သင်ယူလေ့လာမှု အကျိုးရလဒ်များ

သင်တန်းပြီးဆုံးချိန်တွင် သင်တန်းသားများသည်

  1. စိတ်ဖိစီးမှုနှင့် စိတ်ဒဏ်ရာ၏ အယူအဆများကို ခွဲခြားနိုင်ရမည်။

  2. စိတ်ဖိစီးမှုနှင့် စိတ်ဒဏ်ရာ၏ ရုပ်ပိုင်းဆိုင်ရာ၊ သိမြင်မှု ဆိုင်ရာ၊ စိတ်ပညာ ဆိုင်ရာနှင့် အပြုအမူဆိုင်ရာ အကျိုးသက်ရောက်မှုများကို ဖော်ပြနိုင်ရမည်။
  3.  
  4. စိတ်ဒဏ်ရာ ပျောက်ကင်းပြီး ပြန်လည်နလန်ထူအောင် ဆောင်ရွက် ပေးရန် ပတ်ဝန်းကျင်၏ အခန်းကဏ္ဍကို စာသင်ခန်းတွင် ဆွေးနွေးနိုင်ရမည်။
  5.  

မှီငြမ်းကိုးကားချက်များ

• မော်ဂျူး ၁၁ လက်ကမ်းစာစောင်
• မော်ဂျူး ၁၁ သင်တန်းအကြို စာမေးပွဲ
• မော်ဂျူး ၁၁ သင်တန်းအပြီး စာမေးပွဲ
• မော်ဂျူး ၁၁ အဖြေများ
• သင်တန်း အကဲဖြတ်ချက်စာရွက်

မော်ဒျူးနိဒါန်း

စိတ်ဒဏ်ရာကဲ့သို့ ဆိုးရွားသော ကလေးဘဝ အတွေ့အကြုံများ ရှိဖူးသည့် ကလေးများနှင့် အလုပ်လုပ်ရာတွင် အားသာချက် အခြေပြုသော ချဉ်းကပ်နည်းကို အသုံးပြုရန် အထူးအရေးကြီးပါသည်။ အားသာချက် အခြေပြုသော ချဉ်းကပ်နည်းများသည် ဤနည်းလမ်းအသုံးပြုသူများအား ကလေး၏ စိန်ခေါ်မှုများနှင့် အားနည်းချက်များကို အာရုံစိုက်ခြင်းမဟုတ်ဘဲ သူတို့၏ တစ်ဦးချင်း အားသာချက်နှင့် အစွမ်းအစများကို အာရုံစိုက်ခွင့် ရစေပါသည်။ ဤနည်းလမ်းကို သုံးခြင်းဖြင့် မိမိကိုယ်ကိုယ် တန်ဖိုးထားမှု၊ မိမိကိုယ်ကိုယ် ယုံကြည်မှုနှင့် ခံနိုင်ရည်ရှိမှုတို့ တည်ဆောက်ပေးနိုင်ပါသည်။ ယင်းတို့မှာ ဒဏ်ရာ ပျောက်ကင်းရေးဖြစ်စဉ်၌ အရေးကြီးသည့်အချက်များ ဖြစ်ပါသည် [1, 2]


ဤနည်းလမ်းသည် ကျင့်သုံးသူနှင့် ကလေးငယ်အကြား ပူးပေါင်းဆောင်ရွက်ပြီး အားဖြည့်ပေးသော ဆက်ဆံရေးကို ရရှိစေပါသည်။ ထိုအခါ ကလေးငယ်သည် သူ၏ဒဏ်ရာပျောက်ကင်းရေးတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်ခွင့် ရလာပါသည်။ ထို့ပြင် ဤနည်းလမ်းသည် ကလေးငယ်၏ အတွေ့အကြုံများကို ပုံဖော်ရာ၌ ယဉ်ကျေးမှုနှင့် လူမှုရေး အဆက်အစပ်များက အရေးကြီးပုံကို အသိအမှတ် ပြုထားပါသည်။ ထို့ကြောင့် ဤနည်းလမ်းကျင့်သုံးသူများက ကလေးငယ်နှင့် သူ့မိသားစုတို့နှင့်အတူ ပူးပေါင်းဆောင်ရွက်ကာ သူတို့နှင့်သာ သက်ဆိုင်သည့် ယဉ်ကျေးမှုနှင့် လူမှုရေး အဆက်အစပ်အတိုင်း အားသာချက်များနှင့် ပိုင်ဆိုင်မှုများကို အသုံးချနိုင်ပါသည် [3, 4]


ဤသို့ စိတ်ဒဏ်ရာအပေါ် အားသာချက် အခြေပြုသော ချဉ်းကပ်နည်းများသည် လူမှု-စိတ်ခံစားချက်ဆိုင်ရာ သင်ယူခြင်း (SEL) ရည်မှန်းချက်များ အောင်မြင်အောင် စိတ်ဒဏ်ရာကို အသိအမှတ်ပြုသော ချဉ်းကပ်မှုဖြင့် အကောင်အထည်ဖော်ခြင်း ဖြစ်ပါသည်။ စိတ်ခံစားချက် ထိန်းချုပ်မှု၊ မိမိကိုယ်ကိုယ် သိရှိမှု၊ လူမှုရေးစွမ်းရည်များ၊ တာဝန်ယူမှုရှိသော ဆုံးဖြတ်ချက် ချမှတ်မှုတို့နှင့် သက်ဆိုင်သည် ကျွမ်းကျင်မှုများ တည်ဆောက်ပေးခြင်းဖြင့် SEL သည် ကလေးငယ်များအား ဆိုးရွားသော ကလေးဘဝ အတွေ့အကြုံများကြောင့် သတ်မှတ်ခံလိုက်ရမည့်အစား ယင်းတို့ကိုကျော်လွှားကာ ဖွံ့ဖြိုးရန် လိုအပ်သည့် နည်းလမ်းများဖြင့် ဖြည့်ဆည်းပေးလိုက်ပါသည်။ စိတ်ဒဏ်ရာကို အသိအမှတ်ပြုသော SEL အစီအစဉ်သည် ကလေးငယ်အား အလုံးစုံပြုစုပျိုးထောင်ပေးသည့် စိတ်ချရသော၊ ပံ့ပိုးသော၊ လွှမ်းခြုံပါဝင်သော ပတ်ဝန်းကျင်တစ်ခုကိုလည်း ဖန်တီးပေးလိုက်ပါသည် [5, 6]


အားသာချက် အခြေပြုသော ချဉ်းကပ်နည်းဖြင့် SEL သင်ကြားခြင်းသည် ဆရာ/ဆရာမများက ကလေးငယ်များအား စိတ်ဒဏ်ရာ၏ အပျက်သဘော သက်ရောက်မှုများ ကျော်လွှားရန်၊ ခံနိုင်ရည် ရှိလာရန်နှင့် ပညာရေးရော၊ ကိုယ်ရေးကိုယ်တာ အရပါ အောင်မြင်မှု ရရှိလာစေရန် ကူညီပေးနိုင်ပါသည်။ “စိတ်ဒဏ်ရာရသော” သို့မဟုတ် “ပျက်ယွင်းနေသော” ဆိုသည့်နာမည် မတပ်ဘဲ ကလေးငယ် ပိုင်ဆိုင်သည့် တစ်ဦးချင်း အားသာချက်နှင့် အစွမ်းအစများကို အသိအမှတ်ပြုသည့် စကားရပ်သို့ ပြောင်းလဲပြောဆိုရန် အရေးကြီးပါသည်။ ဤချဉ်းကပ်မှုသည် ပိုင်ဆိုင်မှု၊ ကြီးကြပ်မှုနှင့် ကိုယ်စားပြုမှု အသိကို ပိုမိုရရှိစေကာ ရေရှည်တွင် ပိုကောင်းသော ရလဒ်များ ထွက်ပေါ်လာစေနိုင်ပါသည် [7]



ကိုးကားချက်များ

1. Lamphere B. Challenging Deficit Discourses: Human Services and Trauma-Informed Practice. WWU Honors College Senior Projects. 2021;475. Available from:
https://cedar.wwu.edu/wwu_honors/475

2. Khasnabis D, Goldin S. Don’t be fooled, trauma is a systemic problem: trauma as a case of weaponized educational innovation. Occasional Paper Series. 2020;(43).

3. Ungar, M. The social ecology of resilience: Addressing contextual and cultural ambiguity of a nascent construct. Am J Orthopsychiatry. 2011;81(1):1-17.

4. Dray J, Bowman J, Wolfenden L, Campbell E, Freund M, Hodder RK, et al. Systematic review of universal resilience-focused interventions targeting child and adolescent mental health in the school setting. Journal of the American Academy of Child & Adolescent Psychiatry. 2015 Oct 1;54(10):833-41.

5. Durlak, J. A., Weissberg, R. P., Dymnicki, A. B., Taylor, R. D., & Schellinger, K. B. (2011). The impact of enhancing students' social and emotional learning: A meta-analysis of school-based universal interventions. Child development, 82(1), 405-432.

6. Greenberg, M. T., Weissberg, R. P., O'Brien, M. U., Zins, J. E., Fredericks, L., Resnik, H., & Elias, M. J. (2003). Enhancing school-based prevention and youth development through coordinated social, emotional, and academic learning. American psychologist, 58(6-7), 466-474.

7. Oliver C, Charles G. Which strengths-based practice? Reconciling strengths-based practice and mandated authority in child protection work. Soc Work. 2015 Apr;60(2):135-43. doi: 10.1093/sw/swu058.



အဓိကအယူအဆသဘောထားအမြင်များ

KEYCONCEPTICON - Trauma-informed SEL
စိတ်ဒဏ်ရာကို အသိအမှတ်ပြုသော SEL
SEL တွင် စိတ်ဒဏ်ရာကို အသိအမှတ်ပြုသော ချဉ်းကပ်မှုထဲတွင် လူတစ်ယောက်၏ လူမှု-စိတ်ခံစားချက် ဖွံ့ဖြိုးရေးကို ဖော်ထုတ်ပေးခြင်း ပါဝင်ကာ စိတ်ဒဏ်ရာ ကြုံတွေ့ဖူးသူများ၏ လိုအပ်ချက်များကို အထူးသဖြင့် ပံ့ပိုးတုံ့ပြန်ပေးပါသည်။

KEYCONCEPTICON Stress
စိတ်ဖိစီးမှု
ခက်ခဲသော အခြေအနေ သို့မဟုတ် အတွေ့အကြုံကြောင့် ဖြစ်ပေါ်လာသည့် စိုးရိမ်မှု သို့မဟုတ် စိတ်တင်းကျပ်မှု အခြေအနေ။ စိတ်ဖိစီးမှု အကြောင်းရင်းများမှာ အပြင်ပိုင်း သို့မဟုတ် အတွင်းပိုင်းမှ ဖြစ်နိုင်ပါသည်။


KEYCONCEPTICON Trauma
စိတ်ဒဏ်ရာ
ဆိုးဆိုးရွားရွား စိတ်ပျက်စရာ ဖြစ်ရပ်များ သို့မဟုတ် စိတ်အနှောင့်အယှက်ပေးသော အတွေ့အကြုံများမှ ပေါ်ထွက်လာသည့် တုံ့ပြန်မှု တစ်ခုဖြစ်ပြီး အလွန်အမင်း ကြောက်ရွံ့မှု၊ ကူရာကယ်ရာမဲ့မှု သို့မဟုတ် ထိတ်လန့်မှုတို့ ဖြစ်စေနိုင်ပါသည်။


၁၁.၁ 
စိတ်ဖိစီးမှုနှင့် စိတ်ဒဏ်ရာကို နားလည်သဘောပေါက်ခြင်း

ဤမော်ဂျူးတွင် စိတ်ဖိစီးမှုနှင့် စိတ်ဒဏ်ရာ၏ အယူအဆများ၊ တစ်ဦးချင်းအပေါ်တွင် ယင်းတို့၏ အကျိုးသက်ရောက်မှုများ၊ ဤအယူအဆ နှစ်ခုစလုံးသည် တစ်ခုနှင့်တစ်ခု ကွဲပြားပုံများကို အရင်ဆုံး လေ့လာပါမည်။ ဤအယူအဆ နှစ်ခုစလုံးနှင့် လူတို့အပေါ်၌ ၎င်းတို့၏ ဖြစ်နိုင်သော သက်ရောက်မှုများကို ယခုဗီဒီယို အဆုံးတွင် ပိုမိုနားလည်လာလိမ့်မည်ဟု မျှော်လင့်ပါသည်။

စိတ်ဖိစီးမှုနှင့် စိတ်ဒဏ်ရာ ကွဲပြားခြားနားချက်

စိတ်ဖိစီးမှုနှင့် စိတ်ဒဏ်ရာ၏ အယူအဆများကို လေ့လာပြီးနောက် စိတ်ဖိစီးမှုနှင့် စိတ်ဒဏ်ရာတို့၏ အဓိက ခြားနားချက်များကို သင်သိရှိသဘောပေါက်ကာ ရှင်းပြတတ်ပြီလား။ အောက်ပါ မှားမှန်ရောထွေး အမှန်ရွေးသော မေးခွန်းတွင် စိတ်ဖိစီးမှုနှင့် စိတ်ဒဏ်ရာတို့၏ ခြားနားချက်နှင့်ဆိုင်သည့် မှန်ကန်သော ဖော်ပြချက်များအား ထင်ဟပ်သည့် အဖြေကို ရွေးပေးပါ။ အဖြေမှန်သည် တစ်ခုထက် ပိုနေပါသည်။ ရွေးစရာတစ်ခုသည် ဘာကြောင့် တိကျမှု၊ မတိကျမှု ရှိသည်ကို ပြန်သုံးသပ်ရန် သင့်အား တိုက်တွန်းလိုပါသည်။


စိတ်ဖိစီးမှုနှင့် စိတ်ဒဏ်ရာ၏ ခြားနားချက်နှင့်ဆိုင်သော အတိအကျ ဖော်ပြချက်များကို မှန်ကန်အောင် ဖော်ထုတ်နိုင်ပါသလား။ စိတ်ဖိစီးမှုနှင့် စိတ်ဒဏ်ရာသည် တစ်ခါတစ်ရံ တစ်ခုနှင့်တစ်ခု ရှုပ်ထွေးနိုင်ပါသည်။ သို့သော် စိတ်ဖိစီးမှုနှင့် စိတ်ဒဏ်ရာသည် အကြောင်းတရား၊ အကျိုးတရား မတူညီသည့် သီးခြားအယူအဆ နှစ်မျိုးသာ ဖြစ်သည်ကို အမှတ်ရပါ။ ထို့ပြင် ဤကွာခြားချက်များကို နားလည်ခြင်းသည် လူတို့ကို သင့်တော်သော ပံ့ပိုးမှုနှင့် ရင်းမြစ်များဖြင့် ဆက်သွယ်ပြောဆိုရာတွင် အထူးအရေးကြီးပါသည်။


၁၁.၂ ကလေးများနှင့် သက်ဆိုင်သော စိတ်ဒဏ်ရာ

ယခုလာမည့်ဗီဒီယိုတွင် ကလေးများနှင့် ပတ်သက်သည့် စိတ်ဒဏ်ရာအကြောင်းကို လေ့လာသွားပါမည်။ စိတ်ဒဏ်ရာသည် ကလေးငယ်များ၏ ဦးနှောက်၊ အပြုအမူ၊ စိတ်ခံစားချက်နှင့် အထွေထွေ ဖွံ့ဖြိုးမှုတို့အပေါ် အကျိုးသက်ရောက်နိုင်ပုံအကြောင်းကို လေ့လာသွားပါမည်။ ထို့ပြင် စိတ်ဒဏ်ရာကို အသိအမှတ် ပြုသော SEL အလေ့အကျင့်များသည် စိတ်ဒဏ်ရာ ကြုံတွေ့ခဲ့ဖူးသော ကလေးများအား ပံ့ပိုးရာတွင် အရေးပါပုံကိုလည်း ဆွေးနွေးပါမည်။ ကလေးငယ်များတွင် စိတ်ဒဏ်ရာ၏ သက်ရောက်မှုများကို နားလည်သဘောပေါက်ကာ သူတို့၏ လိုအပ်ချက်များကို ထည့်စဉ်းစားပေးသည့် သင့်တော်သော SEL အလေ့အကျင့် များကို အကောင်အထည် ဖော်ခြင်းဖြင့် ဆရာ/ဆရာမများက သူတို့၏ စိတ်ကျန်းမာရေးနှင့် ဒဏ်ရာပျောက်ကင်းရေးကို ပိုမိုကောင်းမွန်စွာ ပံ့ပိုးပေးနိုင်ပါသည်။


စိတ်ဒဏ်ရာကို အသိအမှတ်ပြုသော SEL အပေါ် သင်မည်သို့ထင်သနည်း။

စိတ်ဒဏ်ရာကို အသိအမှတ်ပြုသော SEL နှင့်ပတ်သက်၍ သင်ဘယ်လို ထင်ပါသနည်း။ အောက်ပါ ‘အဖြေခန့်မှန်းခြင်း’ အစီအစဉ်တွင် စိတ်ဒဏ်ရာကို အသိအမှတ်ပြုသော ချဉ်းကပ်မှုဖြင့် SEL သင်ကြားခြင်းသည် ပို၍ယေဘုယျကျသော ချဉ်းကပ်မှုနှင့် မည်သို့ကွာခြားသည်ကို သင့်အားမှန်းဆခိုင်းထားပါသည်။ မှန်အောင်ဖြေနိုင်ပါ့မလား။ မှန်၊ မမှန်သိရအောင် အဖြေကို ကလစ်နှိပ်၍ ကြည့်လိုက်ပါ။


၁၁.၃ ဆရာ/ဆရာမများအတွက် မိမိကိုယ်ကိုယ် စောင့်ရှောက်ခြင်း 

စိတ်ဒဏ်ရာအကြောင်း၊ စိတ်ဒဏ်ရာသည် ကလေးများကို သက်ရောက်မှုရှိပုံနှင့် စိတ်ဒဏ်ရာကို အသိအမှတ်ပြုသော SEL ၏ အရေးပါမှုတို့ကို လေ့လာပြီးနောက် ဆရာ/ဆရာမများက စိတ်ဒဏ်ရာရခဲ့သော ကလေးများကို သင်ကြားပေးနေစဉ် မိမိတို့၏ စိတ်ကျန်းမာရေးအပေါ် မည်သို့ဂရုစိုက် စောင့်ရှာက်ရမည်ကို ယခုလေ့လာသွားပါမည်။ စိတ်ဒဏ်ရာရခဲ့ဖူးသော ကလေးများနှင့် လုပ်ကိုင်ဆောင်ရွက်ခြင်းသည် ခက်ခဲသောအလုပ် တစ်ခုဖြစ်ကြောင်း ကျွန်ုပ်တို့ အသိအမှတ်ပြုပါသည်။ ဤအချက်က မိမိကိုယ်ကို စောင့်ရှောက်မှု ပြုလုပ်ရန် နည်းလမ်းများ ရှာဖွေချင်စိတ် ဖြစ်လာအောင် သင့်အား လှုံ့ဆော်ပေးနိုင်မည်ဟု မျှော်လင့်ပါသည်။


၁၁.၄ အတူတကွ သင်ယူခြင်း- လူမှု အပြုအမူများ

ယခုမော်ဂျူးကို နိဂုံးချုပ်ရင်း သင်တန်းသားများသည် ပူးပေါင်းဆောင်ရွက်ပြီး လမ်းညွှန်မှု ပါဝင်သော အဖွဲ့လိုက်ဆွေးနွေးပွဲတွင် ပါဝင်ခွင့် ရရှိပါမည်။ ဤဆွေးနွေးပွဲ၏ အဓိကအာရုံစိုက်မှုမှာ ကလေးများအား စိတ်ဒဏ်ရာ ကြုံတွေ့ခဲ့ရာမှ ဒဏ်ရာပျောက်ကင်းအောင် ကူညီရာတွင် ကျောင်းပတ်ဝန်းကျင်၏ အခန်းကဏ္ဍကို လေ့လာသွားရန် ဖြစ်ပါသည်။ ဦးဆောင်သူတစ်ယောက်အနေနှင့် သင့်အခန်းကဏ္ဍမှာ သင့်သင်တန်းသားများကို စိတ်ဒဏ်ရာကို အသိအမှတ်ပြုသော SEL ချဉ်းကပ်မှုမှတစ်ဆင့် ကလေးများကို ပံ့ပိုးရန် မည်သည့် မဟာဗျူဟာများ၊ ချဉ်းကပ်မှုများကို လက်ခံကျင့်သုံးမလဲ ဆိုသည်ကို ဆရာ/ဆရာမများနှင့် ကျောင်းအုပ်ချုပ်သူများ ရှုထောင့်မှနေ၍ ဆွေးနွေးအောင် လမ်းညွှန်ပေးရန် ဖြစ်ပါသည်။


အဖွဲ့လိုက်ဆွေးနွေးခြင်း- ကျွန်ုပ်တို့၏ကျောင်းတွင် SEL ကို လေ့လာခြင်း

သင့်သင်တန်းသားများကို အုပ်စုတစ်စုအဖြစ် သက်သောင့်သက်သာရှိစွာ ထိုင်ခိုင်းထားပါ။ အောက်ပါမေးခွန်းများကို အခြေခံ၍ အဖွဲ့လိုက် ဆွေးနွေးပွဲ ဦးဆောင်ကျင်းပပေးရန် အချိန်ရောက်လာပါပြီ။ ဤဆွေးနွေးပွဲ၏ ရည်ရွယ်ချက်မှာ စိတ်ဒဏ်ရာရခဲ့ဖူးသော ကလေးများကို ပံ့ပိုးရာတွင် ကျောင်းပတ်ဝန်းကျင်၏ အခန်းကဏ္ဍကို ပြန်လည်သုံးသပ်ရန်နှင့် ဆရာ/ဆရာမများနှင့် ကျောင်းအုပ်ချုပ်သူများက စိတ်ဒဏ်ရာကို အသိအမှတ်ပြုသော SEL အကောင်အထည်ဖော် သင်ကြားရန် မဟာဗျူဟာများကို စုဖွဲ့စဉ်းစားရန် ဖြစ်ကြောင်း အမှတ်ရပါ။

၁။ ကျောင်းတွင် မည်သို့သော ပတ်ဝန်းကျင် ရှိသင့်ပါသနည်း။

၂။ မည်သို့သော အကျိုးသက်ရောက်မှုကို ကျွန်ုပ်တို့ ပစ်မှတ်ထား ကြိုးစားလုပ်ဆောင်နေပါသနည်း။

၃။ ၎င်းပစ်မှတ်ကို အောင်မြင်ဖြစ်မြောက်အောင် မည်သူ့ကို ချဉ်းကပ်သင့်ပါသနည်း။

၄။ ကျွန်ုပ်တို့၏ မဟာဗျူဟာကို မည်သို့ပြုလုပ်သင့်သနည်း။

၅။ ဤမဟာဗျူဟာတွင် မည်သူတွေ ပါဝင်သနည်း။

၆။ ဤမဟာဗျူဟာကို ဘယ်လို အကောင်အထည် ဖော်သင့်ပါသနည်း။
၇။ ၎င်းသည် လက်တွေ့ကျပါသလား။ လာမည့် ၁၂ လအတွင်း လုပ်ဆောင်နိုင်ပါသလား။

အဖွဲ့လိုက် ပြန်လည်အစီရင်ခံခြင်း

သင့်သင်တန်းသားများကို ပြန်လည်အစီရင်ခံတင်ပြခြင်းဖြင့် ဆွေးနွေးပွဲမှ သူတို့၏ အသိအမြင်နှင့် သင်ယူမှုများကို အခြားသူများနှင့် မျှဝေခွင့် ရရှိစေပါမည်။ ပြန်လည်အစီရင်ခံခြင်းသည် ဦးဆောင်သူဖြစ်သော သင့်အတွက်လည်း အယူအဆအမှား တစ်ခုခုရှိလျှင် ပြန်လည်ရှင်းလင်းခြင်း၊ အတွေ့များသော ပုံစံများ သို့မဟုတ် စိန်ခေါ်မှုများကို ဖြေရှင်းခြင်းနှင့် ဤလှုပ်ရှားမှုမှ အဓိကမှတ်သားရမည့် အချက်များကို ထပ်မံပြောကြားခြင်းတို့ ပြုလုပ်ခွင့် ရရှိစေပါသည်။ ဆွေးနွေးပွဲ ပြီးသွားသောအခါ ပြန်လည်အစီရင်ခံရန် အချိန်ခဏမျှ ယူမည်ကို ရှင်းပြပါ။ သင်တန်းသားများကို သူတို့၏ အတွေးများ၊ စိတ်ကူးများ၊ ပြန်သုံးသပ်ချက်များကို သင်နှင့်မျှဝေဖို့ တိုက်တွန်းအားပေးပါ။ ဤပြန်လည်အစီရင်ခံခြင်းကို ဦးဆောင်ကျင်းပရန် အောက်ပါ သဲလွန်စမေးခွန်းများကို အသုံးပြုနိုင်ပါသည်-

၁။ ဆွေးနွေးပွဲမှ အထူးသဖြင့် အသုံးဝင်မည်ဟု သင်တွေ့ထားသည့် အဓိက မှတ်သားရမည့် အချက်တစ်ချက်က ဘာလဲ။

၂။ သင်၏ ပညာရေး ပတ်ဝန်းကျင်၌ စိတ်ဒဏ်ရာကို အသိအမှတ်ပြုသော SEL ကို အကောင်အထည် ဖော်ရာတွင် မည်သည့် အတားအဆီးများကို ကြိုမြင်မိပါသလဲ။ 
၃။ သင့်ကျောင်းတွင် လွှမ်းခြုံပါဝင်သော SEL ကို အောင်မြင်စွာ အကောင်အထည် ဖော်ရာတွင် လိုအပ်မည့် သင်တန်းအရင်းအမြစ်များက ဘာတွေဖြစ်မည်ဟု ထင်ပါသလဲ။

သင်တန်းအပြီးတွင် …

သင်တန်းသားများ၏ အမြင်များကို ဂရုစိုက်မှုရှိကြောင်း ပြသပါ။

ခေါင်းစဉ်နှင့်ပါတ်သက်၍ သင့်သင်တန်းသားများ၏ အမြင်များ နှင့် သင်တန်းသည် တန်ဖိုးရှိပြီး အနာဂါတ် သင်တန်းမော်ဒျူး များကို မည်သို့ပို့ ချရ မလဲဆိုတာကို သတင်းအချက်အလက်ပေးနိုင်သည်။

နှုတ်အားဖြင့် ဝေဖန်အကြံပြုထားသော တုံ့ပြန်ဖြေကြားချက်များကို စုစည်းခြင်းအားဖြင့် သင်တန်းဆက်ရှင်ကို အဆုံးသတ်ပါ။

 ● သင်တန်းချိန်မှာ ယခင်က မသိခဲ့သော မည်သည့်အရာများကို သင်ယူခဲ့ရပါလဲ။ 
 ● ဤခေါင်းစဉ်သည် ကျောင်းသားများနှင့် အလုပ်လုပ်ရာတွင် ဆရာများအတွက် မည်သို့အသုံးဝင်မည်ဟု ထင်ပါသနည်း။
 ● သင်တန်းမှ ၎င်းတို့ ယူဆောင်သွားနိုင်သော အဖိုးတန်ဆုံး မှတ်သားဖွယ်အချက်က ဘာလဲ။

ပိုမို နည်းစနစ်တကျ စောင့်ကြည့်လေ့လာခြင်း နှင့် သုံးသပ်ခြင်းများလုပ်ဆောင်ရန် သင်တန်းအပြီး စစ်ဆေးခြင်းအဖြေလွှာ နှင့် သင်တန်း သုံးသပ် ချက်ဖောင်များအပေါ် သင်တန်းသားများ၏ တုံ့ပြန်မှုများကို ကောက်ခံရန် အသေအချာ လုပ်ဆောင်ပါ။

ယခင်မော်ဒျူး