သင်ယူလေ့လာမှု အကျိုးရလဒ်များ
- စိတ်ပိုင်းဆိုင်ရာ အစိတ်အပိုင်း (၅) ခုကို အမည်ပေးနိုင်ပြီး ရှင်းပြနိုင်ရမည်။
- အပြုအမှုနှင့် ဆက်ဆံရေးအပေါ် စိတ်ခံစားချက်များ၏ လွှမ်းမိုးနိုင်မှုအကြောင်း ရှင်းပြနိုင်ရမည်။
- “စိတ်ခံစားမှုဆိုင်ရာ ဉာဏ်ရည်ဉာဏ်စွမ်း ထက်မြတ်မှု” ကို RULER ချဉ်းကပ်မှုဖြင့် ရှင်းပြနိုင်ရမည်။
- ကလေးငယ်များ၏ စိတ်ခံစားမှုဆိုင်ရာ ဉာဏ်ရည်ဉာဏ်စွမ်း ထက်မြတ်မှုဆိုင်ရာ ကျွမ်းကျင်မှုများကို တည်ဆောက်ရန် လက်တွေ့ကျသော မဟာဗျူဟာများကို သရုပ်ပြနိုင်ရမည်။
မော်ဒျူးနိဒါန်း
ကလေးငယ်များသည်
အခြေခံကျသော စိတ်ခံစားမှုဆိုင်ရာ ဉာဏ်ရည်ဉာဏ်စွမ်း ထက်မြတ်မှုကို ၎င်းတို့ ကလေးဘဝ အစောပိုင်းကာလတွင်
ဖွံ့ဖြိုးပါသည်။ အသက် (၅) နှစ်အရွယ် ရောက်သည့်အချိန်တွင် ၎င်းတို့သည် အခြားသူများ၏
မျက်နှာ အမူအရာ၏ ဖတ်ရှုနိုင်ခြင်း၊ ၎င်းတို့၏
ခံစားချက်များကို ဖော်ပြနိုင်ခြင်းနှင့် ၎င်းတို့၏ စိတ်ခံစားမှုများကို အတိုင်းအတာ
တခုအထိ ထိန်းချုပ်နိုင်ခြင်း စသည်တို့ကို လုပ်ဆောင်နိုင်ပါသည် [၁]။ အဆိုပါ ကျွမ်းကျင်မှုများသည်
ရှုပ်ထွေးများပြားလာသော ဘဝအတွေ့အကြုံများကို ဖော်ထုတ်နိုင်ရန်နှင့် ထိန်းချုပ်နိုင်ရန်
ကလေးဘဝ အလယ်အဆင့်နှင့် ဆယ်ကျော်သက်အရွယ်တစ်လျောက်အထိ ဆက်လက် ဖွံ့ဖြိုးပါသည် [၂]။
အခြားနည်းဖြင့်
ဆိုရလျှင် ကလေးငယ်များသည် ၎င်းတို့ ကျောင်းနေအရွယ်နှင့် ဆယ်ကျော်သက်အရွယ်ရောက်သည့်အချိန်တွင်
အစောပိုင်းကာလ စိတ်ခံစားမှုဆိုင်ရာ ကျွမ်းကျင်မှုများကို တည်ဆောက်ရန် ဆက်လက် သင်ယူလေ့လာနေဆဲ
ဖြစ်ပါသည်။ ဤအချက်ကို မှတ်သား၍ ကလေးငယ်များ ရယူခဲ့သော စိတ်ခံစားချက်ဆိုင်ရာ ကျွမ်းကျင်မှုများ၊
သဘောထားများနှင့် ယုံကြည်မှုများသည် ၎င်းတို့၏ အိမ်နှင့် လူမှုပတ်ဝန်းကျင် အခြေအနေက
ကြီးမားစွာ လွှမ်းမိုးနိုင်ကြောင်း မှတ်သားရန် အရေးကြီးပါသည်။ ဤအချက်တွင် စာသင်ကျောင်းများလည်း
ပါဝင်ပါသည် [၃၊၄]။
ကဘေးငယ်များကို လုံခြုံကြောင်း၊
နားလည်ပေးနိုင်ကြောင်း၊ တန်ဖိုးထားကြောင်း စသော ခံစားချက်များ ပေးအပ်နိုင်သည့် မိဘများနှင့်
ဆရာ/
မများ၏ ဆက်ဆံရေး တည်ရှိခြင်းက
၎င်းတို့၏ စိတ်ခံစားမှု ကျွမ်းကျင်မှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအပေါ် ကြီးမားစွာ၊
ကောင်းမွန်စွာ အထောက်အကူ ဖြစ်နိုင်ပါသည် [၅၊၆]။ အဆိုပါ ဆက်ဆံရေးများ အားနည်းသည့်နေရာ (သို့မဟုတ်) လစ်လပ်သည့်နေရာများတွင်
သိသာသော အခက်အခဲများ (သို့မဟုတ်) နောက်ပြန်ခြင်း/ ယုတ်လျော့ခြင်းများ ကြုံတွေ့နိုင်ရပြီး
ထိုမှတဆင့် အပြုအမှုပိုင်းဆိုင်ရာ ပြဿနာရပ်များ၊
လူမှုပေါင်းသင်းဆက်ဆံရေး အားနည်းမှုများ၊ ပညာရေးဆိုင်ရာ အခက်အခဲများ ပေါ်ပေါက်လာနိုင်ပါသည်
[၇]။ တစ်စိတ်တစ်ပိုင်းအနေဖြင့် အဆိုပါ အချက်များမှာ စိတ်ခံစားချက်များအပေါ်
နားလည်မှုနှင့် မိမိကိုယ်ကို ထိန်းကျောင်းနိုင်မှု ကျွမ်းကျင်မှုများ ပို၍ အားနည်းလာသော
နိမိတ် လက္ခဏာများ ဖြစ်ပါသည်။
ထို့ကြောင့် ပညာပေးသူများကို
ကလေးငယ်များ၏ စိတ်ခံစားမှုဆိုင်ရာ ကောင်းကျိုးသုခအတွက် အစောပိုင်းကာလ စိတ်ခံစားမှုဆိုင်ရာ
ကျွမ်းကျင်မှုများ တည်ဆောက်ရာတွင် တက်ကြွစွာ ပံ့ပိုးကူညီရမည့် အခန်းကဏ္ဍတွင် ထားရှိပါသည်။
လုံခြုံစိတ်ချရသော ဆရာ/ မ နှင့် ကျောင်းသူ/ သား ဆက်ဆံရေးများ ပျိုးထောင်ထားခြင်းသည်
ညီမျှခြင်း (equation) ၏ အရေးကြီးသော အစိတ်အပိုင်း တစ်ခုသာ ဖြစ်ပါသည်။ ဤအရာထက်ပို၍
ဆရာ/
မများကို စိတ်ခံစားမှုဆိုင်ရာ
အသိပညာ၊ ဗဟုသုတများ တိုးပွားလာရန် ပံ့ပိုးကူညီခြင်းနှင့် ၎င်းတို့ကို အရေးပါသော ကျွမ်းကျင်မှုများ
တည်ဆောက်ခြင်းတို့က ကျောင်းသူ/ သားများ၏ စိတ်ခံစားမှုဆိုင်ရာ ကျွမ်းကျင်မှုများ ဖွံ့ဖြိုးတက်လာမှုအပေါ် ပို၍ ကြီးမားသော ကောင်းမွန်သည့် အကျိုးသက်ရောက်မှုများ
ဖြစ်ပေါ်စေနိုင်ပါသည်။ အထူးသဖြင့် ထွက်ပေါ်ခဲ့သော သုသေတန၏ အထောက်အထားများအရ ဆရာ/ မများ ၎င်းတို့၏ ကျောင်းသူ/ သားတို့နှင့် ထိတွေ့ဆက်ဆံသော
နည်းလမ်းမှတဆင့် ဖြစ်ပါသည် [၈ - ၁၁]။
ထို့ကြောင့်
ယခု မော်ဒျူးတွင် ကျွန်ုပ်တို့သည် ဆရာ/ မများ၏
အခရာကျသော စိတ်ပိုင်းဆိုင် အယူအဆများနှင့် ၎င်းတို့ အလုပ်လုပ်ဆောင်ပုံအပေါ် နားလည်မှု
တိုးပွားလာစေရန် စိတ်ခံစားမှုဆိုင်ရာ ဉာဏ်ရည်ဉာဏ်သွေးနှင့် စိတ်ပိုင်းဆိုင်ရာ အစိတ်အပိုင်း
(၅) ခုအပေါ် ဦးတည်သွားမည် ဖြစ်ပါသည်။ နောက်ဆုံးတွင် ကျွန်ုပ်တို့သည် ဆရာ/ မများ လေ့လာသင်ယူခဲ့သည့်
အရာများကို အသုံးချနိုင်ရန် လက်တွေ့လုပ်ဆောင်ရမည့် မဟာဗျူဟာများနှင့် သရုပ်ဖော်မှုကို
လက်တွေ့လုပ်ဆောင်ရန် အဖွဲ့လိုက် လေ့ကျင့်ခန်းများ ပြုလုပ်ပြီး နိဂုံးချုပ်သွားပါမည်။
ကိုးကားချက်များ
1. Lewis M. The rise of consciousness and the development of emotional life. New York: The Guilford Press; 2014. 352 p.
2. National Scientific Council on the Developing Child. Children’s emotional development is built into the architecture of their brains. Massachusetts (MA): Harvard University, Center on the Developing Child; 2004. 10 p. Working Paper No.: 2. Available from: https://developingchild.harvard.edu/
3. Herd T, King-Casas B, Kim-Spoon J. Developmental changes in emotion regulation during adolescence: Associations with socioeconomic risk and family emotional context. J Youth Adolesc [Internet]. 2020 Jan [cited 2023 Feb 6];49(7):1545-57. Available from:
https://www.ncbi.nlm.nih.gov/pmc/articles/PMC7302991/
DOI: 10.1007/s10964-020-01193-2
4. Mcdonald S, Kehler HL, Tough, SC. Risk factors for delayed social-emotional development and behaviour problems at age two: Results from the all our babies/families (AOB/F) cohort. Health Sci Rep [Internet]. 2018 Jul [cited 2023 Feb 5 MM DD];1(10):1-12. Available from: https://www.ncbi.nlm.nih.gov/pmc/articles/PMC6266514/
DOI: 10.1002/hsr2.82
5. Walker SA, Double KS, Kunst H, Zhang M, MacCann C. Emotional intelligence and attachment in adulthood: A meta-analysis. Pers Individ Dif [Internet]. 2022 Jan [cited 2023 Feb 6];184:1-13. Available from:
https://www.sciencedirect.com/science/article/pii/S0191886921005535
DOI: 10.1016/j.paid.2021.111174
6. Pastore G, Luder R. Teacher-student-relationship quality in inclusive secondary schools: Theory and measurement of emotional aspects of teaching. Front Educ [Internet]. 2021 Apr [cited 2023 Feb 7];6:1-7. Available from: https://www.frontiersin.org/articles/10.3389/feduc.2021.643617/full
DOI: 10.3389/feduc.2021.643617
7. Bailey J, Weiner R. Interpreting social-emotional learning: How school leaders make sense of SEL skills for themselves and others. Sch Leadersh Rev [Internet]. 2022 May [cited 2023 Feb 6];16(2):1-33. Available from: https://scholarworks.sfasu.edu/slr/vol16/iss2/4
8. Hen M, Sharabi-Nov A. Teaching the teachers: Emotional intelligence training for teachers. Teach Educ [Internet]. 2014 May [cited 2023 Feb 6];25(4):374-90. Available from:
https://www.tandfonline.com/doi/abs/10.1080/10476210.2014.908838?journalCode=cted20 DOI: 10.1080/10476210.2014.908838
9. Gilar-Corbi R, Pozo-Rico T, Pertegal-Felices ML, Sanchez B. Emotional intelligence training intervention among trainee teachers: A quasi-experimental study. Psicol Reflex Crit [Internet]. 2018 Dec [cited 2023 Feb 6];31 (33):1-13. Available from:
https://www.ncbi.nlm.nih.gov/pmc/articles/PMC6967020/
DOI: 10.1186/s41155-018-0112-1
10. Tuyakova U, Baizhumanova B. Mustapaeva T, Alekeshova, L, Otarbaeva Z. Developing emotional intelligence in student teachers in universities. Humanit Soc Sci Commun [Internet]. 2022 May [cited 2023 Feb 5];9:1-6. Available from: https://www.nature.com/articles/s41599-022-01173-w DOI: 10.1057/s41599-022-01173-w
11. Pozo-Rico T, Poveda R, Gutiérrez-Fresneda R, Castejón JL, Gilar-Corbi R. Revamping teacher training for challenging times: Teachers’ wellbeing, resilience, emotional intelligence, and innovative methodologies as key teaching competencies. Psychol Res Behav Manag [Internet]. 2023 Jan [2023 Feb 7];16:1-18. Available from: https://pubmed.ncbi.nlm.nih.gov/36636290/ DOI: 10.2147/PRBM.S382572
အဓိက အယူအဆ သဘောထားအမြင်များ


၇.၁ နေ့စဉ်ဘဝတွင် ဖြစ်ပေါ်သော
စိတ်ခံစားမှုများ
အခု ပြသမယ့်
ပထမဦးဆုံး ဗီဒီရိုက ကျွန်ုပ်တို့ရဲ့ စိတ်ခံစားမှု အလုပ်လုပ်ပုံ၊ ဘဝ အတွေ့အကြုံတွေအပေါ်
လွှမ်းမိုးနိုင်ပုံတို့နှင့် သက်ဆိုင်တဲ့ အယူအဆတွေကို မိတ်ဆက်သွားပါမယ်။ အဓိကတော့ စိတ်ပိုင်းဆိုင်ရာ
ခံစားမှုနှင့် သက်ဆိုင်သော၊ ဇီဝကမ္မဗေဒဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ ဖော်ညွှန်းခြင်းဆိုင်ရာ၊
စိတ်၏ လှုံ့ဆော်မှုဆိုင်ရာ အစိတ်အပိုင်းလို့ သိရှိထားတဲ့ စိတ်ခံစားမှုဆိုင်ရာ အစိတ်အပိုင်း
(၅) ခုအပေါ် ဦးတည်သွားပါမယ်။
စိတ်ခံစားမှုတွေအပေါ် အမြင်သစ်တွေ ရရှိသွားဖို့ မျှော်မှန်းထားပြီး အဲဒီ အယူအဆတွေက
စိတ်ဝင်စားဖွယ်ကောင်းတယ်ဆိုတာ တွေ့ရှိလာပါမယ်။
လက်တွေ့ရှိ စိတ်ခံစားမှုဆိုင်ရာ
အစိတ်အပိုင်း (၅) ခု
စိတ်ခံစားမှုတွေက
နားလည်ဖို့ တကယ် ခက်ခဲပါတယ်။ ဒါပေမယ့် အရင် ဗီဒီရိုက စိတ်ခံစားမှု အလုပ်လုပ်ပုံနှင့်
သူတို့တွေ ပြသတဲ့ နည်းလမ်း အမျိုးမျိုးအကြောင်း ပိုပြီး သိရှိအောင် အထောက်အကူဖြစ်မယ်လို့
မျှော်လင့်ပါတယ်။ စိတ်ခံစားမှုမှာ အစိတ်အပိုင်း (၅) ခုပါဝင်တယ်ဆိုတာ သိရှိထားပြီး ဖြစ်ပါတယ်။
ဒါပေမယ့် လက်တွေ့ ဘဝမှာ သူတို့တွေက ဘယ်လိုရှိနေမလဲ။
နောက်သင်ခန်းစာ မသွားခင် စိတ်ခံစားမှုဆိုင်ရာ အစိတ်အပိုင်း
(၅) ခုက လက်တွေ့ ဘဝ အခြေအနေမှာ ဘယ်လိုမျိုး ဖော်ပြနေမလဲဆိုတဲ့အပေါ် စဉ်းစားဖို့ အချိန်ခန
ယူကြရအောင်။ ပြီးရင်တော့ စိတ်ခံစားမှုဆိုင်ရာ အစိတ်အပိုင်း (၅) ခုက အခြေအနေတစ်ရပ်ချင်းစီမှာ
ဘယ်လို ဖော်ပြနေလဲဆိုတဲ့ ရှင်းပြချက် ပေါ်လာအောင် သတင်းအချက်အလက် ပုံလေး (‘information’
icon) လေးကို နှိပ်လိုက်ပါ။
အဲတာတွေနဲ့ ဆက်စပ်နိုင်လား။
၇.၂ စိတ်ခံစားမှုဆိုင်ရာ ဉာဏ်ရည်ဉာဏ်စွမ်း
ထက်မြတ်မှုကို RULER ဖြင့် နားလည်သိရှိခြင်း
စိတ်ခံစားမှုတွေ ပြသတဲ့နေရာမှာ နည်းလမ်း (၅) ခုအကြောင်း ရှင်းပြခဲ့ပြီးပြီမို့
ဒီသင်ခန်းစာမှာ စိတ်ခံစားမှုဆိုင်ရာ ဉာဏ်ရည်ဉာဏ်စွမ်း ထက်မြတ်မှုအကြောင်းကို RULER ချဉ်းကပ်မှုနှင့် လေ့လာရအောင်။ RULER ချဉ်းကပ်မှုကို ကျောင်းတွေမှာ သူတို့ရဲ့ ယဉ်ကျေးမှုနှင့် အလေ့အထတွေမှာ
RULER ရဲ့ အခြေခံ သဘောတရားတွေ ခိုင်မြဲနေဖို့ Yale Centre for Emotional Intelligence
လက်တွေ့ရှိ စိတ်ခံစားမှုဆိုင်ရာ
ဉာဏ်ရည်ဉာဏ်စွမ်း ထက်မြတ်မှုဆိုင်ရာ ကျွမ်းကျင်မှုများ
စိတ်ခံစားမှုဆိုင်ရာ ဉာဏ်ရည်ဉာဏ်စွမ်း ထက်မြတ်မှုဆိုတာက ဖွံ့ဖြိုးတိုးတက်ဖို့ အရေးကြီးတဲ့ ကျွမ်းကျင်မှု အမျိုးမျိုး ဖြစ်ပါတယ်။ ဒီ ကျွမ်းကျင်မှု တစ်ခုချင်းစီ ဖွံ့ဖြိုးတိုးတက်လာဖို့ ပြုစုပျိုးထောင်ခြင်းကြောင့် လက်ရှိအချိန်မှာ ကျောင်းသူ/ သားတွေအတွက် အကျိုးဖြစ်ထွန်းရုံသာမက သူတို့ ဝန်ထမ်းတွေ၊ ခေါင်းဆောင်တွေ၊ မိဘတွေ၊ လက်တွဲဖော်တွေ ဖြစ်လာမယ့် အရွယ်ရောက် အချိန်အထိ ဆက်လက်ပြီး အသုံးဝင်သွားမှာပါ။ ဒီ ကျွမ်းကျင်မှုတွေကို အမြဲ ဖွံ့ဖြိုးတိုးတက်နေပေမယ့်လည်း လက်တွေ့မှာ လုပ်ဆောင်ဖို့ ဘယ်လိုရှိမလဲ။ အောက်မှာ ဖော်ပြထားတဲ့ ဥပမာတွေက စိတ်ခံစားမှုဆိုင်ရာ ဉာဏ်ရည်ဉာဏ်စွမ်း ထက်မြတ်မှုကို လက်တွေ့မှာ ဆောင်ရွက်နိုင်တဲ့ သာဓကတွေ ဖြစ်ပါတယ်။ ဒီအကြောင်းတွေ ပိုမို သင်ယူလေ့လာနိုင်ဖို့ ကဒ်ကို လှည့်လိုက်ပါ။
အပေါ်က တုံ့ပြန်မှုတွေက မထူးခြားဘူးလို့
ထင်မှတ်နိုင်ပါတယ်။ ဒါပေမယ့် အဲလို တုံ့ပြန်မှုတွေက စိတ်ခံစားမှုဆိုင်ရာ ဉာဏ်ရည်ဉာဏ်စွမ်း ထက်မြတ်မှုမှာ ပါဝင်တဲ့ အရေးကြီးတဲ့ ကျွမ်းကျင်မှုဆိုင်ရာ နိမိတ် လက္ခဏာတွေ ဖြစ်ပါတယ်။ အခြားနည်းနဲ့ ပြောရမယ်ဆိုရင် စိတ်ခံစားမှုတွေကို သိရှိနိုင်စွမ်း၊ နားလည်နိုင်စွမ်း၊ နာမည်တပ်နိုင်စွမ်း၊ ဖော်ထုတ်နိုင်စွမ်းနှင့် ထိန်းကျောင်းနိုင်စွမ်းတွေက ကျွန်ုပ်တို့ရဲ့ ကိုယ်ပိုင် စိတ်ခံစားမှုတွေအပေါ် ဆောင်ရွက်နိုင်ဖို့နှင့် အခြားသူတွေအပေါ် ပါးနပ်စွာ လုပ်ဆောင်တတ်ဖို့ လိုအပ်ပါတယ်။ တခြားနည်းလမ်းအနေနဲ့ စိတ်ခံစားမှုဆိုင်ရာ ဉာဏ်ရည်ဉာဏ်စွမ်း ထက်မြတ်မှု အားနည်းတဲ့ သူတွေက အောက်မှာ ဖော်ပြထားတဲ့အချက်တွေ ပိုပြီး ဖြစ်ပေါ်လေ့ ရှိပါတယ်။
● ၎င်းတို့ရဲ့ စိတ်ခံစားမှုတွေကို မသင့်လျော်တဲ့ နည်းလမ်းတွေနှင့် ဖော်ထုတ်ခြင်း။ ဥပမာ - ဒေါသ ပေါက်ကွဲမှု
● အခြားသူတွေရဲ့ ခံစားချက်တွေနှင့်
အတွေ့အကြုံတွေအပေါ် ကိုယ်ချင်းစာတရား၊ နားလည်နိုင်မှု အားနည်းတာတွေ ဖြစ်ပေါ်ခြင်း
● ၎င်းတို့ရဲ့ ဆက်ဆံရေးမှာ
နားလည်မှု လွဲတာ၊ အငြင်းပွားတာတွေ ကြုံတွေ့ရခြင်း
● အခက်အခဲတွေကို မထိရောက်တဲ့
နည်းလမ်းတွေနှင့် ကိုင်တွယ်ဖြေရှင်းခြင်း တို့ ဖြစ်ပါတယ်။
၇.၃ စိတ်ခံစားမှုဆိုင်ရာ ဉာဏ်ရည်ဉာဏ်စွမ်း
ထက်မြတ်မှုဆိုင်ရာ ကျွမ်းကျင်မှုများကို တည်ဆောက်ရန် လက်တွေ့ကျသော မဟာဗျူဟာများ
ဒီ သင်ခန်းစာမှာဆိုရင် ကျွန်ုပ်တို့တွေ စိတ်ခံစားမှုတွေကို
ထုတ်ဖော်ပြောဆိုဖို့ လက်တွေ့ကျတဲ့ အရာတွေအပေါ် ဦးတည် သွားပါမယ်။ ကျွန်ုပ်တို့တွေ စိတ်ခံစားမှုဆိုင်ရာ အစိတ်အပိုင်း (၅) ခုနှင့် စိတ်ခံစားမှုဆိုင်ရာ ဉာဏ်ရည်ဉာဏ်စွမ်း ထက်မြတ်မှုကို
RULER တို့အကြောင်း သင်ယူလေ့လာခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကျွန်ုပ်တို့ရဲ့ စိတ်ခံစားမှုတွေကို
ရှင်းလင်း ထိရောက်စွာ ထုတ်ဖော်ပြောဆိုဖို့၊ အထူးသဖြင့် ကလေးငယ်နှင့် လူငယ်တွေအတွက်
အခက်အခဲ ဖြစ်နိုင်ပါသေးတယ်။ ဒီအတွက် ‘ကျွန်တော်/ ကျွန်မ’ ပြောဆိုပုံများ (‘I’
statements) အကြောင်း သိရှိရပါမယ်။
သောမတ်စ် ဂျော်ဒွန် (Thomas Gordon) လို့ခေါ်တဲ့ စိတ်ပညာရှင် က ၁၉၆၀ ခုနှစ်နောက်ပိုင်းမှာ
တီထွင်ခဲ့တဲ့ ‘ကျွန်တော်/ ကျွန်မ’ ပြောဆိုပုံများ (‘I’
statements) က ကလေးငယ်နှင့် အရွယ်ရောက်ပြီးသူတွေအတွက်
သူတို့ရဲ့ စိတ်ခံစားချက်တွေကို သင့်လျော်တဲ့၊ စနစ်ကျတဲ့ နည်းလမ်းတွေနှင့် ရှင်းလင်းစွာ
ထုတ်ဖော်ပြောဆိုနိုင်ဖို့ အသုံးဝင်တဲ့ နည်းလမ်း ဖြစ်ပါတယ်။ အဲအချိန်က စပြီး ဒီနည်းလမ်းတွေကို
စာသင်ခန်း စီမံခန့်ခွဲတဲ့နေရာ၊ ကလေး ထိန်းကျောင်းတဲ့နေရာ၊ စုံတွဲ ကုထုံးလိုမျိုး စတဲ့
အခြေအနေ အမျိုးမျိုးမှာ အများအပြား လက်ခံကျင့်သုံး လာခဲ့ပါတယ်။ ဒီအကြောင်းအရာတွေအကြောင်း
ပိုပြီး သင်ယူလေ့လာဖို့ နောက် ဗီဒီရိုကို ကြည့်ရအောင်
ပြန်လည်လေ့လာခြင်းနှင့် ပြန်လည်သုံးသပ်ခြင်း - ဉာဏ်စမ်းချိန်
အခုဆိုရင် ကျွန်ုပ်တို့တွေ ‘ကျွန်တော်/ ကျွန်မ’ ပြောဆိုပုံများနှင့် အဲအရာတွေက ကျွန်ုပ်တို့ရဲ့
စိတ်ခံစားမှုတွေကို ရှင်းလင်းစွာ၊ လေးစားစွာ ထုတ်ဖော်ပြောဆိုနိုင်ဖို့ ဘယ်လို အထောက်အကူ
ဖြစ်လည်းဆိုတဲ့အကြောင်း လေ့လာသင်ယူခဲ့ပြီးဖြစ်တာကြောင့် ဉာဏ်စမ်းရမယ့် အချိန် ရောက်ပါပြီ။
ဒီ ဉာဏ်စမ်းတွေက ‘ကျွန်တော်/ မ’ နှင့် ‘သင်’ အကြား ကွဲပြားခြားနားမှုအပေါ် သင်ရဲ့ နားလည်မှုနှင့် ‘ကျွန်တော်/ မ’ ပြောဆိုပုံတွေကို ထိရောက်စွာ ဘယ်လို
ထုတ်ဖော်ပြောဆိုနိုင်မလဲကို စစ်ဆေးသွားမှာပါ။ ကံကောင်းကြပါစေ။
Great job on completing the quiz on 'I' statements! Remember that using 'I' statements can be a powerful tool in effective communication, allowing you to express your thoughts and feelings in a non-confrontational manner. By using 'I' statements, you can help avoid misunderstandings, defensiveness, and conflicts, and create a more positive and productive environment. Keep practicing and using 'I' statements in your daily conversations!
၇.၄ အတူတကွ လေ့လာသင်ယူခြင်း - ‘ကျွန်တော်/ ကျွန်မ’ ဖြင့် ပြောဆိုခြင်း
အခုဆိုရင် ကျွန်တော်တို့တွေ
‘ကျွန်တော်/ ကျွန်မ’ ပြောဆိုပုံတွေရဲ့ အရေးပါတဲ့အကြောင်း ဆွေးနွေးခဲ့ပြီးဖြစ်တဲ့အတွက်
အခုချိန်မှာ အရေးကြီးတဲ့ အချက်တွေ ပိုပြီးအားကောင်းအောင် လက်တွေ့မှာ ဒီ
ဆက်ဆံပြောဆိုရေး ကျွမ်းကျင်မှုတွေကို သုံးဖို့ အချိန် ရောက်လာပါပြီ။ နောက် သင်ခန်းစာမှာဆိုရင်တော့ သင်က တက်ရောက်သင်ယူသူတွေ သူတို့ စာသင်ခန်းတွေမှာ ကြုံတွေ့နိုင်ရမယ့် ဖြစ်ရပ်တွေအပေါ် တုံ့ပြန်တဲ့နေရာမှာ ‘ကျွန်တော်/ ကျွန်မ’ ပြောဆိုပုံကို လေ့ကျင့်အသုံးပြုဖို့ အတွဲလိုက် (သို့မဟုတ်) အဖွဲ့လိုက် လုပ်ဆောင်တဲ့နေရာမှာ နည်းပြ ရမှာ ဖြစ်ပါတယ်။ ဒီ
လေ့ကျင့်ခန်းကနေတဆင့် သူတို့တွေ ‘ကျွန်တော်/ ကျွန်မ’ ပြောဆိုပုံအတွက် သင့်လျော်မယ့် အခြေအနေတွေကို ဖော်ထုတ်ရမှာဖြစ်ပြီး ‘ကျွန်တော်/ ကျွန်မ’ ပြောဆိုပုံကို တိုးတက်အောင် လေ့ကျင့်သွားရမှာ ဖြစ်ပါတယ်။ ဒီ လေ့ကျင့်ခန်းရဲ့ ရည်ရွယ်ချက်ကတော့ တက်ရောက်သင်ယူသူတွေကို သူတို့ရဲ့ ဆက်ဆံပြောဆိုရေးကို တိုးတက်ကောင်းမွန်လာဖို့နှင့်
သူတို့အကြောင်းကို ရှင်းလင်းပြေပြစ်စွာ၊ လေးစားစွာ ထုတ်ဖော်ပြသတဲ့နေရာမှာ ပိုပြီး ထိရောက်စေဖို့ အထောက်အကူ ဖြစ်စေရန် ဖြစ်ပါတယ်။
‘ကျွန်တော်/ ကျွန်မ’ ဖြင့် ပြောဆိုခြင်း
သင်တန်းနည်းပြ (facilitator) တစ်ဦးအနေနဲ့ တက်ရောက်သင်ယူသူတွေကို
သရုပ်ဖော်လှုပ်ရှားမှာ လမ်းညွှန်ရမယ့် ကဏ္ဍဖြစ်ပြီး အရင် သင်ခန်းစာက အခြေခံအဆင့်တွေကို
အသုံးချဖို့ ၊ မေးခွန်းတွေကို ဖြေဆိုဖို့၊ လေ့ကျင့်ခန်းက လမ်းကြောင်းမှာ ရှိနေဖို့
ကူညီရမှာ ဖြစ်ပါတယ်။ တက်ရောက်သင်ယူသူတွေ အနိုင်ကျင့်မှုအကြောင်း ဖော်ထုတ်ဖြေရှင်းတဲ့
အနေရာမှာ နည်းလမ်းအမျိုးမျိုးကို စမ်းသပ်ဖို့၊ မျှဝေဖို့ သက်တောင့်သက်သာရှိအောင် လုံခြုံပြီး
ပံ့ပိုးကူညီပေးတဲ့ ပတ်ဝန်းကျင်တစ်ရပ် ဖန်တီးပေးဖို့ အရေးကြီးပါတယ်။ တစ်ယောက်ချင်းစီက
တက်ကြွစွာ ပူးပေါင်းပါဝင်ဖို့ အားပေးရမှာ ဖြစ်ပြီး သူတို့ ပြောဆိုဆွေးနွေးတဲ့ အချက်အားလုံး
လက်ခံကြားသိကြောင်း သေချာအောင် ဆောင်ရွက်ရပါမယ်။ လေ့ကျင့်ခန်းပြီးဆုံးတဲ့အချိန်မှာ
တက်ရောက်သင်ယူသူတွေရဲ့ အတွေ့အကြုံတွေ ပြန်လည်သုံးသပ်နိုင်ဖို့၊ လေ့လာတွေ့ရှိမှုတွေကို
မျှဝေနိုင်ဖို့၊ သူတို့ ကြုံတွေ့ခဲ့ရတဲ့ စိန်ခေါ်မှုတွေကို ဆွေးနွေးနိုင်ဖို့ အကျဉ်းချုပ်
ဆွေးနွေးခြင်းကို လုပ်ဆောင်ရပါမယ်။ နောက်ဆုံးအဆင့်မှာ တက်ရောက်သင်ယူသူတွေကို သူတို့ရဲ့
စာသင်ခန်းမှာ ကျောင်းသူ/ သားများအားလုံးတွက် ဘေးကင်းလုံခြုံပြီး လေးစားမှုရှိတဲ့
ပညာရေး ရပ်ဝန်းတစ်ရပ် ဖန်တီးဖို့ အဆိုပါ အဆင့်တွေကို အမြဲတစေ အကောင်အထည်ဖော် ဆောင်ရွက်ဖို့
အရေးကြီးကြောင်း ပြန်လည် အသိပေးရမှာ ဖြစ်ပါတယ်။
၁။ တက်ရောက်သင်ယူသူများကို (၅) ယောက်ပါဝင်သော အဖွဲ့လိုက် ခွဲလိုက်ပါ။ သူတို့ သင်ကြားရတဲ့ ကလေး အသက်အရွယ်အလိုက် အုပ်စုဖွဲ့ရန် အကြံပြုလိုပါတယ်။
၂။ သင်ရဲ့ တက်ရောက်သင်ယူသူတွေကို သရုပ်ဖော်တင်ဆက်ဖို့ အောက်က ဓာတ်ပုံတွေထဲက ဖြစ်ရပ်တစ်ခုကို ရွေးချယ်ဖို့ ပြောစေပြီး သူတို့ လုပ်ဆောင်ချင်တဲ့ အပိုင်းကို ရွေးချယ်ဖို့ အချိန် ခန ပေးပါ။ ဖြစ်ရပ်မှာ အနည်းဆုံး သင်ယူတက်ရောက်သူတစ်ဦးက ဆရာ/ မအနေနဲ့ လုပ်ဆောင်ရမှာ ဖြစ်ပြီး ကျန်တဲ့သူက ကျောင်းသူ/ သား အနေနဲ့ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။
၃။ ဦးနှောက် မုန်တိုင်းဆင်ခြင်း (brainstorming) အစီအစဉ်ကို နည်းပြပြီး တက်ရောက်သင်ယူသူများကို အနိုင်ကျင့်သူနှင့် အနိုင်ကျင့်ခံရသော ကလေးငယ်များကို ဖော်ထုတ်ဖြေရှင်းတဲ့နေရာမှာ သူတို့ ပြောဆိုနိုင်သော၊ လုပ်ဆောင်နိုင်သော လက်တွေ့ကျတဲ့ ဥပမာများ စဉ်းစားဖော်ထုတ်ရန် အားပေးပါ။ သင်တန်းနည်းပြ (သို့) မှတ်တမ်းရေးသူ (note taker) သည် တက်ရောက်သင်ယူသူတွေကို သရုပ်ဖော်တင်ဆက်မယ့် အစီအစဉ် ကျစ်လစ်ခိုင်မာစေဖို့ သူတို့ရဲ့ အကြံဉာဏ်တွေကို ရေးမှတ်ရန် ကူညီသင့်ပါတယ်။
၄။ အားလုံးနှင့်ပြန်မဆုံခြင် သင်ရဲ့ တက်ရောက်သင်ယူသူတွေကို သူတို့ရဲ့ သရုပ်ဖော်တင်ဆက်မှုကို သူတို့ စဉ်းစားထားထားတဲ့အတိုင်း အစမ်းလုပ်ဆောင်ရန် ဖိတ်ခေါ်ရပါမယ်။
၁။ တက်ရောက်သင်ယူသူအားလုံးကို ပြန်လည် ခေါ်ယူပြီး လေ့ကျင့်ခန်းရဲ့ ရည်ရွယ်ချက်အကြောင်း ပြန်လည်အသိပေးပါ။ အဲဒါက ကျောင်းသူ/ သားတွေကို သူတို့ရဲ့ အတွေးအခေါ်နှင့် စိတ်ခံစားမှုတွေကို ရှင်းလင်းစွာ၊ သင့်လျော်စွာ ထုတ်ဖော်ပြသနိုင်ဖို့ သင်ယူတဲ့နေရာမှာ ပံ့ပိုးကူညီတဲ့အနေနဲ့ သူတို့တွေက ‘ကျွန်တော်/မ’ ပြောဆိုပုံတွေကို လေ့ကျင့်ဖို့ ဖြစ်ပါတယ်။
၂။ အဖွဲ့တစ်ဖွဲ့ကို ဖိတ်ခေါ်ပြီး သူတို့ရဲ့ သရုပ်ဖော်တင်ဆက်မှုကို ပြုလုပ်စေပါ။ ထို့နောက် အခြား တက်ရောက်သင်ယူတွေကနေ အပြုသဘောဆောင်တဲ့ မှတ်ချက်တွေ ရယူဖို့ သေချာ ဆောင်ရွက်ပါ။ အောက်ပါအချက်တွေကို မေးမြန်းနိုင်ပါတယ် -
·
ဒီအဖွဲ့က ‘ကျွန်တော်/မ’ ပြောဆိုပုံတွေကို သင်ကြားတဲ့နေရာမှာ
ဘယ်အရာတွေကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်ခဲ့ပါသလဲ။
·
သူတို့ ချဉ်းကပ်မှုကို
တိုးတက်ကောင်းမွန်ဖို့ ဘယ်လို အကြံပြုချက်တွေ ပေးအပ်လိုပါသလဲ။
၃။ အဖွဲ့ အားလုံး လုပ်ဆောင်ပြီး မှတ်ချက်များ ရယူပြီးချိန်အထိ ပထမ အဆင့် (၂) ဆင့်ကို ထပ်ခါတလဲလဲ လုပ်ဆောင်ရပါမယ်။
၁။ တက်ရောက်သင်ယူသူတွေရဲ့ အတွေ့အကြုံတွေ ပြန်လည်သုံးသပ်နိုင်ဖို့၊ လေ့လာတွေ့ရှိမှုတွေ မျှဝေနိုင်ဖို့၊ သူတို့ ကြုံတွေ့ခဲ့ရတဲ့ စိန်ခေါ်မှုတွေကို ဆွေးနွေးနိုင်ဖို့ အကျဉ်းချုပ် ဆွေးနွေးခြင်းကို လုပ်ဆောင်ရပါမယ်။ အောက်ပါအချက်များကို မေးမြန်းနိုင်ပါတယ် -
·
ဒီ လေ့ကျင့်ခန်းကနေ ဘာတွေ
သင်ယူရရှိခဲ့ပါသလဲ။
·
အဆိုပါ အချက်တွေကို အသုံးချဖို့
ဘာတွေက ခက်ခဲခဲ့ပါသလဲ (သို့) လွယ်ကူခဲ့ပါသလဲ။
·
လက်တွေ့မှာ ဒီအဆင့်တွေကို
အသုံးချဖို့ လွယ်ကူမယ်လို့ ယူဆပါသလား။ (သို့) ခက်ခဲမယ်လို့ ယူဆပါသလား။
အဖွဲ့ငယ်တွေမှာ သရုပ်ဖော် တင်ဆက်ဖို့ အောက်က သရုပ်ဖော် တင်ဆက်မယ့် ဖြစ်ရပ် တစ်ခုကို ရွေးချယ်ပါ။
သင်တန်းအပြီးတွင် …
သင်တန်းသားများ၏ အမြင်များကို ဂရုစိုက်မှုရှိကြောင်း ပြသပါ။
ခေါင်းစဉ်နှင့်ပါတ်သက်၍
သင့်သင်တန်းသားများ၏ အမြင်များ နှင့် သင်တန်းသည် တန်ဖိုးရှိပြီး အနာဂါတ် သင်တန်းမော်ဒျူး
များကို မည်သို့ပို့ ချရ မလဲဆိုတာကို သတင်းအချက်အလက်ပေးနိုင်သည်။
နှုတ်အားဖြင့်
ဝေဖန်အကြံပြုထားသော တုံ့ပြန်ဖြေကြားချက်များကို စုစည်းခြင်းအားဖြင့် သင်တန်းဆက်ရှင်ကို
အဆုံးသတ်ပါ။
● သင်တန်းချိန်မှာ ယခင်က မသိခဲ့သော
မည်သည့်အရာများကို သင်ယူခဲ့ရပါလဲ။
● ဤခေါင်းစဉ်သည် ကျောင်းသားများနှင့်
အလုပ်လုပ်ရာတွင် ဆရာများအတွက် မည်သို့အသုံးဝင်မည်ဟု ထင်ပါသနည်း။
● သင်တန်းမှ ၎င်းတို့ ယူဆောင်သွားနိုင်သော
အဖိုးတန်ဆုံး မှတ်သားဖွယ်အချက်က ဘာလဲ။
ပိုမို နည်းစနစ်တကျ
စောင့်ကြည့်လေ့လာခြင်း နှင့် သုံးသပ်ခြင်းများလုပ်ဆောင်ရန် သင်တန်းအပြီး စစ်ဆေးခြင်းအဖြေလွှာ
နှင့် သင်တန်း သုံးသပ် ချက်ဖောင်များအပေါ် သင်တန်းသားများ၏ တုံ့ပြန်မှုများကို ကောက်ခံရန်
အသေအချာ လုပ်ဆောင်ပါ။