သင်ယူလေ့လာမှု အကျိုးရလဒ်များ

သင်တန်းပြီးဆုံးပါက တက်ရောက်သင်ယူသူများသည်
  1. အနိုင်ကျင့်ခြင်းကို အဓိပါယ်ဖွင့်နိုင်ပြီး အနိုင်ကျင့်ခြင်း၏ အဓိကအင်္ဂါရပ်သုံးခုကို ရှင်းပြနိုင်ရမည်။

  2. အနိုင်ကျင့်မှုပုံစံလေးမျိုးကို အမည်သတ်မှတ်နိုင်ပြီး အဓိပါယ်ဖွင့်ဆိုနိုင်ရမည်။
  3.  
  4. အနိုင်ကျင့်ခြင်းကြောင့် ဖြစ်လာနိုင်သည့် နောက်ဆက်တွဲ ဆိုးကျိုးများကို ရှင်းပြနိုင်ရမည်။
  5.  
  6. အနိုင်ကျင့်ခြင်းဖြစ်စဥ်များကို ကြားဝင်ဖျန်ဖြေခြင်းနှင့် တုံ့ပြန်ခြင်းဆိုင်ရာ ကျွမ်းကျင်မှုများကို သရုပ်ပြနိုင်ရမည်။

မှီငြမ်းကိုးကားချက်များ

• မော်ဒျူး ၁၀၊ လက်ကမ်းစာစောင်
• မော်ဒျူး ၁၀၊ အကြိုစစ်ဆေးခြင်း
• မော်ဒျူး ၁၀၊ သင်တန်းအပြီး-စစ်ဆေးခြင်း
• မော်ဒျူး ၁၀၊ အဖြေ
• သင်တန်းအကဲဖြတ်ဖောင်

မော်ဒျူးနိဒါန်း

အနိုင်ကျင့်ခြင်းသည် ကလေးငယ်များနှင့်  လူငယ်များ၊ အနိုင်ကျင့်ရန် ပစ်မှတ်ထားခံရသည့် ကလေးငယ်များ၊ အနိုင်ကျင့်ခြင်းတွင် ပါဝင်သည့် ကလေးငယ်များ သာမက (အနိုင်ကျင့်ခြင်း)ကို ဘေးမှမြင်၊ ကြားသူများ၏ ကျန်းမာသုခနှင့် ဖွံ့ဖြိုးတိုးတက်မှုအပေါ် ဆိုးရွားစွာ သက်ရောက် မှုရှိနိုင်သည့် ပြင်းထန်သော ပြဿနာတစ်ခုဖြစ်ပါသည်။ ၎င်းသည် အထီးကျန်ခြင်း ခံစားချက်၊ မိမိကိုယ်ကို တန်ဖိုးထားလေးစားမှု နည်းပါးခြင်း နှင့် စိတ်ဓာတ်ကျခြင်းတို့ကိုပင် ဖြစ်စေနိုင်သည် [၁ - ၃]။ ဤပြဿနာကို တိုက်ဖျက်ရန်အတွက် စာသင်ကျောင်းများသည် အနိုင်ကျင့်ခြင်းကို တားဆီးနိုင်မည့် အပြုသဘောဆောင်သော နည်းလမ်းကို အသုံးပြုရမည်ဖြစ်သည်။


အနိုင်ကျင့်ခြင်းကို တားဆီးခြင်းသည် ကောင်းမွန်သောဆက်ဆံရေးနှင့် လေးစားဖွယ်အပြုအမူကို မြှင့်တင်ပေးသည့် ဘေးကင်းလုံခြုံပြီး ခွဲခြားဆက်ဆံမှုမရှိသော စာသင်ကျောင်းအသိုင်းအဝန်းတစ်ခုကို ဖန်တီးခြင်းလုပ်ငန်းစဉ်တစ်ခုဖြစ်သည်။ အနိုင်ကျင့်ခြင်းကို တားဆီးရာတွင် ကျောင်းသားများ၊ ဆရာများ၊ ကျောင်းစီမံခန့်ခွဲသူများနှင့် မိဘများအပါအဝင် စားသင်ကျောင်းအသိုင်းအဝိုင်းတစ်ခုလုံး ပါဝင်ရမည့် ဘက်စုံသုံးချဉ်းကပ်မှု လိုအပ်ပါသည်။ ၎င်းသည် အနိုင်ကျင့်ခြင်း ဖြစ်ပေါ်လာသောအခါတွင် အနိုင်ကျင့်ခြင်းကို ဟန့်တားခြင်းသာမက၊ အနိုင်ကျင့်ခြင်းများမဖြစ်ပေါ်မီ ကြိုတင်ကာကွယ်ပေးနိုင်သည့် ရိုသေမှု၊ ကြင်နာမှုနှင့် ခွဲခြားဆက်ဆံမှုမရှိသည့် ယဉ်ကျေးမှု ထုံးတမ်းဓလေ့ကို

လည်း ဖန်တီးပေးပါသည်[၄]။ အနိုင်ကျင့်ခြင်းကို တားဆီးခြင်းတွင် အနာဂတ်၌ အနိုင်ကျင့်မှု မဖြစ်ပွားစေရန် ကြိုးပမ်းမှုများလည်း ပါဝင် သည်။ ၎င်းတွင် အနိုင်ကျင့်ခံရသည့် သို့မဟုတ် အနိုင်ကျင့်သည့် ကလေးများအား ပံ့ပိုးကူညီခြင်း၊ အနိုင်ကျင့်ခြင်းကို ဖြစ်စေသည့် အရင်းခံ ပြဿနာများကို ဖြေရှင်းပေးခြင်းနှင့် အနိုင်ကျင့်သူ၏ အပြုအမူကို ပြောင်းလဲရန် လုပ်ဆောင်ခြင်းတို့ ပါဝင်နိုင်ပါသည် [၅၊ ] ။ ထို့ပြင်၊ ၎င်းသည် အနိုင်ကျင့်ခြင်းကို ဘေးမှမြင်၊ကြားသူများအား သူတို့မျက်မြင်တွေ့ရှိသည့် အနိုင်ကျင့်ခြင်းကို နှုတ်ဆိတ်နေခြင်း (သို့) ဆန့်ကျင် ဖော်ထုတ်ခြင်းကြောင့် ရရှိလာနိုင်ချေရှိသော အကျိုးဆက်များကို ကြောက်ရွံ့ခြင်းမရှိဘဲ၊ အနိုင်ကျင့်ခြင်းကိုဆန့်ကျင်ဖော်ထုတ်ရန် လှုံ့ဆော် ပေးသည့် အရေးကြီးသည့်အရာလည်းဖြစ်ပါသည် [၇၊၈]


ဤရည်မှန်းချက်ပန်းတိုင်များ ရရှိနိုင်ရန်အတွက် အပြုသဘောဆောင်သောတန်ဖိုးများကိုမြှင့်တင်ပေးရန်၊ ကူညီပံ့ပိုးပေးနိုင်သောစာသင် ကျောင်းပတ်ဝန်းကျင်ကို ပျိုးထောင်ပေးရန်နှင့် အနိုင်ကျင့်ခြင်းအပြုအမူများကို ခွဲခြားသတ်မှတ်ပြီး ၎င်းကိုတုံ့ပြန်ရန် လိုအပ်သည့် အရည်အချင်းများနှင့် အသိပညာများပံပိုးပေးနိုင်သည့် စာသင်ကျောင်းတစ်ကျောင်းလုံး စနစ်ကျသောပြောင်းလဲမှုတစ်ခု လိုအပ်ပါသည် [] ဆရာ/မများသည် အနိုင်ကျင့်ခြင်းကို တားဆီးရာတွင် အနိုင်ကျင့်ခြင်း ဖြစ်ပေါ်လာသည့်အခါ ကိုင်တွယ်ဖြေရှင်းပေးရုံသာမက အပြုသဘောဆောင်သောဆက်ဆံရေးကိုထောက်ခံအားပေးကာ ကြင်နာမှု၊ လေးစားမှုနှင့် ဂုဏ်သိက္ခာတန်ဖိုးများကို အားကောင်းစေသည့် ပတ်ဝန်းကျင်ကို ဖန်တီးပေးရာတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်ပါသည် [၁၀]



ကိုးကားချက်များ

1. Camodeca M, Nava E. The long-term effects of bullying, victimization, and bystander behavior on emotion regulation and its physiological correlates. J Interpers Violence [Internet]. 2022 [cited 2023 Mar 22];37(3-4):2056-75. Available from:
https://journals.sagepub.com/doi/abs/10.1177/0886260520934438?journalCode=jiva |
DOI: 10.1177/0886260520934438

2. Moore SE, Norman RE, Suetani S, Thomas HJ, Sly PD, Scott JG. Consequences of bullying victimization in childhood and adolescence: A systematic review and meta-analysis. World J Psychiatry [Internet]. 2017 Mar [cited 2023 Mar 22];7(1):60-76. Available from:
https://www.ncbi.nlm.nih.gov/pmc/articles/PMC5371173/
DOI: 10.5498/wjp.v7.i1.60

3. Smokowski PR, Evans CBR. Consequences of bullying in childhood, adolescence, and adulthood: An ecological perspective. In: Smokowski PR, Evans CBR, editors. Bullying and victimization across the lifespan: Playground politics and power [Internet]. Cham: Springer Nature Switzerland AG; 2019 Jun [cited 2023 Mar 22]. p. 59-86. Available from: https://link.springer.com/chapter/10.1007/978-3-030-20293-4_3
DOI: 10.1007/978-3-030-20293-4

4. Gaffney H, Farrington DP, Ttofi MM. Examining the effectiveness of school-bullying intervention programs globally: A meta-analysis [Internet]. Int Journal of Bullying Prev. 2019 Mar [cited 2023 Mar 22];1:14–31. Available from: https://link.springer.com/article/10.1007/s42380-019-0007-4#citeas DOI: 10.1007/s42380-019-0007-4

5. StopBullying.gov. Support the kids involved [Internet]. Washington (DC): StopBullying.gov, U.S. Department of Health and Human Services; 2017 Sep [updated 2023; cited 2023 Mar 22]. Available from:
https://www.stopbullying.gov/prevention/support-kids-involved

6. Craig W, Pepler D, Blais J. Responding to bullying: What works? Sch Psychol Int [Internet]. 2007 Oct [cited 2023 Mar 22];28(4):465-77. Available from: https://journals.sagepub.com/doi/abs/10.1177/0143034307084136?journalCode=spia
DOI: 10.1177/0143034307084136

7. Padgett S, Notar CE. Bystanders are the key to stopping bullying. Ujer [Internet]. 2013 Aug [cited 2023 Mar 22];1(2):33–41. Available from: https://eric.ed.gov/?id=EJ1053992
DOI: 10.13189/ujer.2013.010201

8. Saarento S, Salmivalli C. The role of classroom peer ecology and bystanders’ responses in bullying. Child Dev Perspect [Internet]. 2015 Dec [cited 2023 Mar 22];9(4):201–5. Available from:
https://srcd.onlinelibrary.wiley.com/doi/abs/10.1111/cdep.12140
DOI; 10.1111/cdep.12140

9. Rossen E, Cowan KC. A framework for school-wide bullying prevention and safety. Maryland (MD): National Association of School Psychologists; 2012. 8 p. ERIC No.:ED612472 Available from:
https://eric.ed.gov/?q=%22bullying+and+prevention%22&id=ED612472

10.Milosevic T, Collier A, Norman JO. Leveraging dignity theory to understand bullying, cyberbullying, and children’s rights. Int Journal of Bullying Prev [Internet]. 2022 Apr [cited 2023 Mar 22]. Available from:
https://link.springer.com/article/10.1007/s42380-022-00120-2#citeas
DOI: 10.1007/s42380-022-00120-2



အဓိက အယူအဆ သဘောထားအမြင်များ

KEYCONCEPTICON - Bullying
အနိုင်ကျင့်ခြင်း
မညီမျှသော အခွင့်အာဏာသက်ရောက်မှုကြောင့် ပစ်မှတ်ထားခံရသူသည် အနိုင်ကျင့်သူမှကျူးလွန်လာသည့် မလိုလားအပ်သော မည်သည့်အကြမ်းဖက်အပြုအမှုမျိုးကိုမဆို သည်းညည်းခံရခြင်း။ အနိုင်ကျင့်သူသည် ပစ်မှတ်ထားခံရသူအား ထပ်ခါတလဲလဲ ရည်ရွယ်ချက်ရှိသော အန္တရာယ်ပေးခြင်းများကျူး လွန်သည်။

KEYCONCEPTICON - Physical bullying
ရုပ်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခြင်
ရုပ်ပိုင်းဆိုင်ရာနှင့် ခန္ဓာကိုယ်လှုပ်ရှားမှုများကို အသုံးပြု၍ ပစ်မှတ်ထားခံရသူအား ရုပ်ပိုင်းဆိုင်ရာအန္တရာယ်ပြုခြင်း (သို့) မသက်မသာဖြစ်စေခြင်း။




KEYCONCEPTICON - Verbal bullying
နှုတ်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခြင်း
ပစ်မှတ်ထားခံရသူအား သူတို့၏ကိုယ်ပိုင်ကွဲပြားခြားနားမှု (သို့) ပုဂ္ဂိုလ်ရေးဆိုင်ရာ အကျင့်လက္ခဏာများအပေါ် နှုတ်ဖြင့်ပြောဆို၍ဖြစ် စေ (သို့) စာဖြင့်ရေး၍ဖြစ်စေ စကားလုံးများအသုံးပြု၍ထိခိုက်စေခြင်း။


KEYCONCEPTICON - Cyberbullying
အင်တာနက်မှတဆင့် အနိုင်ကျင့်ခြင်း
ပစ်မှတ်ထားခံရသူအား (အီလက်ထရောနစ်စက်ပစ္စည်းများမှတဆင့်) စာပို့ခြင်း၊ အမြန်စာတိုပို့ခြင်း (သို့) ဆိုရှယ်မီဒီယာကွန်ရက်များ ကဲ့သို့ အမျိုးမျိုးသောဒစ်ဂျစ်တယ်နည်းပညာများကို အသုံးပြု၍ အန္တရာယ်ပြုခြင်း (သို့) မသက်မသာဖြစ်စေခြင်း။
KEYCONCEPTICON - Relational bullying
ဆက်ဆံရေးဆိုင်ရာ အနိုင်ကျင့်ခြင်း
ပစ်မှားထားခံရသူ၏ သက်တူရွယ်တူဆက်ဆံရေးများ (သို့) လူမှုအဆင့်အတန်းများကိုထိခိုက်စေရန် (သို့) ပျက်ပြားစေရန် ရည်ရွယ်၍ ကြိုးကိုင်ချယ်လှယ်သော နည်းလမ်းများကိုအသုံးပြုခြင်း။

၁၀.၁ အနိုင်ကျင့်ခြင်းဆိုသည်မှာအဘယ်နည်း။

ဤသင်ခန်းစာကို စတင်ဖို့ရာ၊ အနိုင်ကျင့်ခြင်းရဲ့ သဘောတရားဆိုင်ရာ အဓိပ္ပါယ်ဖွင့်ဆိုချက်နဲ့  ၎င်းရဲ့ အဓိကအင်္ဂါရပ်သုံးခုဖြစ်တဲ့ - မညီမျှသောအခွင့်အာဏာသက်ရောက်မှု၊ ထိခိုက်နစ်နာစေလိုသောရည်ရွယ်ချက် နှင့်ထပ်ခါတလဲလဲဖြစ်စဥ်များကို ဖော်ပြထားတဲ့ ဗီဒီယိုကို ကြည့်ပါမယ်။ ဒီအင်္ဂါရပ်တွေဟာ စာသင်ကျောင်းပတ်ဝန်းကျင်မှာ အနိုင်ကျင့်ခြင်းတွေကို ခွဲခြားဖော်ထုတ်ဖို့ ကိုင်တွယ်ဖြေရှင်းဖို့ အတွက် အလွန်အရေးကြီးပါတယ်။

ပြန်လည်လေ့လာခြင်းနှင့် ပြန်လည်သုံးသပ်ခြင်း - ဉာဏ်စမ်းချိန်

အနိုင်ကျင့်ခြင်းရဲ့ သဘောတရားဆိုင်ရာ အဓိပ္ပါယ်ဖွင့်ဆိုရှင်းပြထားတဲ့ ဗီဒီယိုကို ကောင်းမွန်စွာ ကြည့်ပြီးပြီမို့ အရမ်းကောင်းပြီ ဒီခေါင်းစဉ်နဲ့ ပတ်သက်ပြီး သင်တို့ပိုမိုနားလည်နိုင်ဖို့ရန်၊ အခု အတိုကောက် ဉာဏ်စမ်းတစ်ခုကို ဖြေဆိုရပါမယ်။ ဒီဉာဏ်စမ်းက အနိုင်ကျင့်ခြင်းရဲ့ အဓိက အင်္ဂါ ရပ်တွေနဲ့ ပတ်သက်ပြီး သင်တို့ရဲ့ သိရှိနားလည်မှုကို စမ်းသပ်မှာဖြစ်ပြီး ဒီသဘောတရားကို ကောင်းမွန်စွာနားလည်ကြောင်းသေချာစေဖို့ဖြစ်ပါ တယ်။ ကံကောင်းကြပါစေ၊ စလိုက်ကြရအောင်။

ဉာဏ်စမ်းမေးခွန်းတွေကို ပြီးမြောက်အောင်ဖြေဆိုသွားကြတဲ့အတွက် ဂုဏ်ယူပါတယ် ဒီဗီဒီယိုကို ကြည့်ခြင်းအားဖြင့် အနိုင်ကျင့်ခြင်းရဲ့ အဓိကသဘောတရားတွေကို ပြန်လည်သုံးသပ်ရာမှာ အထောက်အကူဖြစ်မယ်လို့ မျှော်လင့်ပါတယ်။ အနိုင်ကျင့်ခြင်းဟာ စာသင်ကျောင်းတွေမှာ အဖြစ်များပြီး  ပြင်းထန်တဲ့ပြဿနာဖြစ်ကြောင်းကို သတိရပါ။ ဒါ့ကြောင့်၊ အနိုင်ကျင့်ခြင်းရဲ့ အဓိကအင်္ဂါရပ်တွေကို ရှင်းရှင်းလင်းလင်း နားလည် သဘောပေါက်ဖို့ အရေးကြီးပါတယ်၊ဒါမှသာလျှင် အနိုင်ကျင့်ခြင်းအပြုအမူတွေကို  ခွဲခြားဖော်ထုတ်နိုင်မှာဖြစ်ပြီး ထိထိရောက်ရောက်ကိုင် တွယ်ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့်၊ ဒီအရေးကြီးတဲ့အဓိကအကြောင်းအရာတွေကို ပိုမိုသိရှိနားလည်ဖို့နဲ့ ကျွန်တော်/မတို့ရဲ့စာသင် ကျောင်းအဖွဲ့အစည်းတွေမှာ အနိုင်ကျင့်ခြင်းကို ကြိုတင်ကာကွယ်ဖို့နဲ့ကိုင်တွယ်ဖြေရှင်းဖို့အတွက် ကျွန်တော်/မတို့ရဲ့ စွမ်းဆောင်ရည်ကို ယုံကြည် မှုရှိရှိနဲ့တည်ဆောက်ကြပါစို့။ 


၁၀.၂ အနိုင်ကျင့်ခြင်းရဲ့ မတူညီကွဲပြားတဲ့ပုံစံတွေကဘာလဲ။

ခုနက ဗီဒီယိုမှာ အနိုင်ကျင့်ခြင်းရဲ့ သဘောတရားဆိုင်ရာ အဓိပ္ပါယ်ဖွင့်ဆိုချက်နဲ့ အဓိကအင်္ဂါရပ်သုံးခုကို ဆွေးနွေးခဲ့ကြပါတယ်။ အခုတော့၊ ဒီခေါင်းစဥ်ကို ပိုမိုနက်နက်ရှိုင်းရှိုင်းလေ့လာကြဖို့အတွက် အနိုင်ကျင့်ခြင်းရဲ့မတူညီတဲ့ ပုံစံလေးမျိုးကိုထပ်မံလေ့လာကြရအောင်။ အနိုင်ကျင့်ခြင်းရဲ့ မတူညီကွဲပြားသောပုံစံတွေကို သိရှိနားလည်သဘောပေါက်ခြင်းက ကျောင်းသား/သူအားလုံးအတွက် ဘေးကင်းလုံခြုံပြီး လေးစားမှုရှိတဲ့ စာသင်ကျောင်းပတ်ဝန်းကျင်ကို ဖန်တီးရာမှာ အရေးကြီးတဲ့ ခြေလှမ်းတစ်လှမ်းဖြစ်ပါတယ်။

အနိုင်ကျင့်ခြင်းရဲ့ မတူညီကွဲပြားတဲ့ပုံစံတွေကို ခွဲခြားမှတ်မိနိုင်ပါသလား။

လေ့ကျင့်ခန်းအသေးစားမှာ သင့်ကို ဇာတ်လမ်းဥပမာတစ်ခုပေးပါမယ်။ ပထမဦးဆုံး၊ ဒီမှာဖော်ပြထားတဲ့အပြုအမူထဲမှာ အနိုင်ကျင့်ခြင်းရဲ့ လက္ခဏာ ပါဝင်မှုရှိ/မရှိဆုံးဖြတ်ပါ။ အကယ်၍ပါဝင်မှုရှိတယ်ဆိုရင်၊ ဒီဇာတ်လမ်းဥပမာမှာ  သင်တွေ့မြင်ရတဲ့ အနိုင်ကျင့်ခြင်းရဲ့ အဓိကအင်္ဂါရပ်သုံးခုကို ခွဲခြားဖော်ထုတ်ပြီး ရှင်းပြပါ။ နောက်ဆုံးအဆင့်အနေနဲ့ ဘယ်လိုအနိုင်ကျင့်ခြင်း အမျိုးအစားလဲဆိုတာ အမည်တပ်ပြီး ဖြေပေးပါ။ သင်ရဲ့အဖြေကို စစ်ဆေးဖို့အတွက်၊ ပေးထားသည့် ဟော့စပေါ့ကို သင်ရဲ့ခန့်မှန်းချက်မှန်ကန်ခြင်းရှိ/မရှိ သိဖို့နှိပ်ပါ။ ဒီလေ့ကျင့်ခန်းက အနိုင်ကျင့်ခြင်းရဲ့ အဓိကအင်္ဂါရပ်တွေနဲ့  အနိုင်ကျင့်ခြင်းအမျိုးအစားလေးမျိုးအကြောင်း သင်သိရှိရတဲ့ ဗဟုသုတအသစ်ကို လက်တွေ့ အသုံးချနိုင်ဖို့ကူညီပေးပါလိမ့်မယ်။ ကံကောင်းပါစေ


ဒီလေ့ကျင့်ခန်း အသေးကို ပြီးမြောက်အောင် ကောင်းမွန်စွာလုပ်နိုင်ခဲ့ကြပါတယ် ဒီလေ့ကျင့်ခန်းကနေ သင်ရဲ့ ဗဟုသုတအသစ်ဖြစ်တဲ့ အနိုင်ကျင့်ခြင်းရဲ့ အဓိကအင်္ဂါရပ်များနဲ့ အနိုင်ကျင့်ခြင်းအမျိုးအစားလေးမျိုးကို လက်တွေ့အသုံးချရာမှာ အထောက်အကူဖြစ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ သင့်အတွက် ဒီလေ့ကျင့်ခန်းက လွယ်ပါသလား ဒါမှမဟုတ် ခက်ပါသလား။ အနိုင်ကျင့်ခြင်းရဲ့ အဓိကအင်္ဂါရပ်များ ဒါမှမဟုတ် အနိုင်ကျင့်ခြင်းအမျိုးအစားတွေကို ခွဲခြားဖော်ထုတ်ဖို့ ခက်ခဲခဲ့ပါသလား။ ဒီနေရာမှာ အဓိက ပေးချင်တဲ့မက်ဆေ့ချ်ကတော့ ဒီသဘော တရားတွေ ကို လက်တွေ့အခြေအနေတွေမှာ ကျင့်သုံးတတ်ဖို့အတွက် လေ့ကျင့်ဖို့ဖြစ်ပြီး၊ ဒါမှသာလျှင် သင်တို့ အနိုင်ကျင့်ခြင်းအပြုမှုတွေကို ကြုံတွေ့ရတဲ့ အခါခွဲခြားဖော်ထုတ်နိုင်ပြီးတော့ ကိုင်တွယ်ဖြေရှင်းနိုင်စေမှာဖြစ်ပါတယ်။


၁၀.၃ အနိုင်ကျင့်မှုအား ကြားဝင်ဖျန်ဖြေခြင်းအတွက် အခြေခံ အချက်များ

ယခုအထိ အနိုင်ကျင့်မှုရဲ့ သဘောတရားနှင့် ဖြစ်ပေါ်နိုင်တဲ့ ပုံစံအမျိုးမျိုးအကြောင်းကို လေ့လာခဲ့ပါတယ်။ အနိုင်ကျင့်မှုကို တားဆီးကာကွယ်ခြင်းက ကျောင်းကော်မတီအနေနဲ့ အချိန်တွေ၊ ကြိုးပမ်းမှုတွေ ရင်းနှီးလုပ်ဆောင်ရမယ့် ကနဦး ခြေလှမ်းတစ်ရပ် ဖြစ်ပါတယ်။ ပြီးတော့ အနိုင်ကျင့်မှု ဖြစ်ပွားခြင်းကနေ ကြိုတင်ကာကွယ်ဖို့ လုပ်ဆောင်နိုင်တဲ့အရာတွင် အများအပြားရှိပါတယ်။ ဥပမာ - အနိုင်ကျင့်တဲ့ ဖြစ်ရပ်အား မျက်မြင်တွေ့ရှိခဲ့သူတွေကို ကြားဝင်ဖျန်ဖြေဖို့ လှုံ့ဆော်အားပေးခြင်း၊ ကျောင်းတွင်း အနိုင်ကျင့်မှုများကို တိုင်ကြားရန်နှင့် အမှုများကို ကိုင်တွယ်ဖြေရှင်းရန် ရှင်းလင်းသော လုပ်ထုံးလုပ်နည်းများကို သတ်မှတ်ပြဌာန်းခြင်း၊ ကျောင်းသူ/ သားများနှင့် ဝန်ထမ်းများကို အနိုင်ကျင့်ခြင်းရဲ့ အကျိုးသက်ရောက်မှုအကြောင်း ပညာပေးခြင်း တို့ဖြစ်ပါတယ်။ ယခု မော်ဒျူးရဲ့ အဖွဲ့လိုက် လေ့လာမှုမှာ အနိုင်ကျင့်သူနှင့် အနိုင်ကျင့်ရန် ပစ်မှတ်ထားခံရသူတို့ကို ဘယ်လို ထိရောက်စွာ ဆက်ဆံပြောဆိုရမလဲ၊ ပံ့ပိုးကူညီရမလဲ စတဲ့ အနိုင်ကျင့်မှု ဖြစ်ရပ်အပေါ် တုံ့ပြန်ဆောင်ရွက်တဲ့နေရာမှာ ဆက်ဆံရမည့် ကဏ္ဍအပေါ် အသားပေးသွားပါမယ်။ 


အနိုင်ကျင့်ရန် ပစ်မှတ်ထားခံရသော ကလေးငယ်များကို ပံ့ပိုးကူညီခြင်း

ပထမဦးဆုံးအချက်မှာ အနိုင်ကျင့်ရန် ပစ်မှတ်ထားခံရတဲ့ ကလေးငယ်တွေကို ထိထိရောက်ရောက် ဘယ်လို ဆက်ဆံပြောဆိုမလဲ၊ ပံ့ပိုးကူညီမလဲဆိုဆဲ့ အခြေခံအချက်တွေကို အဓိကဆွေးနွေးသွားပါမယ်။ ဒီခေါင်းစဉ်အကြောင်း ထပ်ပြီး မလေ့လာခင် အနိုင်ကျင့်ရန် ပထမဦးဆုံးအနေနဲ့ ပစ်မှတ်ထားခံရတဲ့ ကလေးငယ်တွေကို ဆက်ဆံပြောဆိုဖို့၊ ပံ့ပိုးကူညီဖို့ ထိရောက်တဲ့ နည်းလမ်းတွေကို အလေးအနက်ထားပြီး စဉ်းစားပေးစေချင်ပါတယ်။ အောက်မှာ မေးမြန်းထားတဲ့ မေးခွန်းတွေမှာ အနိုင်ကျင့်ရန် ပစ်မှတ်ထားခံရတဲ့ ကလေးငယ်တွေနှင့် ဆက်ဆံပြောဆိုဖို့၊ ပံ့ပိုးကူညီဖို့ ထိရောက်တဲ့ နည်းလမ်းလို့ ယုံကြည်ရတဲ့ အဖြေတွေကို ရွေးချယ်ရမှာ ဖြစ်ပါတယ်။ တစ်ခုထက်ပိုပြီး ရွေးချယ်နိုင်ပါတယ်။


အခုဆိုရင် အနိုင်ကျင့်ရန် ပစ်မှတ်ထားခံရသော ကလေးငယ်ကို ပြောဆိုဆက်ဖို့၊ ပံ့ပိုးကူညီဖို့ ထိရောက်တဲ့ နည်းလမ်းတစ်ချို့ကို စဉ်းစားခဲ့ပြီး ဖြစ်ပါတယ်။ အနိုင်ကျင့်ရန် ပစ်မှတ်ထားခံရသော ကလေးငယ်ကို ပံ့ပိုးကူညီဖို့ အခြေခံအချက်တွေ ဆွေးနွေးမယ့် ဗီဒီရို အတိုလေးကို ကြည့်ရပါမယ်။ ယခု ဗီဒီရိုက အဆိုပါ ကလေးငယ်တွေကို ဘေးကင်းလုံခြုံပြီး လေးစားတဲ့ ပုံစံမျိုးနဲ့ ဘယ်လို ထိထိရောက်ရောက် ပံ့ပိုးကူညီရမလဲ၊ ဆက်ဆံပြောဆိုရမလဲဆိုတာ ပိုပြီး ပြပသွားမှာ ဖြစ်ပါတယ်။


အနိုင်ကျင့်သူကို ပံ့ပိုးကူညီခြင်း

အခုဆိုရင် အနိုင်ကျင့်ရန် ပစ်မှတ်ထားခံရတဲ့ ကလေးငယ်တွေကို ပံ့ပိုးကူညီဖို့ ထိရောက်တဲ့ နည်းလမ်းတစ်ချို့ကို ဆွေးနွေးခဲ့ပြီး ဖြစ်ပါတယ်။ ဒါဆို အနိုင်ကျင့်သူတွေကို ပံ့ပိုးကူညီရမယ့်အပိုင်း လေ့လာရအောင်။ ဒီခေါင်းစဉ်အကြောင်း ထပ်ပြီး မလေ့လာခင် အနိုင်ကျင့်သူနှင့် ဆက်ဆံပြောဆိုဖို့၊ ပံ့ပိုးကူညီဖို့ ထိရောက်တဲ့ နည်းလမ်းတွေကို အလေးအနက်ထားပြီး စဉ်းစားပေးစေချင်ပါတယ်။ အောက်မှာ မေးမြန်းထားတဲ့ မေးခွန်းတွေမှာ အနိုင်ကျင့်သူနှင့် ဆက်ဆံပြောဆိုဖို့၊ ပံ့ပိုးကူညီဖို့ ထိရောက်တဲ့ နည်းလမ်းလို့ ယုံကြည်ရတဲ့ အဖြေတွေကို ရွေးချယ်ရမှာ ဖြစ်ပါတယ်။ တစ်ခုထက်ပိုပြီး ရွေးချယ်နိုင်ပါတယ်။


အခုဆိုရင် အနိုင်ကျင့်ရန် ပစ်မှတ်ထားခံရတဲ့ ကလေးငယ်တွေကို ပံ့ပိုးကူညီဖို့ ထိရောက်တဲ့ နည်းလမ်းတစ်ချို့ကို ဆွေးနွေးခဲ့ပြီး ဖြစ်ပါတယ်။ ဒါဆို အနိုင်ကျင့်သူတွေကို ဘယ်လို ထိရောက်စွာ ပံ့ပိုးကူညီနိုင်မလဲဆိုတဲ့ အပိုင်းကို လေ့လာရအောင်။ အနိုင်ကျင့်ရန် ပစ်မှတ်ထားခံရတဲ့ ကလေးငယ်တွေကို ပံ့ပိုးကူညီသလိုပါပဲ အနိုင်ကျင့်သူတွေကို သူတို့ရဲ့ အပြုအမှုကြောင့် အကျိုးသက်ရောက်မှုအပေါ် နားလည်သဘောပေါက်ဖို့နှင့် အပြုသဘောဆောင်တဲ့ ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာဖို့ ထိရောက်တဲ့ ဆက်ဆံပြောဆိုခြင်းနှင့် ပံ့ပိုးကူညီခြင်းက အရေးကြီးပါတယ်။ အခု ကြည့်ရှုမယ့် ဗီဒီရိုမှာဆိုရင် အနိုင်ကျင့်သူတွေကို ဖော်ထုတ်ပြီး ပံ့ပိုးကူညီဖို့ တစ်ချို့ အခြေခံအချက်တွေကို လေ့လာရမှာ ဖြစ်ပါတယ်။


၁၀.၄ အတူတကွ လေ့လာသင်ယူခြင်း - အနိုင်ကျင့်မှုအား ကြားဝင်ဖျန်ဖြေခြင်းအတွက် အခြေခံ အချက်များ

အခုဆိုရင် အနိုင်ကျင့်သူတွေကို ဖော်ထုတ်ပြီး ပံ့ပိုးကူညီဖို့ ထိရောက်တဲ့ နည်းလမ်းတစ်ချို့ကို ဆွေးနွေးခဲ့ပြီး ဖြစ်ပါတယ်။ ဒီအချက်တွေကို လက်တွေ့မှာ ဆောင်ရွက်ဖို့ အချိန်ဖြစ်ပါပြီ။ နောက်သင်ခန်းစာမှာဆိုရင် တက်ရောက်သင်ယူသူတွေက သူတို့ စာသင်ခန်းမှာ ကြုံတွေ့ခဲ့ရတဲ့ ဖြစ်ရပ်အမှန်တွေကို အဖွဲ့ငယ်များအနေနဲ့ ဆွေးနွေးရမယ့် သရုပ်ဖော် လှုပ်ရှားမှု (role-play activity) နည်းပြလမ်းညွှန် (facilitate) ရမှာ ဖြစ်ပါတယ်။ ဒီ လေ့ကျင့်ခန်းကနေတဆင့် ယခင် သင်ခန်းစာမှ အဆင့်များကို ဘယ်လို အကောင်အထည်ဖော်ဆောင်ရွက်မလဲဆိုတဲ့ အစီအစဉ် ရေးဆွဲဖို့ လိုအပ်ပြီး သရုပ်ဖော် တင်ဆက်သွားရမှာ ဖြစ်ပါတယ်။ ဒီ သင်ခန်းစာရဲ့ ရည်ရွယ်ချက်ကတော့ အနိုင်ကျင့်မှုကို ဖော်ထုတ်ဖြေရှင်းတဲ့နေရာမှာ ပါဝင်တဲ့ အဆင့်တွေအကြောင်းနှင့် တကယ့် လက်တွေ့ဘဝမှာ ဘယ်လို အသုံးချရမလဲဆိုတဲ့အကြောင်း ပိုပြီး နားလည်သိရှိသွားဖို့ ရည်ရွယ်ထားပါတယ်။


အနိုင်ကျင့်မှုအား ကြားဝင်ဖျန်ဖြေခြင်းအတွက် အခြေခံ အချက်များ

သင်တန်းနည်းပြ (facilitator) တစ်ဦးအနေနဲ့ တက်ရောက်သင်ယူသူတွေကို သရုပ်ဖော်လှုပ်ရှားမှာ လမ်းညွှန်ရမယ့် ကဏ္ဍဖြစ်ပြီး အရင် သင်ခန်းစာက အခြေခံအဆင့်တွေကို အသုံးချဖို့ ၊ မေးခွန်းတွေကို ဖြေဆိုဖို့၊ လေ့ကျင့်ခန်းက လမ်းကြောင်းမှာ ရှိနေဖို့ ကူညီရမှာ ဖြစ်ပါတယ်။ တက်ရောက်သင်ယူသူတွေ အနိုင်ကျင့်မှုအကြောင်း ဖော်ထုတ်ဖြေရှင်းတဲ့ အနေရာမှာ နည်းလမ်းအမျိုးမျိုးကို စမ်းသပ်ဖို့၊ မျှဝေဖို့ သက်တောင့်သက်သာရှိအောင် လုံခြုံပြီး ပံ့ပိုးကူညီပေးတဲ့ ပတ်ဝန်းကျင်တစ်ရပ် ဖန်တီးပေးဖို့ အရေးကြီးပါတယ်။ တစ်ယောက်ချင်းစီက တက်ကြွစွာ ပူးပေါင်းပါဝင်ဖို့ အားပေးရမှာ ဖြစ်ပြီး သူတို့ ပြောဆိုဆွေးနွေးတဲ့ အချက်အားလုံး လက်ခံကြားသိကြောင်း သေချာအောင် ဆောင်ရွက်ရပါမယ်။ လေ့ကျင့်ခန်းပြီးဆုံးတဲ့အချိန်မှာ တက်ရောက်သင်ယူသူတွေရဲ့ အတွေ့အကြုံတွေ ပြန်လည်သုံးသပ်နိုင်ဖို့၊ လေ့လာတွေ့ရှိမှုတွေကို မျှဝေနိုင်ဖို့၊ သူတို့ ကြုံတွေ့ခဲ့ရတဲ့ စိန်ခေါ်မှုတွေကို ဆွေးနွေးနိုင်ဖို့ အကျဉ်းချုပ် ဆွေးနွေးခြင်းကို လုပ်ဆောင်ရပါမယ်။ နောက်ဆုံးအဆင့်မှာ တက်ရောက်သင်ယူသူတွေကို သူတို့ရဲ့ စာသင်ခန်းမှာ ကျောင်းသူ/ သားများအားလုံးတွက် ဘေးကင်းလုံခြုံပြီး လေးစားမှုရှိတဲ့ ပညာရေး ရပ်ဝန်းတစ်ရပ် ဖန်တီးဖို့ အဆိုပါ အဆင့်တွေကို အမြဲတစေ အကောင်အထည်ဖော် ဆောင်ရွက်ဖို့ အရေးကြီးကြောင်း ပြန်လည် အသိပေးရမှာ ဖြစ်ပါတယ်။

အကြံပြုထားသော နည်းလမ်း
အဖွဲ့လိုက်ဆွေးနွေးခြင်းများ

၁။ တက်ရောက်သင်ယူသူများကို (၅) ယောက်ပါဝင်သော အဖွဲ့လိုက် ခွဲလိုက်ပါ။ သူတို့ သင်ကြားရတဲ့ ကလေး အသက်အရွယ်အလိုက် အုပ်စုဖွဲ့ရန် အကြံပြုလိုပါတယ်။ 


၂။ သင်၏ တက်ရောက်သင်ယူသူများကို သူတို့ ကျောင်းသူ/ သားကြား ကြုံတွေ့ခဲ့ရတဲ့ အနိုင်ကျင့်တဲ့ ဖြစ်ရပ်ကို ဖော်ပြဖို့ အားပေးခြင်းဖြင့် ဇာတ်လမ်း ဥပမာဖန်တီးစေပါ။ သူတို့အနေနဲ့ ဥပမာတစ်ခု မပေးအပ်နိုင်ပါက သင်တန်းနည်းပြသည် ဇာတ်လမ်း ဥပမာတစ်ခုကို အကြံပြုနိုင်ပါတယ်။


၃။ သင်၏ တက်ရောက်သင်ယူသူများကို ဘယ်သူက ကလေးငယ်နေရာ (အနိုင်ကျင့်သူ (သို့) ပစ်မှတ်ထားခံရသူ)၊ ဆရာ/ မနေရာမှာ သရုပ်ဆောင်မည်ဖြစ်ကြောင်း ဆုံးဖြတ်ခြင်းဖြင့် သူတို့ရဲ့ သရုပ်ဖော် တင်ဆက်မှုအတွက် အစီအစဉ်ရေးဆွဲဖို့ ညွှန်ကြားချက်များ ပေးအပ်ပါ။


၄။ ဦးနှောက် မုန်တိုင်းဆင်ခြင်း (brainstorming) အစီအစဉ်ကို နည်းပြပြီး တက်ရောက်သင်ယူသူများကို အနိုင်ကျင့်သူနှင့် အနိုင်ကျင့်ခံရသော ကလေးငယ်များကို ဖော်ထုတ်ဖြေရှင်းတဲ့နေရာမှာ သူတို့ ပြောဆိုနိုင်သော၊ လုပ်ဆောင်နိုင်သော လက်တွေ့ကျတဲ့ ဥပမာများ စဉ်းစားဖော်ထုတ်ရန် အားပေးပါ။ သင်တန်းနည်းပြ (သို့) မှတ်တမ်းရေးသူ (note taker) သည် တက်ရောက်သင်ယူသူတွေကို သရုပ်ဖော်တင်ဆက်မယ့် အစီအစဉ် ကျစ်လစ်ခိုင်မာစေဖို့ သူတို့ရဲ့ အကြံဉာဏ်တွေကို ရေးမှတ်ရန် ကူညီသင့်ပါတယ်။ 


၅။ အားလုံးနှင့်ပြန်မဆုံခြင် သင်ရဲ့ တက်ရောက်သင်ယူသူတွေကို သူတို့ရဲ့ သရုပ်ဖော်တင်ဆက်မှုကို သူတို့ စဉ်းစားထားထားတဲ့အတိုင်း အစမ်းလုပ်ဆောင်ရန် ဖိတ်ခေါ်ရပါမယ်။ 

သရုပ်ဖော် တင်ဆက်မှု

၁။ တက်ရောက်သင်ယူသူအားလုံးကို ပြန်လည် ခေါ်ယူပြီး အနိုင်ကျင့်ခြင်းတွင် ပါဝင်သော ကလေးငယ်များကို ဖော်ထုတ်ဖြေရှင်းရာတွင် ထိရောက်သော နည်းလမ်းများကို အကောင်အထည်ဖော် ဆောင်ရွက်ဖို့ လေ့ကျင့်ရန်ယခု လေ့ကျင့်ခန်းရဲ့ ရည်ရွယ်ချက်အကြောင်း ပြန်လည်အသိပေးပါ။

၂။ အဖွဲ့တစ်ဖွဲ့ကို ဖိတ်ခေါ်ပြီး သူတို့ရဲ့ သရုပ်ဖော်တင်ဆက်မှုကို ပြုလုပ်စေပါ။ ထို့နောက် အခြား တက်ရောက်သင်ယူတွေကနေ အပြုသဘောဆောင်သော မှတ်ချက်များ ရယူရန် ဆောင်ရွက်ပါ။ အောက်ပါအချက်များကို မေးမြန်းနိုင်ပါတယ် - 

● ဒီအဖွဲ့က အနိုင်ကျင့်တဲ့ အခြေအနေကို ဖော်ထုတ်ဖြေရှင်းဖို့ ဘယ်အရာတွေကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်ခဲ့ပါသလဲ။

● သူတို့ ချဉ်းကပ်မှုကို တိုးတက်ကောင်းမွန်ဖို့ ဘယ်လို အကြံပြုချက်တွေ ပေးအပ်လိုပါသလဲ။


၃။ အဖွဲ့ အားလုံး လုပ်ဆောင်ပြီး မှတ်ချက်များ ရယူပြီးချိန်အထိ ပထမ အဆင့် (၂) ဆင့်ကို ထပ်ခါတလဲလဲ လုပ်ဆောင်ရပါမယ်။


အဖွဲ့လိုက် အကျဉ်းချုပ် ဆွေးနွေးခြင်း

၁။ တက်ရောက်သင်ယူသူတွေရဲ့ အတွေ့အကြုံတွေ ပြန်လည်သုံးသပ်နိုင်ဖို့၊ လေ့လာတွေ့ရှိမှုတွေ မျှဝေနိုင်ဖို့၊ သူတို့ ကြုံတွေ့ခဲ့ရတဲ့ စိန်ခေါ်မှုတွေကို ဆွေးနွေးနိုင်ဖို့ အကျဉ်းချုပ် ဆွေးနွေးခြင်းကို လုပ်ဆောင်ရပါမယ်။ အောက်ပါအချက်များကို မေးမြန်းနိုင်ပါတယ် - 

● ဒီ လေ့ကျင့်ခန်းကနေ ဘာတွေ သင်ယူရရှိခဲ့ပါသလဲ။

● အဆိုပါ အချက်တွေကို အသုံးချဖို့ ဘာတွေက ခက်ခဲခဲ့ပါသလဲ (သို့) လွယ်ကူခဲ့ပါသလဲ။ 

● သရုပ်ဖော်တင်ဆက်မှုက စာသင်ခန်းမှာ အနိုင်ကျင့်မှုကို ဘယ်လို ဖော်ထုတ်ဖြေရှင်းနိုင်လဲဆိုတဲ့ သင်ရဲ့ အမြင်တွေ ပြောင်းလဲခဲ့ပါသလား။ ● လက်တွေ့မှာ ဒီအဆင့်တွေကို အသုံးချဖို့ လွယ်ကူမယ်လို့ ယူဆပါသလား။ (သို့) ခက်ခဲမယ်လို့ ယူဆပါသလား။

ဒီလေ့ကျင့်ခန်းမှာ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်နိုင်လို့ တော်ပါတယ်။ ဒီအခြေခံအဆင့်တွေက ကနဦးအချက်အနေနဲ့ ပံ့ပိုးနေတဲ့အချိန်မှာ အခြေအနေ တစ်ရပ်ချင်းစီက ထူးခြားနိုင်ပြီး မတူညီတဲ့ ချည်းကပ်မှုအမျိုးမျိုး လိုအပ်နိုင်တယ်ဆိုတာ သတိချပ်ဖို့ အရေးကြီးပါတယ်။ ဒါကြောင့် ကျောင်းသူ/ သားတွေကို အကောင်းဆုံး ပံ့ပိုးကူညီပေးနိုင်ဖို့ အမြဲတမ်း လေ့လာပြီး လိုက်လျောညီထွေဖြစ်ဖို့ အရေးကြီးပါတယ်။


သင်တန်းအပြီးတွင် …

သင်တန်းသားများ၏ အမြင်များကို ဂရုစိုက်မှုရှိကြောင်း ပြသပါ။

ခေါင်းစဉ်နှင့်ပါတ်သက်၍ သင့်သင်တန်းသားများ၏ အမြင်များ နှင့် သင်တန်းသည် တန်ဖိုးရှိပြီး အနာဂါတ် သင်တန်းမော်ဒျူး များကို မည်သို့ပို့ ချရ မလဲဆိုတာကို သတင်းအချက်အလက်ပေးနိုင်သည်။

နှုတ်အားဖြင့် ဝေဖန်အကြံပြုထားသော တုံ့ပြန်ဖြေကြားချက်များကို စုစည်းခြင်းအားဖြင့် သင်တန်းဆက်ရှင်ကို အဆုံးသတ်ပါ။

 ● သင်တန်းချိန်မှာ ယခင်က မသိခဲ့သော မည်သည့်အရာများကို သင်ယူခဲ့ရပါလဲ။ 
 ● ဤခေါင်းစဉ်သည် ကျောင်းသားများနှင့် အလုပ်လုပ်ရာတွင် ဆရာများအတွက် မည်သို့အသုံးဝင်မည်ဟု ထင်ပါသနည်း။
 ● သင်တန်းမှ ၎င်းတို့ ယူဆောင်သွားနိုင်သော အဖိုးတန်ဆုံး မှတ်သားဖွယ်အချက်က ဘာလဲ။

ပိုမို နည်းစနစ်တကျ စောင့်ကြည့်လေ့လာခြင်း နှင့် သုံးသပ်ခြင်းများလုပ်ဆောင်ရန် သင်တန်းအပြီး စစ်ဆေးခြင်းအဖြေလွှာ နှင့် သင်တန်း သုံးသပ် ချက်ဖောင်များအပေါ် သင်တန်းသားများ၏ တုံ့ပြန်မှုများကို ကောက်ခံရန် အသေအချာ လုပ်ဆောင်ပါ။

ယခင်မော်ဒျူး
ရှေ့မော်ဒျူး