပ် ချက်ဖောင်များအပေါ် သင်တန်းသားများ၏ တုံ့ပြန်မှုများကို ကောက်ခံရန်
အသေအချာ လုပ်ဆောင်ပါ။