သင်ယူလေ့လာမှု အကျိုးရလဒ်များ
- တစ်ဦးချင်းအနေနှင့်ရော ဆရာ/ဆရာမများ အနေနှင့်ပါ မိမိ၏ ကိုယ်ပိုင် အားသာချက်များကို သိရှိလာရမည်။
- မိမိကိုယ်ကိုယ် နားလည်ရေးတွင် သိစိတ်၊ တစ်စိတ်တစ်ပိုင်းသာ သိမြင်နိုင်သော သိစိတ်နှင့် မသိစိတ်တို့၏ အခန်းဏ္ဍကို ရှင်းပြနိုင်ရမည်။
- မိမိကိုယ်မိမိ သတိပြုမိခြင်း မဟာဗျူဟာ အမျိုးမျိုးကို ဖော်ပြနိုင်ပြီး သရုပ်ပြနိုင်ရမည်။
မော်ဒျူးနိဒါန်း
မိမိကိုယ်မိမိ သတိပြုမိခြင်းသည် ကလေးများနှင့် မြီးကောင်ပေါက်အရွယ်များ၏
ပုဂ္ဂိုလ်ရေး ဖွံ့ဖြိုးမှုနှင့် တိုးတက်မှုတွင် မရှိမဖြစ် အရေးပါသော အစိတ်အပိုင်းတစ်ခု
ဖြစ်ပါသည်။ ၎င်းသည် သူတို့၏ ထူးခြားသော လက္ခဏာရပ်များ ဖြစ်သည့် သူတို့၏
တန်ဖိုးများ၊ ယုံကြည်ချက်များ၊ စိတ်ခံစားချက်များ၊ အပြုအမူများနှင့် ယင်းတို့က
သူတို့ဘဝအပေါ် လွှမ်းမိုးပုံများကို သူတို့ကိုယ်တိုင် နားလည်ပြီး
သိရှိဖော်ထုတ်နိုင်စေပါသည်။ မြီးကောင်ပေါက်အရွယ်နှင့် လူကြီးဖြစ်ခါစ အရွယ်တွင် မိမိကိုယ်မိမိ
သတိပြုမိအောင် ပြုလုပ်ခြင်းသည် အထူးသဖြင့် အရေးကြီးပါသည်။ အကြောင်းမှာ
ထိုအချိန်သည် လူတို့က သူတို့၏အသိစိတ်တွင် မိမိ မည်သူမည်ဝါဖြစ်ကြောင်း စတင်သတ်မှတ်ရန်
အလားအလာအရှိဆုံး ဖြစ်နေသောကြောင့် ဖြစ်ပါသည် [1, 2]။
မည်သူမည်ဝါဖြစ်ကြောင်း သတ်မှတ်ခြင်းသည် ရှုပ်ထွေးသော ဖြစ်စဉ်တစ်ခုဖြစ်ပြီး
လူပုဂ္ဂိုလ်တစ်ဦး၏ လူမှုရေးအခန်းကဏ္ဍ၊ ပုဂ္ဂိုလ်ရေး လက္ခဏာရပ်များ၊
စိတ်ဝင်စားမှုများနှင့် တန်ဖိုးများစသည့် အစိတ်အပိုင်း အသီးသီးကို လေ့လာခြင်းနှင့်
နားလည်သဘောပေါက်ခြင်းတို့ ပါဝင်ပါသည်။ ဤဖြစ်စဉ်သည် လူငယ်လူရွယ်တို့ အတွက်
ခက်ခဲနိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော သက်တူရွယ်တူများထံမှ ဖိအား၊ လူမှုဆိုင်ရာ
မျှော်မှန်းထားမှုများနှင့် အတွင်းစိတ် ပဋိပက္ခများ စသည့် စိန်ခေါ်မှု
အမျိုးမျိုးကို သူတို့ ရင်ဆိုင်ရသောကြောင့် ဖြစ်ပါသည် [3, 4]။ အဆိုပါ စိန်ခေါ်မှုများကို ကျော်လွှားသွားရန်နှင့် သူတို့ဘဝအတွက်
အသိပေးထားသော ဆုံးဖြတ်ချက်များ ချမှန်ရန်အတွက် လူငယ်များအား ကူညီရာတွင် မိမိကိုယ်မိမိ
သတိပြုမိခြင်းသည် အဓိက အခန်းဏ္ဍမှ ပါဝင်ပါသည်။ ၎င်းသည် သူတို့၏ အားသာချက်၊
အားနည်းချက်များနှင့် တိုးတက်ရန်လိုသော နယ်ပယ်များကို ပိုမိုနားလည်လာစေပြီး
သူတို့၏ ရည်မှန်းချက်များနှင့် စိတ်ဆန္ဒများကို သိရှိကာ လိုက်နာဆောင်ရွက်အောင်လည်း
ကူညီပါသည် [5]။
မိမိကိုယ်မိမိ
သတိပြုမိခြင်း၏ အကျိုးကျေးဇူးများသည် မြီးကောင်ပေါက်အရွယ်တွင်သာ ရပ်တန့်မသွားပါ။ လူငယ်များက
လူကြီးအဖြစ်သို့ ကူးပြောင်းရာတွင် စိန်ခေါ်မှုနှင့် အခွင့်အလမ်း များစွာကို ရင်ဆိုင်ကြရပါသည်။
ဤအကူးအပြောင်းကို အောင်မြင်စွာ ကျော်လွှားရန်အတွက် မိမိကိုယ်ကိုယ်နှင့် မိမိ၏ အတွေ့အကြုံများကို
ပြန်လည်သုံးသပ်နိုင်စွမ်းသည် အထူးအရေးကြီးသော အစွမ်းအစတစ်ခု ဖြစ်ပါသည်။ ဥပမာအားဖြင့်
မိမိကိုယ်မိမိ သတိပြုမိသော လူငယ်များသည် မိမိအတွက် အဓိပ္ပာယ်ရှိပြီး မိမိတန်ဖိုးများနှင့်
ကိုက်ညီသည့် အလုပ်ကို ပိုမိုရှာဖွေဖို့ များနိုင်ပါသည်။ သူတို့၏ ဆက်ဆံရေးများတွင် ပဋိပက္ခဖြေရှင်းရန်နှင့်
မိမိအတွက် အကောင်းဆုံးဖြစ်မည့် ရွေးချယ်မှုများ ပြုလုပ်ရန်လည်း ပိုမိုကောင်းမွန်စွာ
အသင့်ပြင်ပြီးသား ဖြစ်နိုင်ပါသည် [6, 7]။ ထို့ပြင် မိမိကိုယ်မိမိ သတိပြုမိခြင်းသည်
လူငယ်များအား သူတို့၏ ပညာရေး၊ အလုပ်အကိုင်၊ ပုဂ္ဂိုလ်ရေး ဆက်ဆံမှုများအတွက် ပိုမို၍
အသိပေးထားသော ဆုံးဖြတ်ချက်များ ချမှတ်ကာ လက်တွေ့ကျပြီး ဖြစ်နိုင်သော ရည်မှန်းချက်များ
သတ်မှတ်ရန်လည်း ကူညီပေးနိုင်ပါသည်။ ထို့ပြင် မိမိကိုယ်မိမိ သတိပြုမိခြင်းသည် မိမိကိုယ်ကိုယ်
လက်ခံခြင်းနှင့် ခံနိုင်ရည်ရှိခြင်းတို့ ပိုမိုရရှိစေနိုင်ပါသည်။ ယင်းတို့သည် မသေချာမှု
သို့မဟုတ် ကျရှုံးမှု ကာလများတွင် အထူးသဖြင့် အရေးကြီးသောအချက်များ ဖြစ်ပါသည် [8, 9]။
ကိုးကားချက်များ
1. Hatano K, Luyckx K, Hihara S, Sugimura K, I. Becht A. Daily Identity Processes and Emotions in Young Adulthood: a Five-Day Daily-Diary Method. J Youth Adolescence. 2022 Sep 1;51(9):1815–28. Available from: https://doi.org/10.1007/s10964-022-01629-x DOI: 10.1007/s10964-022-01629-x
2. Verhoeven M, Poorthuis AMG, Volman M. The Role of School in Adolescents’ Identity Development. A Literature Review. Educ Psychol Rev. 2019 Mar 1;31(1):35–63. Available from: https://doi.org/10.1007/s10648-018-9457-3 DOI: 10.1007/s10648-018-9457-3
3. Zacarés JJ, Iborra A. Self and Identity Development during Adolescence across Cultures. In: Wright JD, editor. International Encyclopedia of the Social & Behavioral Sciences (Second Edition) [Internet]. Oxford: Elsevier; 2015 [cited 2023 Apr 3]. p. 432–8. Available from: https://doi.org/10.1016/B978-0-08-097086-8.23028-6 DOI: 10.1016/B978-0-08-097086-8.23028-6
4. Herman WE. Identity Formation. In: Goldstein S, Naglieri JA, editors. Encyclopedia of Child Behavior and Development [Internet]. Boston, MA: Springer US; 2011 [cited 2023 Apr 3]. p. 779–81. Available from: https://doi.org/10.1007/978-0-387-79061-9_1443 DOI: 10.1007/978-0-387-79061-9_1443
5. Taylor RD, Oberle E, Durlak JA, Weissberg RP. Promoting positive youth development through school-based social and emotional learning interventions: A meta-analysis of follow-up effects. Child Dev [Internet]. Jul 2017 [cited 2023 Apr 3];88(4):1156-71. Available from: https://doi.org/10.1111/cdev.12864 DOI: 10.1111/cdev.12864
6. Subirana Vilanova M. Relational Awareness: A Stepping-Stone Toward Flourishing Organizations. In: Aristegui R, Garcia Campayo J, Barriga P, editors. Relational Mindfulness: Fundamentals and Applications [Internet]. Cham: Springer International Publishing; 2021 [cited 2023 Apr 3]. p. 225–51. Available from: https://doi.org/10.1007/978-3-030-57733-9_13
DOI: 10.1007/978-3-030-57733-9_13
7. Ferraro PJ. Know Thyself: Competence and Self-awareness. Atl Econ J. 2010 Jun 1;38(2):183–96. Available from https://doi.org/10.1007/s11293-010-9226-2 DOI: 10.1007/s11293-010-9226-2
8. Vago D, David S. Self-awareness, self-regulation, and self-transcendence (S-ART): a framework for understanding the neurobiological mechanisms of mindfulness. Frontiers in Human Neuroscience [Internet]. 2012 [cited 2023 Apr 3];6. Available from: https://doi.org/10.3389/fnhum.2012.00296
DOI: 10.3389/fnhum.2012.00296
9. Mind full of kindness: self-awareness, self-regulation, and self-transcendence as vehicles for compassion | BMC Psychology | Full Text [Internet]. [cited 2023 Apr 3]. Available from: https://doi.org/10.1186/s40359-022-00888-4 DOI: 10.1186/s40359-022-00888-4
အဓိက အယူအဆ သဘောထားအမြင်များ



သော သိစိတ်

၂.၁ မိမိကိုယ်မိမိ သတိပြုမိခြင်းဆိုတာ ဘာလဲ။
ကျွန်ုပ်တို့၏ ပထမဆုံးဗီဒီယိုတွင် မိမိကိုယ်မိမိ သတိပြုမိခြင်း၏ အယူအဆနှင့် ၎င်းသည် တစ်ဦးချင်း ဖွံ့ဖြိုးမှုနှင့် တိုးတက်မှုအတွက် အရေးကြီးပုံ အကြောင်းကို လေ့လာသွားပါမည်။ မိမိကိုယ်မိမိ သတိပြုမိခြင်းနှင့် ၎င်း၏ အစိတ်အပိုင်းသုံးခုကို အဓိပ္ပာယ် ဖော်ပြကာ ကျွန်ုပ်တို့၏ နေ့စဉ်ဘဝ၌ မိမိကိုယ်မိမိ သတိပြုမိခြင်း၏ လုပ်ငန်းဆောင်တာများကိုလည်း လေ့လာသွားပါမည်။ ဤမျှ စိတ်ဝင်စားဖွယ်ကောင်းသော အကြောင်းအရာကို စတင်လေ့လာကြပါစို့။
၂.၂ သင့်စိတ်အကြောင်းကို နားလည်ခြင်း
ပြီးခဲ့သော ဗီဒီယိုတွင် မိမိကိုယ်မိမိ သတိပြုမိခြင်း အယူအဆ၊ ယင်း၏ အစိတ်အပိုင်းများနှင့် လုပ်ဆောင်ချက်များအကြောင်းကို ဆွေးနွေးခဲ့ပါသည်။ ယခုအခါ စိတ်နှင့် စိတ်၏ အလွှာအသီးသီးကို လေ့လာခြင်းဖြင့် မိမိကိုယ်မိမိ သတိပြုမိခြင်းအကြောင်းကို ပိုမို၍ အသေးစိတ် သင်ယူကြပါမည်။ ဤအလွှာများ၏ အစိတ်အပိုင်းများနှင့် ယင်းတို့က အတွေးများ၊ ခံစားချက်များနှင့် အပြုအမူများအပေါ် လွှမ်းမိုးပုံများ အကြောင်းကို နားလည်ခြင်းသည် မိမိကိုယ်မိမိ သတိပြုမိရေးအတွက် အဖိုးတန် နည်းလမ်းတစ်ခု ဖြစ်နိုင်ပါသည်။ ထို့ကြောင့် စိတ်၏အလွှာသုံးခုက ဘာကိုဆိုလိုကြောင်း စတင်လေ့လာကြပါစို့။
ပြန်လည်အမှတ်ရခြင်းနှင့် ပြန်လည်သုံးသပ်ခြင်း- သင့်စိတ်အကြောင်းကို နားလည်ခြင်း
မိမိကိုယ်မိမိ သတိပြုမိခြင်းနှင့် စိတ်အကြောင်း လေ့လာသင်ယူနေခြင်းသည် အတော်အောင်မြင်နေပါပြီ။ ယခုအခါ သင့်အသိပညာကို မေးခွန်းလေးတစ်ခုဖြင့် စမ်းသပ်ရန် အချိန်ရောက်လာပါပြီ။ ဤမေးခွန်းသည် သင်လေ့လာထားသော အယူအဆများကို ပြန်အမှတ်ရကာ ပြန်လည်သုံးသပ်နိုင်အောင် ကူညီပေးသလို သင့်အသိပညာကို လက်တွေ့ အသုံးချခွင့်လည်း ရရှိစေပါမည်။ အချိန်ယူပြီး အကောင်းဆုံး ဖြေဆိုကြည့်ပါ။ မေးခွန်းတိုင်းအတွက် အဖြေမှန် တစ်ခုသာ ရှိသည်ကို အမှတ်ရပါ။ ကံကောင်းပါစေ။
မိမိကိုယ်မိမိ သတိပြုမိခြင်းအကြောင်း ဤမေးခွန်းကို ဖြေဆိုသည့်အတွက် ဂုဏ်ယူပါသည်။ မိမိကိုယ်မိမိ သတိပြုမိခြင်းဆိုသည်မှာ သင့်အတွေးများ၊ ခံစားချက်များနှင့် အပြုအမူများ၊ ယင်းတို့က သင်နှင့် အခြားသူများအပေါ် သက်ရောက်ပုံများကို နားလည်ခြင်းဖြစ်ကြောင်း အမှတ်ရစေလိုပါသည်။ ထို့ပြင် စိတ်တွင် အလွှာသုံးလွှာ ပါဝင်ပြီး မိမိကိုယ်မိမိ သတိပြုမိခြင်း ပိုမိုကောင်းမွန်အောင် ယင်းတို့ကို လေ့လာနိုင်ပါသည်။ ဆက်ကြိုးစားပါ။
မိမိကိုယ်မိမိ သတိပြုမိခြင်းနှင့် စိတ်၏ အလွှာအသီးသီး အကြောင်းကို လေ့လာခဲ့ပြီးဖြစ်ရာ ယခုအခါ သင့်အသိပညာကို လက်တွေ့ကျင့်သုံးရန် အချိန် ကျရောက်လာပါပြီ။ ဤအပိုင်းတွင် သင်နှင့် သင့်ကျောင်းသားများအား မိမိကိုယ်မိမိ သတိပြုမိခြင်းကို လေ့ကျင့်ထားရှိနိုင်အောင် ကူညီမည့် လက်တွေ့ လေ့ကျင့်ခန်းများကို လေ့လာသွားပါမည်။ ဤလေ့ကျင့်ခန်းများသည် သင့်ပုဂ္ဂိုလ်ရေး အားသာချက်နှင့် အရည်အသွေးများကို သိရှိရန်၊ သင့်ယုံကြည်ချက်များကို နားလည်ရန်နှင့် သင့်စိတ်ခံစားချက်များနှင့် အတွေးများကို စူးစမ်းလေ့လာရန် ကူညီပေးနိုင်ပါသည်။ မိမိကိုယ်မိမိ သတိပြုမိခြင်းကို ကျင့်သုံးရန် အားလုံးအတွက် မှန်ကန်သည့် တစ်ခုတည်းသောနည်းလမ်းဟူ၍ မရှိကြောင်း သတိပြုရန် အရေးကြီးပါသည်။ မဟာဗျူဟာ အသီးသီးက ရလဒ် အသီးသီးကို ပေးစွမ်းနိုင်ပြီး သင့်အတွက် အကောင်းဆုံး ဖြစ်မည့်အချက်ကို ရှာတွေ့ရန် အရေးကြီးပါသည်။ ထို့ကြောင့် သင်နှင့် သင့်ကျောင်းသားများ၌ မိမိကိုယ်မိမိ သတိပြုမိခြင်းကို ပြုစုပျိုးထောင်နိုင်စေရန် ပျော်စရာကောင်းပြီး ထိရောက်သော နည်းလမ်းအချို့ကို စတင်လေ့လာကြပါစို့။
လေ့ကျင့်ခန်း ၁- နေ့စဉ်မှတ်တမ်း ရေးခြင်း
နေ့စဉ်မှတ်တမ်း ရေးခြင်းသည် မိမိကိုယ်မိမိ သတိပြုမိစေရန်နှင့် မိမိ၏ အတွေးများ၊ ခံစားချက်များနှင့် အပြုအမူများ ပိုမိုသိမြင်လာစေရန် အသုံးများပြီး အထောက်အကူပြုသော နည်းစနစ်တစ်ခု ဖြစ်ပါသည်။ ဤသည်မှာ ကျွန်ုပ်တို့၏ အတွေ့အကြုံများ၊ စိတ်ခံစားချက်များနှင့် တွေ့ရှိချက်များကို လုံခြုံစိတ်ချရသော နေရာတစ်ခု၌ ပုံမှန် မှတ်တမ်းတင်ထားခြင်း ဖြစ်ပါသည်။ နေ့စဉ်မှတ်တမ်း ရေးခြင်းသည် စာရေးခြင်းနှင့် တစ်ခါတစ်ရံ ဆက်စပ်နေသော်လည်း ဤနည်းလမ်းကိုကျင့်သုံးရန် ဆန်းသစ်သော နည်းလမ်းများစွာ ရှိပါသည်။ ဥပမာ၊ အသံဖမ်းထားခြင်း၊ အနုပညာလက်ရာ ဖန်တီးခြင်း စသည်တို့ဖြစ်သည်။ ဤလှုပ်ရှားမှု၌ သင်တန်းသားများအား သူတို့၏ နေ့စဉ်မှတ်တမ်း ရေးခြင်းကို လမ်းညွှန်ရန်နှင့် ပြန်လည်သုံးသပ်ဖို့ အားပေးရန် သဲလွန်စများ ပေးထားပါမည်။ နေ့စဉ်မှတ်တမ်းရေးရာတွင် နည်းလမ်း အမှား၊ အမှန်ဟူ၍ မရှိပါ။ သင့်အတွက် အလုပ်ဖြစ်သော နည်းလမ်းကို ရှာဖွေကာ သင့်အတွင်းကျသော လောကကို စူးစမ်းလေ့လာဖို့ အသုံးပြုသွားရန်သာ လိုပါသည်။
သင်တန်းပို့ချသူတစ်ယောက် အနေနှင့် နေ့စဉ်မှတ်တမ်းရေးခြင်းသည် မိမိကိုယ်မိမိ သတိပြုမိအောင် ကူညီနိုင်သည့် နည်းစနစ်တစ်ခုဖြစ်ကြောင်း သင့်သင်တန်းသားများကို မိတ်ဆက်ပြောပြပါ။ ပုဂ္ဂိုလ်ရေး အတွေးများနှင့် စိတ်ခံစားချက်များကို အသိအမှတ်ပြုကာ ပြန်လည်သုံးသပ်အောင် အားပေးပါ။ သင်တန်းသားများအား သူတို့၏ အတွေးများ၊ ခံစားချက်များနှင့် ယုံကြည်ချက်များကို စူးစမ်းလေ့လာနိုင်အောင် ရေးဆွဲထားသည့် သဲလွန်စများနှင့် လေ့ကျင့်ခန်း အမျိုးမျိုးတို့မှတစ်ဆင့် လမ်းညွှန်ပေးရပါမည်။ နေ့စဉ်မှတ်တမ်း ရေးချိန် ပြီးသွားသောအခါ သင်တန်းသားများအား သူတို့၏ နေ့စဉ်မှတ်တမ်း ရေးခြင်း အတွေ့အကြုံကို ပြန်လည်သုံးသပ်ရန် အဖွဲ့လိုက်ဆွေးနွေးပွဲတစ်ခုကို သင်က ဦးဆောင်ကျင်းပရပါမည်။
နေ့စဉ်မှတ်တမ်း ရေးခြင်း
၁။ နေ့စဉ်မှတ်တမ်း ရေးခြင်းသည် ပုဂ္ဂိုလ်ရေး
အတွေးများနှင့် စိတ်ခံစားချက်များကို အသိအမှတ်ပြုကာ ပြန်လည်သုံးသပ်အောင်
အားပေးသည့်အတွက် မိမိကိုယ်မိမိ ပိုမို၍ သတိပြုမိအောင် အသုံးများသော
နည်းစနစ်တစ်ခုဖြစ်ကြောင်း သင့်သင်တန်းသားများအား ရှင်းပြပါ။
၂။ သင့်သင်တန်းသားများအား စာရွက်နှင့် ဘောပင်ကို
ပေးပါ။ သို့မဟုတ် သူတို့ကိုယ်ပိုင် စာရေးကိရိယာများကို အသုံးပြုခွင့်ပေးပါ။
၃။ အောက်ပါ သဲလွန်စများကို အခြေခံပြီး
နေ့စဉ်မှတ်တမ်း ရေးရန် သင့်သင်တန်းသားများကို အားပေးပါ။ ဤလေ့ကျင့်ခန်းကို
ပြုလုပ်နေစဉ် သူတို့ကို သက်သောင့်သက်သာ ရှိစွာ ထိုင်ခိုင်းပြီး သူတို့၏
အရေးအသားများကို အခြားသူများနှင့် မျှဝေရန် ဖိအားပေးမည် မဟုတ်ကြောင်း ရှင်းပြပါ။
ထို့ကြောင့် ကိုယ်ပိုင် အတွေးများနှင့် ခံစားချက်များကို ရိုးသားပွင့်လင်းစွာ
ရေးသားရန် တိုက်တွန်းခြင်း ဖြစ်ပါသည်။ သူတို့၏ ဖွံ့ဖြိုးတိုးတက်မှုကို ပြန်လည်သုံးသပ်ရန်
သူတို့၏ နေ့စဉ်မှတ်တမ်း ရေးသားချက်များကို အခါအားလျော်စွာ ပြန်လာပို့ရန်လည်း
သူတို့အား သတိပေးပါ။
● သင့်တစ်နေ့တာက အခြေအနေ ဘယ်လိုလဲ။
● ယခုအချိန်မှာ သင်ဘယ်လို
ခံစားရသလဲ။ ဘာကြောင့်လဲ။
● ဆရာ/ဆရာမ
တစ်ယောက်အနေနှင့် သင့်အားသာချက်က ဘာလဲ။
● ဆရာ/ဆရာမ တစ်ယောက်အနေနှင့် သင်၏ အကောင်းဆုံး အပိုင်းက ဘာလဲ။
● ယခုတစ်ပတ်တွင် သင်၏ အတက်၊ အကျတွေက ဘာတွေလဲ။
● ဒီနေ့အတွက် သင်ဘာကို ကျေးဇူးတင်မိသလဲ။
အဖွဲ့ကို ပြန်လည်အစီရင်ခံခြင်း
သင့်သင်တန်းသားများကို ပြန်လည်အစီရင်ခံတင်ပြခြင်းဖြင့် လူပိုနည်းသော အုပ်စုရှိ စကားဝိုင်းများမှ သူတို့၏ အသိအမြင်နှင့် သင်ယူမှုများကို လူပိုများသော အုပ်စုနှင့် မျှဝေခွင့် ရရှိစေပါမည်။ ပြန်လည်အစီရင်ခံခြင်းသည် ဦးဆောင်သူဖြစ်သော သင့်အတွက်လည်း အယူအဆအမှား တစ်ခုခုရှိလျှင် ပြန်လည် ရှင်းလင်းခြင်း၊ အတွေ့များသော ပုံစံများ သို့မဟုတ် စိန်ခေါ်မှုများကို ဖြေရှင်းခြင်းနှင့် ဤလှုပ်ရှားမှုမှ အဓိကမှတ်သားရမည့် အချက်များကို ထပ်မံ ပြောကြားခြင်းတို့ ပြုလုပ်ခွင့် ရရှိစေပါသည်။ လူပိုနည်းသော အုပ်စုရှိ ဆွေးနွေးပွဲ ပြီးသွားသောအခါ ပြန်လည်အစီရင်ခံရန် အချိန်အတွက် တစ်ဖွဲ့လုံးကို ခေါ်ယူပါ။ သင်တန်းသားများကို သူတို့၏ နေ့စဉ်မှတ်တမ်း ရေးသားရန် ကြိုးစားခြင်းနှင့် ပတ်သက်ပြီး သူတို့၏ အတွေးများ၊ စိတ်ကူးများ၊ ပြန်သုံးသပ်ချက်များကို တစ်ဖွဲ့လုံးနှင့် မျှဝေဖို့ တိုက်တွန်းအားပေးပါ။ ဤသည်မှာ စိတ်ချရပြီး ပံ့ပိုးမှုရှိသောနေရာတစ်ခု ဖြစ်ကြောင်းနှင့် သူတို့ အဆင်ပြေနေသမျှကာလပတ်လုံး ကြိုက်သလောက် ထုတ်ပြောနိုင်ကြောင်း သတိပေးရန် အရေးကြီးပါသည်။ ဤသို့ ပြန်လည်အစီရင်ခံခြင်းကို ဦးဆောင်ကျင်းပရန် အောက်ပါ သဲလွန်စမေးခွန်းများကို အသုံးပြုနိုင်ပါသည်-
၁။ နေ့စဉ်မှတ်တမ်း ရေးနေစဉ် ဘယ်လိုခံစားရပါသလဲ။
၂။ နေ့စဉ်မှတ်တမ်း ရေးခြင်းနှင့် ပတ်သက်၍ ဘာက
စိန်ခေါ်မှုရှိသည်ဟု ထင်ပါသလဲ။
၃။ နေ့စဉ်မှတ်တမ်း ရေးခြင်းသည် သင့်အား မိမိကိုယ်မိမိ
ပို၍ သတိပြုမိအောင် ဘယ်လို ကူညီနိုင်မည်ဟု ထင်ပါသလဲ။
၄။ သင့်နေ့စဉ်ကိစ္စများတွင် နေ့စဉ်မှတ်တမ်း ရေးခြင်းကို ပေါင်းစပ်ဆောင်ရွက်နိုင်မည်ဟု ထင်ပါသလား။ မထင်ပါက သင့်အတွက် ပို၍အလုပ်ဖြစ်မည့် အခြားနည်းလမ်း တစ်ခုက ဘာဖြစ်မည်ဟု ထင်ပါသလဲ။
လေ့ကျင့်ခန်း ၂- ‘ကျွန်ုပ်အကြောင်း’ ပိုစတာတစ်ခု ဖန်တီးခြင်း
အောက်ပါ လှုပ်ရှားမှုတွင် သင်တန်းသားများသည်
သူတို့၏ မည်သူမည်ဝါဖြစ်ကြောင်း အစိတ်အပိုင်း အသီးသီးကို ထင်ဟပ်စေမည့်
နည်းတစ်နည်းအဖြစ် ‘ကျွန်ုပ်အကြောင်း’ ပိုစတာတစ်ခုကို ဖန်တီးရပါမည်။ လေ့ကျင့်ချိန်
နှစ်ချိန် ကျင်းပရန် ရေးဆွဲထားသော ဤလှုပ်ရှားမှုကို ညှဉ်းပမ်းနှိပ်စက်မှုမှ
အသက်ရှင် ကျန်ရစ်သူများအတွက် ဗစ်တိုးရီးယားပြည်နယ် ဖောင်ဒေးရှင်း (Victorian
Foundation for Survivors of Torture) က
ရေးဆွဲထားပါသည် [link: ]။
ရည်ရွယ်ချက်မှာ ဒုက္ခသည် ကလေးငယ်များအကြား မိမိကိုယ်ကို ပြန်လည်သုံးသပ်ခြင်းနှင့်
မိမိကိုယ်ကို ထုတ်ပြောခြင်း တို့ ရှိအောင် တိုက်တွန်းအားပေးရန်နှင့်
တစ်ချိန်တည်းမှာပင် သူတို့မျှဝေသော ပုဂ္ဂိုလ်ရေး အချက်အလက် အတိုင်းအတာကို
ထိန်းချုပ်တတ်အောင် အားဖြည့်ပေးရန် ဖြစ်ပါသည်။ သင်တန်းပို့ချသူတစ်ယောက် အနေနှင့်
သင်က ဤလှုပ်ရှားမှုကို သင့်သင်တန်းသားများအား လှုပ်ရှားမှု တစ်ဆင့်ချင်းစီ လမ်းညွှန်ရင်း
သရုပ်ပြနိုင်ပါသည်။
ပထမ လေ့ကျင့်ချိန်- ‘ကျွန်ုပ်အကြောင်း’ ပိုစတာ မိတ်ဆက်
ပိုစတာ လေ့ကျင့်ခန်းသည် အောက်ပါအတိုင်း လေ့ကျင့်ချိန် နှစ်ချိန်ဖြင့် ကျင်းပကာ သင်တန်းသားတိုင်းက သူတို့၏ ဓာတ်ပုံတစ်ပုံနှင့် သူတို့ မည်သူမည်ဝါဖြစ်ကြောင်း အခြား ဖော်ပြချက်များ ပါဝင်သည့် ပိုစတာတစ်ခုကို ဖန်တီးအလှဆင်ရာတွင် ပါဝင်ရပါမည်။ မည်သူမည်ဝါဖြစ်ကြောင်း လေ့လာရန် ပိုစတာများကို အာရုံစိုက်ခိုင်းသလိုပင် အတိတ်နှင့် ပစ္စုပ္ပန် အတွေ့အကြုံများနှင့် အနာဂတ်အတွက် ကလေးများ၏ စိတ်ဆန္ဒများအကြောင်း ဆွေးနွေးပွဲအတွက်လည်း ပိုစတာများကို အသုံးပြုပါမည်။ ဤလေ့ကျင့်ခန်း၏ အဓိက ရည်ရွယ်ချက်မှာ ပုဂ္ဂိုလ်ရေး အချက်အလက်များ ထုတ်ပြောမှု အတိုင်းအတာတွင် ကလေးများကို ထိန်းချုပ်မှု ပေးထားပြီး မိမိကိုယ်ကို ပြန်လည်သုံးသပ်အောင် အားပေးရန် ဖြစ်ပါသည်။ ဤရည်မှန်းချက် အောင်မြင်စေရန်အတွက် ဂရုတစိုက် အပြင်းအထန် ဦးစီးဆောင်ရွက်ရန် အထူးအရေးကြီးပါသည်။ ဤသည်မှာ သင်တန်းပို့ချသူနှင့် ကလေးငယ် အချိုးအစား မြင့်မားမှုအပေါ်တွင် မူတည်ပါသည်။
၁။ ကလေးတိုင်းကို ရောင်စုံ ကတ်ပြားတစ်ခု ရွေးခိုင်းပါ။
၂။ လူပိုများသော အုပ်စုကို ကလေးငယ် လေးယောက်ထက် မပိုသည့် (အသင့်တော်ဆုံးမှာ သုံးယောက်) လူပိုနည်းသော အုပ်စုအဖြစ် ခွဲလိုက်ပါ။ ထို့နောက် အုပ်စုတိုင်းကို သင်တန်းပို့ချသူတစ်ယောက် ထားရှိပါ။
၃။ ကလေးတိုင်းကို သူတို့ ဓာတ်ပုံကို စာရွက်ပေါ်တွင် ကပ်ခိုင်းပါ။ စာရွက်ပေါ်တွင် လက်နှစ်ဖက်စလုံးမှ လက်ချောင်းများကို ဆန့်ထားပြီး ခဲသား ခဲတံဖြင့် အနားသတ်လိုက်ခိုင်းပါ။ ပြီးသွားလျှင် အပြင်ဘက်မျဉ်းကြောင်းကို ဆော့ပင်ဖြင့် ထပ်ရေးဆွဲနိုင်ပါသည်။
၄။ ကလေးတိုင်းကို သူတို့၏ (ယခင်တစ်ပတ်က ရိုက်ထားသော) ဖလင်ပြားဓာတ်ပုံကို ကတ်ပြားများပေါ်၌ ကပ်ခိုင်းပါ သို့မဟုတ် စတာပလာဖြင့် ကပ်ခိုင်းပါ။
၅။ ကလေးတိုင်းကို ပထမလက်၏ လက်ချောင်းတိုင်းပေါ်တွင် အောက်ပါတို့အနက် တစ်ခုကို ရေးခိုင်းပါ (ပို့ချသူက ဝှိုက်ဘုတ်ပေါ်တွင် ရေးဆွဲရန်)။
● သူတို့အမည်
● သူတို့အသက်
● သူတို့မွေးဖွားရာနိုင်ငံ
● သူတို့အနှစ်သက်ဆုံး အစားအသောက်
● အိမ်တွင် သူတို့ပြောဆိုသည့် ဘာသာစကား
၆။ သင်တန်းပို့ချသူများက သူတို့တာဝန်ခွဲပေးထားသော အဖွဲ့နှင့်အတူ အချိန်ပေးကာ ကလေးများကို သူတို့ 'လက်' ပေါ်၌ ရေးထားသော အချက်အလက်များအကြောင်း ပြောခိုင်းပါ။
၇။ လူပိုများသောအုပ်စုကို ပြန်လည်ဖွဲ့စည်းကာ ကလေးတိုင်းကို သူတို့၏ပိုစတာအကြောင်း တင်ဆက်ခိုင်းပါ (အချို့ ကလေးများက ထိုသို့မပြုလုပ်လိုသည်ကို လေးစားရန်)။
● နှိုင်းယှဉ်ခြင်းအားဖြင့် ‘စိတ်ချရသော’ လေ့ကျင့်ခန်းအဖြစ် ရေးဆွဲထားသော်လည်း သင်တန်းပို့ချသူများသည် ကလေးများက ဒုက္ခသည်အဖြစ် သူတို့၏ အတွေ့အကြုံများနှင့် ပတ်သက်၍ စိတ်ဒဏ်ရာ ပြဿနာများ ပေါ်လာနိုင်ခြေ ရှိသည်ကို ကြိုတင်ပြင်ဆင်ထားသင့်ပါသည်။
● ကလေးအများအပြားသည် အင်္ဂလိပ်စာ တတ်မြောက်မှု ကျွမ်းကျင်အောင် စတင်နေဆဲသာ ဖြစ်သည့်အတွက် ဤလေ့ကျင့်ခန်းကို ပြီးစီးရန် အပြင်းအထန် ပံ့ပိုးမှု လိုအပ်နိုင်သည်ကို သတိပြုပါ။ သူတို့အလုပ်မှာ နံရံပေါ်တွင် ပြသကာ မိဘများနှင့် မျှဝေရန် ဖြစ်သည့်အတွက် ကလေးငယ် အများစုတွင် သူတို့အလုပ်၏ အရည်အသွေးအတွက် အားစိုက်ထုတ်မှုများစွာ ရှိနေပါမည်။ ကလေးများ ထိတွေ့မှုနှင့် စိတ်ဝင်စားမှု နည်းပါးသွားခြင်းမရှိအောင် အထူးသဖြင့် စာရေးသားသော အလုပ်များတွင် အကူအညီ ပေးရန် ကမ်းလှမ်းရပါမည်။ ဤအပိုင်းတွင် ဆရာ/ဆရာမများက ကူညီပေးနိုင်ဖွယ် ရှိပါသည်။
နိဂုံးချုပ် လေ့ကျင့်ခန်း
စက်ဝိုင်းတစ်ခု ဆွဲပါ။ လေမှုတ်နိုင်သည့် အပျော့စား ဘောလုံးအကြီးတစ်လုံး၊ ဖြစ်နိုင်လျှင် ကမ္ဘာလုံးပုံကို အသုံးပြုကာ အဖွဲ့ဝင်တိုင်းကို သူတို့ ဘောလုံး ဖမ်းမိသည့် အခိုက်အတန့်၌ ဘယ်လိုခံစားရကြောင်း တစ်ခုခု ပြောခိုင်းပါ။ ထို့နောက် ဘောလုံးကို နောက်တစ်ယောက်ထံသို့ လွှဲပေးခိုင်းပါ။
ပစ္စည်းကိရိယာများ
● အမဲရောင် ခဲသား ခံတံများ
● ရောင်စုံ ဆော့ပင်များ
● ကော်/စတာပလာ
● ကတ်ကြေး
● လေမှုတ်နိုင်သည့် အပျော့စား ဘောလုံးအကြီးတစ်လုံး
ဒုတိယ လေ့ကျင့်ချိန်- ‘ကျွန်ုပ်အကြောင်း’ လေ့ကျင့်ခန်း (ယခင် လေ့ကျင့်ချိန်မှ အဆက်)
ဤလေ့ကျင့်ခန်းသည် ပြီးခဲ့သော လေ့ကျင့်ချိန်အတိုင်း ဖြစ်ပါသည်။ သို့သော် 'အလှည့်အပြောင်း ကာလ' ကို ကိုယ်စားပြုကာ စူးစမ်းလေ့လာသော ပြဿနာများက ပို၍ ပုဂ္ဂိုလ်ရေး ဆန်ပြီး ကလေးများအတွက် ပို၍ စိတ်ခံစားချက်အရ သိသာလာပါသည်။ လေ့ကျင့်ခန်း ပြီးစေရန် အဆက်အစပ်ဖြင့် အုပ်စုအတွင်း ဆွေးနွေးပွဲများ ကျင်းပကာ မိမိနိုင်ငံမှ ထွက်ခွါရာတွင် ဆုံးရှုံးမှုများအကြောင်း ပါဝင်ပါမည်။ သင်တန်းပို့ချသူများက ယင်းတို့ကို အကူအညီပေးသော ပုံစံဖြင့် ဖော်ပြခွင့်ပေးရန် လိုပါသည်။ ထိုအတွက် ကလေးများကို သူတို့၏ အတွေ့အကြုံများကို လွှမ်းမိုးခြယ်လှယ်မှု မပါဝင်ဘဲ တစ်ယောက်နှင့်တစ်ယောက် မျှဝေအောင် အားပေးသည့် မသိမသာ ပံ့ပိုးမှု အခန်းကဏ္ဍ လိုအပ်ပါသည်။ ကလေးငယ်များ၏ မိခင်နိုင်ငံနှင့်ဆိုင်သည့် ဆွေးနွေးပွဲများသည် ဖိအားပေး ထွက်ပြေးခိုင်းသည့် ခံစားချက်များ ဖော်ပြသည်အထိ ဖြစ်လာနိုင်ပါသည်။ ဤခံစားချက်များကို မျှဝေခြင်းသည် အုပ်စုအတွင်း သံယောဇဉ်ဖြစ်အောင် ဖန်တီးရာတွင် ကူညီပါသည်။
၁။ ကလေးများကို စားပွဲတွင် ထိုင်ခိုင်းပါ (စားပွဲတစ်လုံးလျှင် ကလေး သုံးယောက်ခန့်) ထို့နောက် သင်တန်းပို့ချသူတစ်ဦးကို အဖွဲ့တစ်ခုစီနှင့် သင်ကြားရန် ခွဲဝေပေးပါ။
၂။ ကလေးများကို သူတို့ပိုစတာ အဟောင်းဖြင့် ဆောင်ရွက်ခိုင်းပါ။ ယခုတစ်ကြိမ်တွင် အောက်ပါတို့ကို ကိန်းဂဏန်းများဖြင့် ဖြည့်ခိုင်းပါ။
● သင်အလုပ်ချင်ဆုံးအရာ
● မလေးရှားနိုင်ငံတွင် နေထိုင်ရာတွင် ကောင်းသောအချက် တစ်ချက်
● မလေးရှားနိုင်ငံတွင် နေထိုင်ရာတွင် အခက်အခဲ တစ်ခု
● သင့်နိုင်ငံအကြောင်း သင်မှတ်မိသောအချက် တစ်ခုခု
● သင်အသက်ကြီးလာလျှင် လုပ်ချင်သောအရာ
၃။ ကျန်ရှိသောအချိန်တွင် ကလေးများကို သူတို့ပိုစတာများအား ဘောင်များ၊ ဖြတ်၍ ကပ်ခြင်းများ၊ ပုံဆွဲခြင်းများ စသည်တို့ဖြင့် အလှဆင်ခိုင်းပါ။
၄။ ကလေးများအား သူတို့ပိုစတာများကို မိဘများ၏ ဧည့်ခန်း၌ ပြသထားမည်ဖြစ်ကြောင်း အသိပေးပါ။ ဖြစ်နိုင်လျှင် ချိတ်ဆွဲပြသမည့် ဒီဇိုင်းအတွက် ကလေးများကို ပါဝင်ခိုင်းပါ။
● ပြဿနာများနှင့် အယူအဆများ ပို၍ရှုပ်ထွေးသည့်အတွက် ကလေးများသည် စာလုံးပေါင်းနှင့် အရေးအသားတွင် လေ့ကျင့်ခန်း ပထမပိုင်းကို လုပ်ဆောင်ရာတွင် လိုအပ်သည်ထက် အကူအညီ ပို၍လိုအပ်ဖွယ် ရှိပါသည်။
● ဆွေးနွေးပွဲများသည် လေ့ကျင့်ခန်း လမ်းကြောင်းအတိုင်း တင်ပြသည့် ထင်ရှားသော ပြဿနာများကို ဆွေးနွေးအောင် သင်တန်းပို့ချသူများက အထူးအာရုံစိုက် ပေးရပါမည်။ ကလေးများက သူတို့ခံစားချက် ပြင်းထန်သော ပြဿနာများ တင်ပြနိုင်သည်ကို မျှော်လင့်ထားပါ (ဥပမာ၊ ချစ်ခင်ရသူများ ဆုံးရှုံးခြင်း၊ ကျန်ရစ်ခဲ့သော မိသားစုဝင်များအတွက် ပူဆွေးခြင်း၊ သူတို့အိမ်များ မွှေနှောက်ရှာဖွေခံရခြင်းနှင့် ပျက်စီးခြင်း)။
● ဤလေ့ကျင့်ခန်း၏ ဦးတည်ချက်များ အောင်မြင်စေရန် အုပ်စုငယ်များ၊ သင်တန်းပို့ချသူနှင့် ကလေးငယ် အချိုးအစား မြင့်မားမှုနှင့် လုံလောက်သော အချိန်တို့ ရရှိရန် အထူးအရေးကြီးပါသည်။ ထိုအတွက် ဤလေ့ကျင့်ခန်း ပထမပိုင်းမှာလိုပင် ကလေးများကို အကူအညီပေးရန် ကမ်းလှမ်းပါ။
● အလှဆင်ခြင်းအတွက် လုံလောက်သောအချိန် ခွဲဝေပေးရန် အရေးကြီးပါသည်။ အကြောင်းမှာ ဤလှုပ်ရှားမှုသည် ဤအသက်အုပ်စုရှိ ကလေးများအတွက် အထူးသဖြင့် စိတ်ဝင်စားစရာ ကောင်းပြီး မိမိကိုယ်ကို ဖော်ပြရန် ကောင်းမွန်သောနည်းလမ်းတစ်ခု ဖန်တီးပေးသောကြောင့် ဖြစ်ပါသည်။ ထို့ပြင် ပါဝင်သော ပံ့ပိုးမှုများနှင့် ပစ္စည်းကိရိယာများသည် ဒုက္ခသည် ကလေးများအတွက် အလွန် ထူးခြားနိုင်ပါသည်။ သူတို့ထဲမှ အများအပြားတွင် ဤပုံစံ သင်ထောက်ကူ ပစ္စည်းများကို ယခင်က မရရှိဖူးခြင်း သို့မဟုတ် အကန့်အသတ်နှင့်သာ ရရှိခြင်းတို့ ရှိနိုင်ပါသည်။
နိဂုံးချုပ် လေ့ကျင့်ခန်း
ယခုဆိုလျှင် ပိုစတာများ ပြီးသွားပြီဖြစ်သည့်အတွက် မိဘများကို သင်တန်းပို့ချသူများနှင့် လာတွေ့ရန် ဖိတ်ခေါ်ပြီး သူတို့သားသမီးများ၏ ကြိုးစားမှုများကို လာကြည့်ခိုင်းမည် ဖြစ်ကြောင်း ကလေးများအား သတိပေးပါ။ ကလေးများက အဖွဲ့ကို တင်ဆက်ရန် ယဉ်ကျေးမှုဆိုင်ရာ အရာဝတ္ထုတစ်ခုကိုလည်း မိဘများအား ကူညီရွေးချယ်ခိုင်းပါ။ ကလေးများကို သူတို့ဘာသာစကားဖြင့် နှုတ်ဆက်ခွဲခွာခိုင်းပါ။ သူတို့ယဉ်ကျေးမှုတွင် သီးသန့် ခွဲခွာသော အမူအရာ ရှိပါက ထိုသို့ပြသနိုင်ပါသည်။ သို့မဟုတ် သူတို့ပြောဆိုသည့် ဘာသာစကားဖြင့် ဖြစ်စေ၊ အခြားဘာသာစကားဖြင့် ဖြစ်စေ ‘goodbye’ ဆိုသည့် စကားလုံးကို ပြောနိုင်ပါသည် (ဥပမာ၊ အခြားနိုင်ငံ သို့မဟုတ် ယဉ်ကျေးမှုတွင် အသုံးပြုသည့် ခွဲခွာသော အမူအရာကို ကလေးငယ်အား သင်ပေးထားနိုင်ပါသည်)။
ကလေးတိုင်းကို သူတို့ယခု ဘယ်လို ခံစားရကြောင်း စကားလုံး တစ်လုံးဖြင့် ပြောခိုင်းရင်း နိဂုံးချုပ်ပါ။
ပစ္စည်းကိရိယာများ
● ပိုစတာ အလှဆင်သော ပစ္စည်းများ (ဥပမာ၊ မဂ္ဂဇင်း၊ ဆေးရောင်စုံ၊ ဆော့ပင်များ၊ တလက်လက် အမှုန်များ၊ စတစ်ကာများ၊ ကော်၊ ကတ်ကြေး၊ ခဲသား ခဲတံများ၊ ပေတံများ၊ ခဲဖျက်များ၊ ရောင်စုံခဲတံများ၊ ရောင်စုံဘောပင်များနှင့် ချွန်စက်များ)။
သင်တန်းအပြီးတွင် …
သင်တန်းသားများ၏ အမြင်များကို ဂရုစိုက်မှုရှိကြောင်း ပြသပါ။
ခေါင်းစဉ်နှင့်ပါတ်သက်၍
သင့်သင်တန်းသားများ၏ အမြင်များ နှင့် သင်တန်းသည် တန်ဖိုးရှိပြီး အနာဂါတ် သင်တန်းမော်ဒျူး
များကို မည်သို့ပို့ ချရ မလဲဆိုတာကို သတင်းအချက်အလက်ပေးနိုင်သည်။
နှုတ်အားဖြင့်
ဝေဖန်အကြံပြုထားသော တုံ့ပြန်ဖြေကြားချက်များကို စုစည်းခြင်းအားဖြင့် သင်တန်းဆက်ရှင်ကို
အဆုံးသတ်ပါ။
● သင်တန်းချိန်မှာ ယခင်က မသိခဲ့သော
မည်သည့်အရာများကို သင်ယူခဲ့ရပါလဲ။
● ဤခေါင်းစဉ်သည် ကျောင်းသားများနှင့်
အလုပ်လုပ်ရာတွင် ဆရာများအတွက် မည်သို့အသုံးဝင်မည်ဟု ထင်ပါသနည်း။
● သင်တန်းမှ ၎င်းတို့ ယူဆောင်သွားနိုင်သော
အဖိုးတန်ဆုံး မှတ်သားဖွယ်အချက်က ဘာလဲ။
ပိုမို နည်းစနစ်တကျ
စောင့်ကြည့်လေ့လာခြင်း နှင့် သုံးသပ်ခြင်းများလုပ်ဆောင်ရန် သင်တန်းအပြီး စစ်ဆေးခြင်းအဖြေလွှာ
နှင့် သင်တန်း သုံးသပ် ချက်ဖောင်များအပေါ် သင်တန်းသားများ၏ တုံ့ပြန်မှုများကို ကောက်ခံရန်
အသေအချာ လုပ်ဆောင်ပါ။